Quantcast
Channel: လူဗိုလ်ဟူသည် ...
Viewing all 1608 articles
Browse latest View live

မြင်းထိန်းနှင့် ၀န်မင်း

$
0
0

လက်ဝဲရေကြောင်းဗိုလ်မင်းအိမ်က မြင်းတွေကို ထိန်းပေးနေရတဲ့ ငတာဆိုသူတစ်ယောက်ရှိတယ်။ ကျွန်တော့် ငတာမဟုတ်ဘူး။ မင်းတုန်းမင်းခေတ်က ငတာကိုပြောတာ။ကျွန်တော့် ငတာက အရူးငတာ။ အဲဒီ ငတာက မြင်းထိန်းငတာ။
မြင်းထိန်းငတာက အလှူတွေ၊ မင်္ဂလာဆောင်တွေရောက်ရင် ရွှေပြည်ဝန်ကြီး (ယောအတွင်းဝန် ဦးဘိုးလှိုင်) ရေးတဲ့ ကျမ်းကြီးတွေ ဘယ်လောက်ကောင်းတယ်ဆိုတာ အာပေါင်အာရင်းသန်သန်နဲ့ လိုက်ပြောနေတော့ တာပဲ။ ၀ိမုတ္တိကျမ်းက ဘာဖြစ်တယ်။ ဥတုဘောဇနကျမ်းက ဘာဖြစ်တယ်ဆိုပြီးတော့ ပြောနေတော့ ဘေး လူတွေ နည်းနည်းအမြင်ကပ်လာတယ်။
မြင်းထိန်းတဲ့ကောင်က စကားကြီးစကားကျယ် ကျမ်းရိုး ကျမ်းကိုးတွေနဲ့ ပြောနေတာကို ရွှေပြည်ဝန်ကြီးအိမ်မှာ တာဝန်ထမ်းနေတဲ့ စာရေးတစ်ယောက်က နေရာတိုင်းကြားနေရတော့ ၀န်ကြီးကို ပြန်လျှောက်တယ်။

"ငတာတစ်ယောက် ၀န်မင်းရဲ့ ကျမ်းတွေ ဘယ်လောက်ကောင်းကြောင်း၊ ၀န်မင်း ဘယ်လောက်တော် ကြောင်း လျှောက်ပြောနေပါတယ်ဘုရား"ပေါ့။ ဒီတော့ ၀န်မင်းကလည်း "ဟဲ့ .. ဘယ်ကငတာလဲ"လို့မေးလိုက်တယ်။
"မြင်းထိန်းငတာပါ"လို့ စာရေးကလျှောက်တော့ ၀န်မင်းက "ကိုယ်ကျိုးတွေနည်းကုန်ပြီ"လို့ ညည်းရင်း
"ဟဲ့ .. ဟဲ့ အဲဒီ ငတာဆိုတဲ့ကောင်ကို မြန်မြန် သွားခေါ်ခဲ့စမ်း"လို့ မိန့်လိုက်တယ်။
မြင်းထိန်းငတာ ၀န်မင်းရှေ့ရောက်တော့ "ဟဲ့ မောင်မင်းက ငါရေးတဲ့ ကျမ်းတွေကို ကောင်းကြောင်းတွေ လျှောက်ပြောနေတယ်ဆို"လို့မေးလိုက်တယ်။ မြင်းထိန်းငတာကလည်း ၀မ်းသာအားရ "မှန်လှပါဘုရား"ပေါ့။
"မောင်မင်း ဘယ်ကျမ်းတွေအကြောင်း လျှောက်ပြောနေတာလဲ"
"ကျွန်တော်မျိုး ၀ိမုတ္တိရသကျမ်း၊ ကာယာနုပဿာနာကျမ်း၊ ဥတုဘောဇနကျမ်းတွေ အားလုံးအကြောင်းတွေ ပြောပါတယ်ဘုရား"လို့ ၀မ်းသာအားရလျှောက်တယ်။ ၀န်မင်းက
"မောင်မင်း အဲဒီကျမ်းတွေ အားလုံး ဖတ်ဖူးသလားဟဲ့"လို့ မေးလိုက်တော့
"ကျွန်တော်မျိုး အဲဒီကျမ်းတွေကို မြင်လည်း မမြင်ဘူး၊ ဖတ်လည်း မဖတ်ဘူးကြောင်းပါ။ သူများပြောသံကြားရ၍ လိုက်ပြောနေခြင်းသာဖြစ်ပါတယ်ဘုရား"လို့ပြန်ဖြေတယ်။ ဒါနဲ့ ရွှေပြည်ဝန်ကြီးလည်း မြင်းထိန်းငတာကို
"ငတာရယ် .. ရော့ရော့ ဒင်္ဂါး ၁၆ ပြားယူချေ။ အဲဒီငွေနဲ့ ပုဆိုးဝယ်ဝတ်ကွဲ့။ နောက်ဆို ငါ့ကျမ်းတွေ ကောင်းကြောင်း လျှောက်မပြောလေနဲ့"လို့ပြောပြီး ဒေါင်းဒင်္ဂါး ၁၆ ပြားပေးလိုက်တယ်။
ငတာက နားမလည်ဘဲ "ဘာကြောင့်ပါလဲဘုရား"လို့ ပြန်မေးတယ်။ ဒီတော့ ရွှေပြည်ဝန်က
"ငတာရယ် နင်က စာမှ မတတ်တာ။ စာမတတ်တဲ့ကောင်က ချီးမွမ်းနေရင် ငါဘာဖြစ်သွားမလဲ။ နင့်လို ကောင်မျိုးက ချီးမွမ်းနေတာ ငါ့ကို သတ်သလိုပဲ။ နောက်ဘယ်တော့မှ မပြောလေနဲ့၊ ခွေးမသားကောင်"ဆိုပြီး ဆဲလွှတ်လိုက်တယ်။
ငတာကို ၀န်မင်းကခေါ်တွေ့တယ်ဆိုတော့ အပေါင်းအသင်းတွေက မေးတာပေါ့။ ဘာဖြစ်လို့လဲဆိုပြီးတော့။ မြင်းထိန်းငတာလည်း
"၀န်မင်းက ဒေါင်းဒင်္ဂါး ၁၆ ပြားနဲ့ နှုတ်ပိတ်လိုက်သကွဲ့၊ ပြောလို့မဖြစ်ပေဘူး"လို့ဆိုလိုက်တယ်။
ကဲ .. ဗိုလ်ပြုတ်တို့ရေ မြင်းထိန်းငတာတွေ ခင်ဗျားတို့ စာအုပ်တွေကောင်းကြောင်း လော်ဘီ လုပ်ပြီး လျှောက်ပြောနေတာကို ဒီခေတ် တစ်သောင်းတန် ဘယ်နှရွက် ခေါ်ပြီး ချီးမြှင့်ဖို့ စဉ်းစားထားကြသလဲ။ ခင်ဗျားတို့ကတော့ နှုတ်ပိတ်ခိုင်းမှာ မဟုတ်ပါဘူး။ ပိုက်ဆံပေးပြီး လျှောက်ပြောခိုင်းမှာ သေချာတယ်။ ဗိုလ်ပြုတ်တွေ ပိုက်ဆံပေးပြီးရေးခိုင်းတာ ကိုတောင် အမည်မခံဘဲ စာအုပ်ဖြစ်အောင် ရေးပေးနေတဲ့ ကောင်တွေ ရှိနေတာပဲ။
စာမတတ်တဲ့ကောင်တွေ ချီးကျူးတာကို ဗိုလ်ပြုတ်ကြည်နူးနေမှာ သေချာတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ရေးထားပါတယ်ဆိုတဲ့ စာအုပ်တွေကိုတောင် သူတို့ပြန်ဖတ်နိုင်တာမှ မဟုတ်တာပဲ။
၆.၇.၂၀၁၅

ဟာသစုဗူး (၆-၇)

$
0
0
"မနေ့ညက ငါ့အိမ်ကို သူခိုးဝင်ခိုးတယ် ။ ငါ့မိန်းမက သူခိုးကို ရိုက်လိုက်တာ သူခိုးခမျာ သတိတောင်လစ်သွားတယ် "ဟုကိုဟိန်းက မိတ်ဆွေဖြစ်သူကို ပြောပြနေသည် ။
"ဟော ဒါဆို မင်းမိန်းမက တော်တော် သတ္တိရှိတဲ့ မိန်းမပေါ့ "ဟု မိတ်ဆွေက ဆို၏ ။

"ငါ့မိန်းမက သတ္တိမရှိပါဘူးကွာ ။ အမှောင်ထဲမှာ ဆိုတော့ ငါအိမ်အပြန်နောက်ကျလို့ အိမ်ထဲကို တိတ်တိတ်လေး ၀င်လာတယ်ထင်ပြီး အားရပါးရ ထုနှက်ပစ်လိုက်တာပါကွာ ။ နောက်မှ ငါမဟုတ်ဘဲ သူခိုးဖြစ်နေမှန်း သိသွားတာ "ဟု ကိုဟိန်းက ဆိုလေသည် ။
Credit- Na Saw

အမူးသမား
အရက်မူးနေသည့် ယောင်္ကျားက အိပ်နေသည့် မိန်းမကို နှိုးးလိုက်သည်။
ယောကျာ်း။ “ မိန်းမ ထစမ်းပါအုံး။ ငါတို့အိမ်မှာ သရဲရှိတယ်ကွ။ ”
မိန်းမ။ “ဟုတ်လို့လား။ ရှင်ဘယ်လို သိလဲ။ ”
ယောင်္ကျား။“ဟုတ်တယ်ကွ။ ငါအခုနက အိမ်သာသွားတာ တံခါးဖွင့်ရုံပဲရှိသေးတယ် အိမ်သာတံခါးမီးက သူ့အလိုလို လင်းလာတယ်...။ ပြီးတော့ အထဲကနေ လေအေးတွေ ငါ့ကိုယ်ကို ဖြတ်တိုက်သွားတယ်။

မိန်းမ။ ဟုတ်လို့လား။ ဘယ်မှာလဲ ကျုပ်ကို လိုက်ပြအုံး။
ယောကျာ်းဖြစ်သူလိုက်ပြသည်ကို တွေ့သည့်အခါ မိန်းမက ပြောလိုက်သည်မှာ
“ဟင်..အဲ့ဒါ အိမ်သာမဟုတ်ဘူးရှင့်။ ရေခဲသေတ္တာ...။”
Credit- Min That Gyi
ပြတ်ဘူး
အိမ်ထောင်သည် အမျိုးသမီးနှစ်ယောက်သည် သူတို့၏ ခင်ပွန်းများ အရက်သောက်လွန်းသည့် ကိစ္စအတွက် တိုင်ပင်ဆွေးနွေးနေကြသည် ။
အမျိုးသမီး တစ်ယောက်က.......
"ဆရာဝန်က ငါ့ယောက်ျား အရက်ဖြတ်နိုင်မယ့် ဆေးမှုန့်တွေ ငါ့ကို ပေးတယ်အေ့ ။ အဲဒီ ဆေးမှုန့်ကို သူသောက်တဲ့ လက်ဖက်ရည်ခွက်ထဲမှာ ဖျော်ပြီး တိုက်တယ် "
ဒုတိယ အမျိုးသမီးက.............
"နင့်ယောက်ျား အရက်ပြတ်သွားပြီပေါ့ "
ပထမ အမျိုးသမီးက..............
"မပြတ်ပါဘူးဟယ် ။ ဒါပေမယ့် လက်ဖက်ရည်ကိုတော့ လုံးဝမသောက်တော့ဘူး "
Credit- Na Saw



ကိုကျော်အိမ်ပြန်ရောက်သည့် တစ်နေ့တွင် သူတို့အိမ်မှ အိမ်ဖော်သည် မှန်ရှေ့မှာကြာမြင့်စွာ ရပ်နေသည်ကို တွေ့လိုက်ရသည် ။ သူ့ဇနီးကလည်း အိမ်မှာမရှိ ။
"ဟဲ့ကောင်မလေး နင်က ဘာဖြစ်လို့ မှန်ကိုပဲ တစ်ချိန်လုံးကြည့်နေရတာလဲ "ဟု ကိုကျော်က အိမ်ဖော်ကောင်မလေးကို မေးသည် ။
ထိုအခါ ကောင်းမလေးက.....
"ဆရာ့ဇနီးက ဆရာအိမ်မှာရှိတဲ့နေ့ဆိုရင် ကျွန်မကိုယ်ကျွန်မ အမြဲစောင့်ကြည့်နေဖို့ မှာထားလို့ပါ "ဟု ပြန်ဖြေလေသည် ။
Credit- Na Saw

သစ်ထူးလွင် သတင်းစုစည်းမှု (၇-၇)

$
0
0

သစ်ထူးလွင်


Posted: 07 Jul 2015 07:22 AM PDT
ဒီမိုကရေစီပညာရေး သပိတ်လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ လွှတ်တော်တွင်း နေရာယူထားတဲ့ စစ်သားအမတ် ၂၅ ရာခိုင်နှုန်းကို အမြန်ဆုံး ဖယ်ရှားပေးဖို့ ကျောင်းသားတွေက ထပ်မံတောင်းဆို လိုက်ပါတယ်။ ဒီမိုကရေစီစနစ်ကျတဲ့ ပညာရေးကို ဦးတည်နိုင်ဖို့ ကျောင်းသားတွေရဲ့ အမှန်တကယ် လိုလားချက်တွေကို အလေးထားဖို့ ကျောင်းသားတွေက တောင်းဆိုလိုက်တာပါ။ တက္ကသိုလ်ကျောင်းသားတွေကို ပစ်ခတ်သ
Posted: 07 Jul 2015 07:15 AM PDT
 စီမံကိန်းရပ်စဲကြောင်းကြေညာခြင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ (အမိန့်ကြော်ငြာစာအမှတ်၊ ၆၆/၂၀၁၅) ၁၃၇၇ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၆ ရက် (၂၀၁၅ ခုနှစ် ၊ ဇူလိုင်လ ၇ ရက်) စီမံကိန်းရပ်စဲကြောင်းကြေညာခြင်း ၁။ ရန်ကုန်မြို့အား ခေတ်မီမြို့တော်အဖြစ် တည်ဆောက်ရာတွင် မြို့ပြစည် ပင်ဖွံ့ဖြိုးမှုလုပ်ငန်းများကို အထောက် အကူပြုရန် ရည်ရွယ်၍ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ဆက်လက်အ
Posted: 07 Jul 2015 06:32 AM PDT
 တရုတ်နိုင်ငံ စီချွမ်ပြည်နယ်၊ ဘီဖန်းဂျော့ခ်ျ အမျိုးသားဥယျာဉ်ရှိ ကျားဖြူလှောင်အိမ်တွင်းသို့ ကလေးငယ်တဦး လက်ထည့်မိရာ ကျားကိုက်ခံရသဖြင့် လက်မောင်းမှ ပြတ်ထွက်သွားခဲ့သည်။ ပြီးခဲ့သည့် စနေနေ့ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်တခုလုံးသည် စက္ကန့် ၃၀ ခန့်သာ ကြာခဲ့ပြီး ကျားကကိုက်လိုက်သဖြင့် လက်ပြတ်သွားသည့် ၂ နှစ်သားအရွယ် ကလေးငယ်၏ စူးနင့်စွာအော်ဟစ်သံကို ကြားရကြောင်း အနီးအပါးရှိ မျက်မြင်များက ပြောသည်။ တိရစ္ဆာန်
Posted: 07 Jul 2015 06:29 AM PDT
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကြီးရောက်ရင် လမ်းတွေကိုလျှောက်ကြည့်မယ်။ လေအေးပေးစက်တပ်ထားတဲ့ အရောင်းခန်းမကြီးတွေကို ၀င်ကြည့်မယ်ဆိုရင် နာမည်ကြီး ရိုးလက်စ်နာရီတွေ၊ DVD တွေ၊ Gucci လို အပျံစား ဖက်ရှင် အထည်ဆန်းတွေနဲ့ အခြားကုန်ပစ္စည်းတွေ အလျှံပယ်ခင်းကျင်းပြသရောင်းချနေတာ တွေ့ရမယ်။ ဒီနေရာကို ဈေးဝယ်တွေ၊ နိုင်ငံခြားသား တိုးရစ်တွေ ကြိတ်ကြိတ်တိုး လာပြီး ဈေးဝယ်ကြ၊ လျှောက်ကြည့်ကြနဲ့ ဆိုတော့ ဈေးရောင်းတဲ့သူတွေကလည်း
Posted: 07 Jul 2015 06:29 AM PDT
ရန်ကုန်တက္ကသိုလ်တွင် ပြုလုပ်သည့် ဇူလိုင်၇ရက် အခမ်းအနား အပြီးတွင် ပန်းပဲတန်းရဲစခန်းမှ တကသခေါင်းဆောင် ကိုဇေယျာ အပါအ၀င် ကျောင်းသား ခေါင်းဆောင်၃ဦးအား ထိန်းသိမ်းခေါ်ဆောင် သွားကြောင်း ကျောင်းသား သမဂ္ဂများထံမှ သိရသည်။ ဇူလိုင် ၇ရက်နေ့တွင် ကျရောက်သည့် ၅၃ကြိမ်မြောက်ကျောင်းသား သမဂ္ဂဖြိုခွဲခံရသည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် တက္က သိုလ်ကျောင်းသားသမဂ္ဂများမှ ဦးဆောင်းပြုလုပ်ပြီးအခမ်း အနားအပြီးတွင် ယခုကဲ့
Posted: 07 Jul 2015 04:07 AM PDT
 အသက်ရာကျော်ရှည်တဲ့ ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသား ဂျပန်အဖိုးအို Sakari Momoi အသက် ၁၁၂ နှစ်ဟာ တနင်္ဂနွေနေ့က ဂျပန်နိုင်ငံမှာ သေဆုံးသွားခဲ့ပါတယ်။ သားသမီး ၅ ယောက်ရဲ့ ဖခင်ဖြစ်သူ အထက်တန်း ကျောင်းဆရာဟောင်း မစ္စတာ Momoi ဟာ ကျောက်ကပ်ရောဂါနဲ့ စောင့်ရှောက်ရေးဂေဟာမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သူ့ကို အသက်အကြီးဆုံး အမျိုးသားကြီးအဖြစ် ပြီးခဲ့တဲ့ သြဂုတ်လမှာ Guinness World Records က ချီးမြှင့်လွာ ပေးအပ်ခဲ့ပါတယ်။
Posted: 07 Jul 2015 03:48 AM PDT
အိန္ဒိယနိုင်​ငံအလယ်​ပိုင်း Madhya Pradesh ၌ စာ​မေးပွဲတွင်​ အကြီးစားစာခိုးချမှု ဖြစ်​ပွားပြီး​နောက်​ ထိုအမှုတွင်​ ပါဝင်​ပက်​သက်​​နေသူ အ​ယောက်​၄၀ခန့်​ ထူးဆန်းစွာ ​သေဆုံးခဲ့သည်​။ အိန္ဒိယနိုင်​ငံမီဒီယာများ၏ တင်​ပြချက်​များအရ ထိုအမှုကိုတိတိတဆိတ်​စုံစမ်း​နေ​သောသတင်း​ထောက်​တစ်​ဦးလည်း ​ဒေသစံ​တော်​ချိန်​ ဇူလိုင်​လ ၄ရက်​​နေ့က လျှို့ဝှက်​ထူးဆန်းစွာ​ သေဆုံးခဲ့သည်​ ဟုသိရှိရသည်​။ အသက်​ ၃၈နှစ်​ရှိပြီဖြစ်
Posted: 07 Jul 2015 03:47 AM PDT
 ယနေ့မဲဆောက်မြို့ တော်ခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ။ ဇူလိုင် - ၇ - ၂၀၁၅  ရက်သတ္တတပတ်ရှိပြီးဖြစ်တဲ့ မြန်မာစစ်တပ်နဲ့(ဒီကေဘီအေ) တိုက်ပွဲကြောင့် လိုအပ်ပါက လူသားချင်းစာနာတဲ့ အကူအညီတွေပေးဘို့ ထိုင်းဘက်က ပြင်ဆင်ထားတဲ့အကြောင်း ဒီနေ့မနက် မဲဆောက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တာ့ခ်ခရိုင် လက်ထောက်ခရိုင်ဝန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ လက်ထောက်တာ့ခ်ခရိုင်ဝန် နိုင်စူထားစိုင်ဝါနစ်က
Posted: 07 Jul 2015 03:37 AM PDT
ဇူလိုင် ၆ရက်။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကောင်းမှုကျေးရွာအနီးရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)နှင့် အစိုးရ တပ်မတော်တို့ကြား ယနေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှက်ရှိသည်ဟု ဒီကေဘီအေမှ ကလိုထူးဝါးဗျူဟာ ထောက်လှမ်းရေးမှူး ဗိုလ်ကြီးစောသရီးထူးက ပြောသည်။ ၎င်းက “မနက် ၁၁နာရီလောက်က တခေါက်ဖြစ်တယ်။ မွန်းလွဲ ၂ ရီနာရီကစပြီး အခုထိ(၄နာရီခွဲ)ပစ်တုန်းပဲ။ ၄ နေရာကနေ ကျနော်တို့ကို ၀ိုင်းပစ်ကြတယ်။ မနက္ကေ
Posted: 07 Jul 2015 03:27 AM PDT
 ရန်ကုန်တက္ကသိုလ်ဝင်း အတွင်းမှာ ကျင်းပတဲ့ 7 July အောက်မေ့ဘွယ်အခမ်းအနား တက်ရောက်ခဲ့တဲ့ တကသခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇေယျာလွင်ကို အခမ်းအနား အပြီးအပြန် အင်းယားလမ်းက ရွှေရှမ်းကန်စားသောက်ဆိုင်ရှေ့မှာ ကားနှစ်စီးနဲ့ ပိတ်ပြီး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ကိုဇေယျာလွင်ကို ရန်ကုန်မြို့ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင် ဆန္ဒပြတာကို ဦးဆောင်ခဲ့တာကြောင့် ပန်းဘဲတန်းရဲစခန်းက ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဝရ
Posted: 07 Jul 2015 03:09 AM PDT
အမေရိကန် သမ္မတ ဘာရက် အိုဘားမား (Credit: Reuters)   IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ကို ​လွယ်လွယ်ကူကူနဲ့ ​တိုက်ဖျက်နိုင်မှာ ​မဟုတ်ဘူးလို့ ​အမေရိကန် ​သမ္မတ ​ဘာရက် ​အိုဘားမားက ​သတိပေးလိုက်ပါတယ်။ ဆီးရီးယားနဲ့ ​အီရတ်နိုင်ငံအတွင်းက ​စစ်သွေးကြွတွေကို ​ဝေဟင်ကနေ ​အကြိမ်ပေါင်း ​၅၀၀၀ ​ကျော် ​တိုက်ခိုက်လာပြီ ​ဖြစ်ပေမယ့် ​IS ​အဖွဲ့ဟာ ​အရင်အတိုင်းပဲ ​ရပ်တည်နိုင်ဆဲ ​ဖြစ်ပါတယ်။ တချို့နေရာမှာ ​IS ​က ​ရှုံးနိ
Posted: 07 Jul 2015 03:01 AM PDT
ဘရာဇီးနိုင်ငံမှာ ဗိုက်ခွဲပြီးကလေးမွေးသူ အရေအတွက် များလာတဲ့အတွက် လျှော့ချနိုင်ဖို့ရည်ရွယ်ပြီး စည်းမျဉ်းအသစ် ထုတ်လိုက်ပါတယ်။ ဘရာဇီးနိုင်ငံမှာ သားဖွားကြတဲ့ အမျိုးသမီးတွေအနက် ဗိုက်ခွဲမွေးကြသူတွေဟာ ပုဂ္ဂလိကဆေးရုံတွေမှာ ၈၅ ရာခိုင်နှုန်းရှိပြီး အစိုးရဆေးရုံတွေမှာ ၄၅ ရာခိုင်နှုန်း ရှိနေတာ ဖြစ်ပါတယ်။ အခု ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းတွေအရ ဗိုက်ခွဲမွေးရင်ဖြစ်တတ်တဲ့ အန္တရာယ်တွေကို ဆရာဝန်တွေက ကိုယ်ဝန်ဆောင်မိခ
Posted: 07 Jul 2015 02:57 AM PDT
ဇူလိုင်လ ၂ ရက်နေ့တွင် မြန်မာကျပ်ငွေသည် ၁ ဒေါ်လာလျှင် ၁၁၂၇ ဒသမ ၈၄ ကျပ်အထိ စံချိန်တင် မြင့်တက်ခဲ့သည်။ ယင်းသည် မြန်မာအစိုးရက ၂၀၁၂ ဧပြီလမှစ၍ နိုင်ငံခြားငွေ လဲလှယ်နူန်းကို နူန်းရှင်အဖြစ် ပြောင်းလဲ ကျင့်သုံးခဲ့ပြီး နောက်ပိုင်း အမြင့်ဆုံး တရားဝင် ငွေလဲနူန်းဖြစ်သည်။ အမေရိကန် က အတိုးနူန်းကို မြှင့်လိုက်မည်ဆိုပါက မြန်မာ့စီးပွားရေးစနစ်သည် မုန်းတိုင်းထန်၍ ပျက်ကပ်ဆိုက်သွား နိုင်ခြေ ရှိသည်။ လွန်ခဲ့သော၉ လအတွ
Posted: 07 Jul 2015 02:40 AM PDT
၂၀၁၅-ခုနှစ်၊ ဇူလိုင်လ (၇)နေ့၊ (၁၂း၁၅)နာရီတွင် အမရပူရမြို့နယ်၊ မန္တလေးမြို့အ၀င်လမ်း (ရန်ကုန်-မန္တလေးအမြန်လမ်း) မိုင် ၃၅၉/၅ နှင့် ၃၅၉/၆ အကြား အသွားလမ်းတွင် တံတားဦးလေဆိပ်မှ မန္တလေးသို့ မခိုင်ဇင်လင်း၊ ၁၈ နှစ်၊ (ယာဉ်မောင်းလိုင်စင်-စိစစ်ဆဲ)၊ဘ-ဦးကျော်လင်း၊ မောင်းနှင်လာသော ယာဉ်အမှတ် 7J/3808 Honda Fit (အနီရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဘက်ယာဘက်သို့ တိမ်းမှောက်ခဲ့သော မတော်တဆဖြစ်စဉ် ဖြစ်ပွားခဲ့ပါသ
Posted: 07 Jul 2015 02:25 AM PDT
ဆိုမာလီနဲ့ ကင်ညာနယ်စပ်၊ ကင်ညာစစ်စခန်းတစ်ခုအနီးမှာ ပစ်ခတ်မှုတခုကြောင့် အနည်းဆုံး ၁၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားခဲ့ပါတယ်။ သေဆုံးဒဏ်ရာရသူတွေဟာ ကင်ညာ အရှေ့မြောက်ဘက်ရှိ မန်ဒါရာ ဒေသတွင်းရှိ ကျောက်မိုင်း တခုက အလုပ်သမားတွေလို့ ယူဆရပါတယ်။ ညသန်းခေါင်လောက်မှာ ပေါက်ကွဲသံနှစ်ခုနဲ့ ပြင်းထန်တဲ့ သေနတ်သံတွေ ကြားရကြောင်း ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ ဆိုမာလီ ပြင်ပက အယ်လ်ရှာဘတ် စစ်ေ
Posted: 07 Jul 2015 02:23 AM PDT
 တရုတ်နိုင်ငံမှာ လူမှုကွန်ရက် သတင်းမီဒီယာတွေကို ပိုမို အသုံးပြုလာခြင်းက အိမ်ထောင် ကွာရှင်းပြတ်စဲမှုတွေ ပိုများလာစေတဲ့ အကြောင်းတစ်ခု ဖြစ်နိုင်တယ်လို့ တရုတ်နိုင်ငံက လာတဲ့သတင်းတွေက ဆိုပါတယ်။ အိမ်ထောင် စုံတွဲတွေဟာ ကိုယ့်ဇနီး ခင်ပွန်းနဲ့ မျက်နှာချင်းဆိုင် စကားပြောကြရမယ့် အစား အွန်လိုင်းပေါ်မှာ အကြာကြီး စကားတွေပြောရင်း အချိန်တွေ ကုန်နေကြတယ်လို့ စွပ်စွဲ ပြောကြတဲ့ ရှေ့နေတွေကို ကိုးကားပြီး သတင်းတွေကေ
Posted: 07 Jul 2015 02:00 AM PDT
မိုင်တိုင် ၈၄/၂ နှင့် ၃ ကြား ယာဉ်မတော်တဆမှု ဖြစ်ပွား (၇-၇-၂၀၁၅)ရက်နေ့ နံနက်(၀၁း၀၀)နာရီ အချိန်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၈၄/၂ နှင့် ၈၄/၃ ကြား (အသွားလမ်း)၌ ဦးရဲလင်းနောင် မောင်းနှင်လာသည့် ယာဉ်အမှတ် 2J/xxxx ရွှေပြည်တော် Express ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ အသွားလမ်းရှိ Road Curb တုံးများအား တိုက်မိပြီး လမ်းလယ်ကျွန်းရေမြောင်းကို ကျော်ကာ အပြန်လမ်းရှိ Road Curb တုံးများအား ထပ်မံ
Posted: 06 Jul 2015 08:05 PM PDT
 ထိုင်းနိုင်ငံရဲ့  နာမည်ကြီး သရုပ်ဆောင်လောကမှာ ထိတ်တန်း အနုပညာရှင်လို ပရိတ်သတ်တွေ ကြားမှာ အသိများတဲ့ သန်မို (ဖက်ချဒါ)ဟာ ဇူလိုင်၆ ရက်နေ့ ညနေပိုင်းမှာ အိပ်ဆေးတွေ သောက်ပြီး မိမိကိုယ်သတ်သေဖို့ ကြိုးစား ခဲ့လို့  အရေးပေါ်ဆေးရုံတင်ရတဲ့ သတင်းက အွန်လိုင်းသတင်းတွေမှာ ထိတ်ဆုံးကနေပါလာနေပါတယ်။ သူမချစ်နေတဲ့ အဆိုတော်မင်းသား ရိုရို က စတိတ်ရိုးတခုမှာ ကျွန်ဟာ လူပျိုလေး ပါလို့ ပြောလိုက်တာကို သူမနဲ့ တွဲနေရက်နဲ
Posted: 06 Jul 2015 07:55 PM PDT
မန္တလေး ဇူလိုင် ၆ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အရာတော်ရပ်ကွက် စက်မှုပန်းခြံလမ်း ရှိ ဦးဖြိုးပြည့်စိုး (၂၈) နှစ်၏ ဆိုင်တန်းတွင် ဇူလိုင် ၆ရက် နံနက်၎နာရီခွဲခန့်က လျှပ်စစ်ဘုတ်ခုံ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ တိုင်းဒေသကြီး ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ်အစီး၎ဝ၊ အုပ်ချုပ်မှု ယာဉ်နှစ်စီး၊ လောကပါလ ရေသယ်
Posted: 06 Jul 2015 07:48 PM PDT
ဗိုလ်ကြီးစောသရီးထူး ဇူလိုင် - ၆ - ၂၀၁၅ ဒီနေ့မွန်းလွဲ ၂ နာရီ ၄၅ မီးနစ်မှာ မြန်မာစစ်တပ်က ကောင်းမှုစခန်းကို လက်နက်ကြီးငယ်တွေနဲ့ အဆက်မပြတ်တိုက်နေတာ ညနေ ၆ နာရီခွဲအချိန်ထိ ပြီးဆုံးခြင်းမရှိသေးဘူးလို့ ဒီကေဘီအေ က ဗိုလ်ကြီးသရီးထူးက ပြောပါတယ်။ "အခုချိန်ထိတိုက်နေတုံးဘဲ အခုရင်ဆိုင်တိုက်ပွဲ အဆင့်ကို ရောက်နေပါတယ် စကခ ၁၂ မှူးက ကလို့ထူးဝါး စစ်ဗျူဟာကို မရမကသိမ်းယူဘို့ သူ့တပ်တွေကို အမိန့်ပေးထားတယ် ကျနော်
Posted: 06 Jul 2015 07:48 PM PDT
ဗိုလ်ကြီးစောသရီးထူး (ဒီကေဘီအေ) ဇူလိုင် - ၆ - ၂၀၁၅ ကလို့ထူးဝါး စစ်ကွပ်ကဲရေး ဌာနချုပ်ကို မြန်မာစစ်တပ်က ဒီနေ့မနက် ၁၁ နာရီခွဲမှာ ကော့ကရိတ်မြို့ အမြောက်တပ်ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်နေတာ အချက် ၂၀ ကျော်သွားပြီးလို့ ကလို့ထူးဝါးဗျူဟာက ထောက်လှန်းရေးမှူး ဗိုလ်ကြီးသရီးထူးကပြောပါတယ်။ ၎င်းက"ဒီနေ့မနက် ၁၁ နာရီခွဲလောက်မှာ ကျနော်တို့ဌာနချုပ်ကို ခလ၇ ၉၇ ကနေ ၁၂၀ မမ နဲ့ပစ်နေတာဖြစ်တယ် နောက်ပြီးတော့ ဒီမနက် ၁၀ နာရီ ၄၀
Posted: 06 Jul 2015 07:48 PM PDT
တရုတ်အစိုးရကဦးဆောင်ပြီး နိုင်ငံရပ်ခြားမှာ ရင်းနှီးမြှုပ်နှံမှုလုပ်နေတဲ့စီမံကိန်းတွေဟာ လူ့အခွင့်အရေးအတွက် အပြည့်အဝ အာမခံမှုရှိပါ့မလားဆိုတာကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ ဒေသခံတွေကို လုပ်အားခတန်ကြေးမပေးတာအပါအဝင် အဂတိ လိုက်စားနေတဲ့ အာဏာပိုင်တွေပေါင်းပြီး တရုတ်ကုမ္ပဏီတွေ အကျိုးအမြတ်ပိုရှိအောင် လုပ်ငန်းလည်ပတ်နေတာကြောင့် တရုတ်ကုမ္ပဏီရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ
Posted: 06 Jul 2015 07:42 PM PDT
 ရွေးကောက်ပွဲကျင်းပဖို့ အချိန်နီးကပ်လာချိန်မှာပဲ ပြည်နယ်နဲ့ တိုင်းဒေသကြီး တချို့မှာ မဲဆန္ဒစာရင်း မှားယွင်းမှုတွေဖြစ်နေတာကြောင့် နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ မဲစာရင်းစိစစ်ရေး ပူးပေါင်းလုပ်ဆောင်ဖို့ကို အတိုက်အခံပါတီကြီးဖြစ်တဲ့ NLD ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။ အခုလိုမဲစာရင်းမှားယွင်းမှုတွေကိုအချိန်မှီ မပြုပြင်နိုင်ဘူးဆိုရင် ရွေးကောက်ပွဲမှာပါဝင်
Posted: 06 Jul 2015 07:39 PM PDT
မဲစာရင်း တွေ ဟာ တနိုင်ငံ လုံး အနှံ့ ၇၀% ကျော် မှားယွင်း မှု တွေ ဖြစ် နေ။ ရွေးကောက်ပွဲ ကော်မရှင် က ကြေညာထား တဲ့ မဲပေး ပိုင်ခွင့် ရှိသူ စာရင်း ရဲ့ အမှား အယွင်း တွေ ကို ရွေးကောက်ပွဲ မတိုင်ခင် နောက်ဆုံး မဲစာရင်း အတည်ပြု ထုတ်ပြန် ချိန် ထိ ပြင်ဆင် စိစစ်ရေး တွေ လုပ်ဆောင် သွား နိုင် တော့ မှာ ဖြစ်တယ် လို့ အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ် NLD က ပြော ပါတယ်။ အစ ကတော့ ကော်မရှင် က သတ်မှတ် ထား တာက မဲစာရင်း
Posted: 06 Jul 2015 07:37 PM PDT
၈၈ မျိုးဆက် ( ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) အမည်နာမ နဲ့ နိုင်ငံရေး ပါတီ ထူထောင် မှာ မဟုတ်။  ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ ပြင်ဆင် ရေး နဲ့ လာမယ့် ၂၀၁၅ ရွေးကောက် ပွဲ အရေး တို့နဲ့ ပတ်သက် ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်း စုကြည် နဲ့ မင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) တို့ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ တွေ့ဆုံ ခဲ့ ကြပါတယ်။ ဆွေး

တွင်းနက်ဆိုတုာ ဘာလဲ

$
0
0

Curiosity Science Magazine's photo.
ကျွန်တော်တို့ဟာ ကမ္ဘာ့ဆွဲငင်အားကို သင်္ကေတ (g) နဲ့ဖော်ပြလေ့ရှိပြီး (g) ရဲ့တန်ဖိုးက 9.81 ms-2 ဖြစ်ပါတယ်။ ဒါကိုယေဘုယျအားဖြင့် ကမ္ဘာက အရာဝတ္ထုတစ်ခုကို ဆွဲငင်တဲ့အားလို့ အလွယ်ပြောနိုင်ပါတယ်။ ဒီအားကို နည်းနည်းလောက် ထပ်တိုးစဉ်းစားကြည့်ရအောင်။ သင်ဟာ ဂျပ်ဘူးအလွတ်လေးတစ်ဘူးကို မြေမြင်ပေါ် ချထားတယ်ဆိုပါတော့။ သူကို ကမ္ဘာက (g) နဲ့ဆွဲနေတယ်။ ဂျပ်ဘူးလေးကဘာမှဖြစ်မသွားပါဘူး။ ဘယ်ဖြစ်မလဲ စက်ရုံက ထုတ်ကတည်းကိုက ဒီအားကိုခံနိုင်အောင် ထုတ်ထားတာကိုးဗျ။
ပလတ်စတစ်အိတ်ဆိုရင် အဲ့လိုထားရင် အောက်ကိုတစ်ခါတည်းပြားပြားဝပ်သွားမှာပဲ။ အဲ့မှာ ကမ္ဘာက (g) တန်ဖိုးရဲ့ နှစ်ဆ (2g) နဲ့ ဆွဲလိုက်တယ်ဆိုရင် အဲ့ဒီဂျပ်ဘူးဟာ အနည်းငယ်ပုံပျက်သွားလိမ့်မယ်။ (3g) ဆိုပိုဆိုး။ ဒီလိုပဲ ၁၀ ဆဖြစ်တဲ့ (10g) လောက်နဲ့ဆွဲရင် အဲ့ဒီဘူးလဲ ပလတ်စတစ်အိတ်လိုမျိုး မြေပေါ် ပြားပြားဝပ်နေရောပေါ့။ ကဲ.. ဘီလီယံချီတဲ့ (g) တန်ဖိုးဆိုရင်ကောဗျာ။ မတွေးဝံ့စရာပဲ။ ဒါပေမယ့် တွေးရမှာပါပဲ။ အဲ့ဒီ ဘီလီယံချီတဲ့ (g) တွေဟာ စကြ၀ဠာထဲမှာ တကယ်ရှိနေတာကိုး။ အဲ့ဒီအရာတွေကို တွင်းနက်(Black Hole) လို့ခေါ်တယ်။
တွင်းနက်(Black Hole) ဆိုတာဟာ အာကာသအတွင်း အဆန်းကျယ်ဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ သူတို့ဟာ သိပ်သည်းဆ အလွန်များပြားတဲ့အရာတွေဖြစ်ပါတယ်။ ဒါ့ကြောင့် အိုင်းစတိုင်းရဲ့ Relativity အရ သိပ်သည်းဆများလေ ဆွဲငင်အားပိုကြီးလေဖြစ်ပါတယ်။ သူတို့ရဲ့ ဆွဲငင်အားဟာ ဘယ်လောက်ကြီးမားလဲဆိုရင် စကြ၀ဠာထဲမှာ အမြန်ဆုံးလို့ သိရတဲ့ အလင်းတောင် ပြန်မထွက်နိုင်ပါဘူး။ တွင်းနက်ကထွက်လာတဲ့အလင်းမရှိဘူးဆိုတော့ တွင်းနက်ကိုလည်း ဘယ်တော့မှ မြင်နိုင်မှာမဟုတ်ဘူး။ အနီးနားမှာရှိတဲ့ ကြယ်တွေ၊ ဥက္ကာခဲတွေရဲ့ ၀ိသေသလက္ခဏာတွေကဆင့် တွင်းနက်ရဲ့ တည်ရှိမှုကိုသိနိုင်တယ်။
တွင်းနက်များရဲ့ တည်ရှိမှုကို ၁၉၁၆ ခုနှစ်ကတည်း အယ်လ်ဘက်အိုင်းစတိုင်းက သူ့ရဲ့ ဂန္တ၀င် ယေဘုယျနှိုင်းရ သီအိုရီမှာ ခန့်မှန်းပြီးသားပါ။ တွင်းနက်(Black Hole) ဆိုတဲ့ အခေါ်အဝေါ်ကိုတော့ ၁၉၆၇ ခုနှစ်မှာ အမေရိကန်နက္ခတာယာသိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ ဂျွန်ဝီလာ(John Wheeler) က မှည့်ခေါ်ခဲ့ပြီး တွင်းနက်ကို ၁၉၇၁ ခုနှစ်မှ ပထမဆုံးအကြိမ်အဖြစ် တွေ့ရှိခဲ့ပါတယ်။
တွင်းနက်အကြောင်းကို ပြောမယ်ဆိုရင်တော့ ကြယ်တွေရဲ့အကြောင်းကို အရင်သိဖို့လိုပါတယ်။ ကြယ်တွေသေဆုံးပြီးဆိုရင် နောက်ဖြစ်နိုင်ခြေ သုံးမျိုးရှိပါတယ်။
ပထမတစ်ခုကတော့ ကြယ်ဖြူပု ခေါ် White Dwarf တွေပါ။ ကျွန်တော်တို့နေရဲ့ Mass ထက် ၁.၂ ဆ အောက်မှာရှိတဲ့ကြယ်တွေသေဆုံးရင်ဖြစ်ပါတယ်။ အက်တမ်တွေကို မယိုယွင်းစေတဲ့ ကွမ်တန်အားတွေနဲ့ ဆွဲငင်အားပြိုပျက်မှုရန်ကနေ ကာကွယ်ပြီးသားဖြစ်နေတဲ့ကြယ်လေးတွေကိုခေါ်တာပါ။ ဒီ ၁.၂ ဆ ဆိုတဲ့ ကန့်သတ်ချက်ကို ချန်ဒရေ့စ်ခါကန့်သတ်ချက်(Chandrasekhar Limit) လို့ခေါ်ပါတယ်။
ဒုတိယတစ်ခုကတော့ နယူထရွန်ကြယ်(Neutron Star) ပါ။ ကျွန်တော်တို့နေရဲ့ Mass ထက် ၁.၂ နဲ့ ၃ ဆအကြားမှာရှိတဲ့ကြယ်တွေသေရင် ဖြစ်လာတာပါ။ အက်တမ်ရဲ့ နျူကလိယက်စ် တွေမပြိုပျက်အောင် လုပ်ပေးထားတဲ့အားကြောင့် ဖြစ်ပေါ်လာရပါတယ်။ ဒါကိုလဲ ကျွန်တော်တို့အတိအကျမပြောနိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ သိပ်သည်းမှုအရမ်းများပြားလှတဲ့အချိန်မှာ ရှိတဲ့ နျူကလိယအားတွေအကြောင်း ကျွန်တော်တို့ဟာ ရေရေရာရာမသိသေးတဲ့အတွက်ပါ။
ကျွန်တော်တို့နေရဲ့ Mass ထက် ၃ဆနဲ့အထက် ရှိတဲ့ကြယ်တွေသေဆုံးရင်တော့ တွင်းနက်တွေဖြစ်သွားကြပါတယ်။ ဒီလိုကြယ်တွေဟာလည်း စကြ၀ဠာအတွင်း အများကြီးတည်ရှိနေတာကြောင့် တွင်းနက်တွေဟာလဲ အများကြီးရှိပြီးသားလို့ပြောနိုင်ပါတယ်။
တွင်းနက်များကို အမျိုးအစား သုံးမျိုးခွဲခြားနိုင်ပါတယ်။ စတယ်လာတွင်းနက်(Stellar Black Holes)၊ မဟာကြီမားတွင်းနက်(Supermassive Black Holes) နဲ့ အလယ်အလတ်တွင်းနက်(Intermediate Black Holes) တို့ပဲဖြစ်ပါတယ်။
စတယ်လာတွင်းနက် - သေးငယ်တယ်၊ ဒါပေမယ့် အန္တရာယ်ရှိတယ်။
ကြယ်တစ်လုံးဟာ သူ့ရဲ့ လောင်စာတွေအားလုံးကုန်အောင် လောက်ကျွမ်းပြီးသွားပြီဆိုရင် သူ့အလိုလို ပြိုပျက်လာပါလိမ့်မယ်။ ဒီလိုကြယ်တွေပြိုပျက်မှုဟာ အရွယ်အစားအားဖြင့် အရမ်းသေးပေမယ့် သိပ်သည်းဆမှာတော့ အရမ်းများလှပါတယ်။ ကျွန်တော်တို့နေရဲ့ အလေးချိန်ထက် ၃ ဆလောက်ရှိတဲ့ ကြယ်တွေဟာ တွင်းနက်ဖြစ်သွားရင် သာမန် ရန်ကုန်မြို့တစ်မြို့စာ အရွယ်အစာလောက်ပဲရှိပါတော့မယ်။ သူတို့ရဲ့ သိပ်သည်းမှုကို သင်ဒီလောက်ဆို တွေးတောကြည့်နိုင်လောက်ပါပြီ။ ဒီလို သိပ်သည်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ ဆွဲငင်အားဟာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေကို အရူးဆွဲအနှမ်းဆွဲ ဆွဲငင်ပါတော့တယ်။ သူတို့ဟာ သူတို့ဘေးမှာ ရှိတဲ့ ဓာတ်ငွေ့တွေ၊ အာကာသဖုန်မှုန့်တွေ ကို ၀ါးမြိုပြီး သူတို့ရဲ့ အရွယ်အစားဟာ တစ်ဖြည်းဖြည်းကြီးမားလာပါတယ်။
မဟာကြီးမားတွင်းနက် - ဂလက်ဆီတို့ရဲ့ ပင်မ
သေးငယ်သောတွင်းနက်တွေက စကြ၀ဠာအတွင်းမှာ အများအပြားရှိပြီး စိတ်ဝင်စားစရာတွေကို ပေးပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဘိုးအေကြီးဖြစ်တဲ့ မဟာကြီးမားတွင်းနက်တွေကတော့ စကြ၀ဠာကြီးကို အုပ်စိုးကြပါတယ်။ မဟာကြီးမားတွင်းနက်ကြီးတွေဟာ ကျွန်တော်တို့ နေထက် အဆပေါင်း သန်းကုဋေကုဋာချီ လေးလံပြီးတော့ သာမန်ကြယ်တစ်လုံးရဲ့ အရွယ်အစားလောက်သာရှိပါတယ်။ သူတို့ရဲ့ သိပ်သည်းခြင်းကို မှန်းဆကြည့်ပါ။
ကျွန်တော်တို့ဟာ ဂလက်ဆီတွေရဲ့ အလယ်ဗဟိုကို ဘယ်လိုကြည့်ကြည့် မမြင်ရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဗဟိုနီးလေ ကြယ်တွေဟာ ပိုမို သိပ်သည်းထူထပ် လာကာ နှမ်းဖြူးထားသလို သူတို့ရဲ့ တစ်ခြားတစ်ဖက်မှာရှိတဲ့ မြင်ကွင်းကိုပါ ဖုံးလွှမ်းသွားပါတယ်။ ကျွန်တော်နေအပါအ၀င် ကြယ်တွေအားလုံးဟာ သူတို့ရဲ့ အသီးသီး ဂလက်ဆီရဲ့ ဗဟိုကို လှည့်ပတ်နေကြပါတယ်။ ဒါဟာ အဲ့ဒီအလယ်ဗဟိုမှာ အရမ်းကို ဆွဲငင်အားကောင်းလှတဲ့ အရာတစ်ခုရှိတယ်ဆိုတဲ့သဘောပါပဲ။ မဟာကြီးမားတွင်းနက်တွေဟာ အဲ့ဒီ အလယ်ဗဟိုမှာ တည်ရှိနေတယ်လို့ ခန့်မှန်းချက်ထုတ်ထားပါတယ်။
မဟာကြီးမားတွင်းနက်တွေ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာကို သိပ္ပံပညာရှင်တွေဟာ ရေရေရာရာမသိသေးပါဘူး။ ခန့်မှန်းချက်တွေကတော့ သူတို့ဟာ သေးငယ်တဲ့တွင်းနက်တွေ စုပေါင်းဖြစ်တည်မှုကတစ်ဆင့် ဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။ နောက်ထပ်ဖြစ်နိုင်တာကလည်း ဓာတ်ငွေ့တိမ်တိုက်တွေပါ။ သူတို့ဟာ တစ်ဖြည်းဖြည်းပေါင်းစည်းမိလာတဲ့အခါမှာ ကြယ်အဆင့်ကို ကျော်ပြီး တွင်းနက်အဆင့်ကို တန်းရောက်သွားတာလဲ ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ကြယ်များ အချင်းချင်းတိုက်မိမှုပါ။
အလယ်အလတ်တွင်းနက်
သိပ္ပံပညာရှင်တွေက တွင်းနက်တွေဟာ အရွယ်အစားအရမ်းကြီးမားတဲ့ တွင်းနက်နဲ့ သေးငယ်တဲ့တွင်းနက် ဒီနှစ်မျိုးသာရှိနိုင်တယ်လို့ တစ်ချိန်တုန်းက တွက်ချက်ခဲ့ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်က ပြန်လည်တွက်ချက်မှုတွေအရ တွင်းနက်တွေဟာ အလယ်အလတ်အရွယ်အစားမှာလဲ ရှိနေနိုင်ပါတယ်။ သူတို့ဟာ ကြယ်တွေ အစုအပြုံလိုက် ကွင်းဆက်တိုက်ခိုက်မှုတွေကတစ်ဆင့် ဖြစ်ပေါ်လာကြပါတယ်။ ဒီ အလယ်အလတ်တွင်းနက်တွေဟာ အနီးနားမှာရှိနေမယ်ဆိုရင် သူတို့ဟာ ပေါင်းစက်ပြီးတော့ ဂလက်ဆီရဲ့ ဗဟိုကိုကျရောက်ကာ မဟာတွင်းနက် တွေထပ်ဖြစ်ပေါ်နိုင်ပါသေးတယ်။
သူတို့ကိုဘယ်လို ထောက်လှန်းမိနိုင်မလဲ
တွင်းနက်တွေဟာ ဆွဲငင်အားအလွန်မတန် အားကောင်းတာကြောင့် အနီးနားမှာရှိတဲ့အရာတွေအကုန်လုံး ၀ါးမြိုခံရပါတယ်။ အလင်းတောင်ပြန်မထွက်နိုင်ဘူးဆိုတော့ သူတို့ကိုလည်း ကျွန်တော်တို့ ဘယ်တော့မှ မြင်နိုင်မှာမဟုတ်ပါဘူး။ သူ့အနီးနားမှာရှိတဲ့ ၀ိသေသလက္ခဏာတွေကတစ်ဆင့် သူတို့ရှိနေတယ်ဆိုတာကို ပြောရပါတယ်။ အနီးနားမှာရှိနေတဲ့ အာကာသဖုန်မှုန့်တွေနဲ့ ဓာတ်ငွေ့တွေဟာ အဲ့ဒီ ဆွဲငင်အားပြင်းလှတဲ့ တွင်းနက်တွေထဲကို ဆက်တိုက်ကျရောက်နေပါတယ်။ တွင်းနက်အနားမှာရှိတဲ့ ဓာတ်ငွေ့တိမ်တိုက် တွေနဲ့ ကြယ်တွေက ဖြာထွက်မှု(Radiation) တွေဟာ ကျွန်တော်တို့ဆီကို ဘယ်တော့မှ မဦးတည်ပါဘူး။ တွင်းနက်ရှိရာနေရာကိုသာ ဦးတည်နေပါလိမ့်မယ်။
တွင်းနက်တစ်ခုကို အလွှာသုံးလွှာအဖြစ် ခွဲခြားလေ့လာနိုင်ပါတယ်။ အပြင်ဘက်မိုးကုတ်စက်ကွင်း၊ အတွင်းဘက်မိုးကုတ်စက်ကွင်း နဲ့ အမှတ်ထူး(Singularity) တို့ဖြစ်ပါတယ်။
မိုးကုတ်စက်ကွင်းဆိုတာကတော့ ပြင်ညီအပြားပုံသဏ္ဍာန်ရှိမှာဖြစ်ပြီး တွင်းနက်ရဲ့ ဘေးတစ်ဝိုက်မှာတည်ရှိပါတယ်။ အလင်းဟာ လွတ်မြောက်နိုင်စွမ်းစတင်ဆုံးရှုံးတဲ့နေရာဖြစ်တယ်။ မိုးကုတ်စက်ကွင်းထဲ တစ်စုံတစ်ခုကျရောက်လိုက်ပြီဆိုတာနဲ့ ထိုအရာဟာ လုံးဝပြန်မထွက်နိုင်တော့ပါဘူး။ မိုးကုတ်စက်ကွင်းချပ်ပြားလွှာတစ်လျှောက် ဆွဲငင်အားဟာ ပုံသေတသတ်မတ်တည်းရှိပါတယ်။
တွင်းနက်ရဲ့ အလယ်ဗဟိုတည့်တည့်မှာတော့ အမှတ်ထူးတည်ရှိပြီး ဟင်းလင်ပြင်ကို အကွေးညွတ်ဆုံးဖြစ်စေတဲ့နေရာပါ။ တွင်းနက်တစ်ခုလုံးရဲ့ အလေးချိန်အားလုံး စုပုံတည်ရှိရာ နေရာဆိုလည်းမမှားပါဘူး။
ယခင်ကတွက်ချက်မှုတွေအရတော့ တွင်းနက်ထဲ ၀င်သမျှအရာအားလုံးဟာ ထာဝရပျောက်ဆုံးသွားတယ်လို့သိရပါတယ်။ ဘယ်တော့မှ ပြန်ထွက်မလာနိုင်တော့ပါဘူး။ ဒါပေမယ့် ယခုနောက်ပိုင်းမှာတော့ ကွမ်တမ်မက္ကန်းနစ် တစ်ချို့ကို ညီမျှခြင်းတွေထဲမှာ ထည့်တွက်လိုက်ပါတယ်။ ကွမ်တမ်မက္ကန်းနစ်အရတော့ အမှုန်တိုင်းမှာ ဆန့်ကျင်ဘက်အမှုန်ဆိုတာရှိပါတယ်။(Every particle has its antiparticle) အလေးချိန်တူပြီး လျှပ်စစ်ဓာတ်ဆန့်ကျင်ဘက်ရှိတဲ့အရာကို ဆိုလိုတာပါ။ သူတို့ပေါင်းစည်းမိပြီဆိုရင် အချင်းချင်း လုံးဝဥသုန်ဖျက်ဆီးပစ်ကြပါလိမ့်မယ်။
အမှုန်-ဆန့်ကျင်ဘက်အမှုန်အတွဲဟာ တွင်းနက်ရဲ့ မိုးကုတ်စက်ဝိုင်းအတွင်းကို ကျရောက်မိပြီဆိုရင် တစ်ခုဟာ တွင်းနက်ရဲ့ မိုးကုတ်စက်ကွင်းအတွင်းကိုကျရောက်သွားပြီဆိုရ် တစ်ခုဟာ အထဲကို ဆွဲသွင်းဝါးမြိုခံရပေမယ့် အခြားတစ်ခုကတော့ တွင်းထုတ်ခံရနိုင်ပါတယ်။ ဒီနောက်ဆက်တွဲအဖြစ် တွင်းနက်ကို ကျုံ့စေပြီးတော့ ကြာလာရင် ယိုယွင်းသွားစေပါတယ်။ ဒီဖြစ်ရပ်ကတော့ ရှေးရိုးစွဲ မက္ကန်းနစ်ဘာသာရပ်မှာ အကျုံးမ၀င်တဲ့ဖြစ်ရပ်ပါ။
ယခုအချိန်ထိတော့ တွင်းနက်တွေဘယ်လိုပြုမူဆောင်ရွက်ကြတယ်ဆိုတာကို သိဖို့အတွက် သိပ္ပံပညာရှင်တွေဟာ ကြိုးစားနေကြတုန်းပဲဖြစ်ပါတယ်။
တွင်းနက်များနှင့်ပတ်သက်၍ စိတ်ဝင်စားဖွယ် အချက်များ
- အကယ်၍ သင်ဟာ တွင်းနက်ထဲကျသွားမယ်ဆိုရင် သင်ဟာ ခေါက်ဆွဲချောင်းတစ်ချောင်းလို ဆွဲဆန့်တာခံလိုရလိမ့်မယ်။ ဒါပေမယ့် မပူပါနဲ့။ အမှတ်ထူးမရောက်ခင် သေခြင်းတရားက သင့်ဆီရောက်လာပါလိမ့်မယ်။
- တွင်းနက်များက သင့်ကို ဆုတ်ယူတာမဟုတ်ပါ။ ဆုတ်ယူခြင်းဆိုတာဟာ လေဟာနယ်တစ်ခုက ဆွဲငင်ခြင်းလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ သင်ဟာ တွင်းနက်ထဲကို ပြုတ်ကျခြင်းသာဖြစ်ပါတယ်။
- ပထမဆုံးတွေ့ရှိခဲ့တဲ့ တွင်းနက်ရဲ့ နာမည်ကတော့ Cygnus X-1 ဖြစ်ပြီးတော့ ၁၉၇၁ ခုနှစ်မှာ တွေ့ခဲ့ပါတယ်။
- ၁၉၇၄ ခုနှစ်မှာတော့ စတီဖင်ဟော့ကင်း နဲ့ သူ့ရဲ့ မိတ်ဆွေရူပဗေဒပညာရှင်ဖြစ်တဲ့ Kip Thorne တို့ဟာ Cygnus X-1 ဟာ တွင်းနက်ဟုတ်တယ်မဟုတ်ဘူး ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သဘောထားကွဲလွဲခဲ့ပါတယ်။ စတီဖင်ဟော့ကင်းက Cygnus X-1 မှ ထုတ်လိုက်တဲ့ ဖြာထွက်မှုတွေဟာ တွင်းနက်မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာတော့ စတီဖင်ဟော့ကင်းဟာ တရားဝင်ရှုံးနိမ့်ခဲ့ပါတယ်။
- အချို့သောတွင်းနက်များဟာ မဟာပေါက်ကွဲမှုဖြစ်ပြီး မကြာခင်နှစ်ထောင်အနည်းငယ်အတွင်းမှာပဲ ဖြစ်ပေါ်ခဲ့ပါတယ်။
- ကြယ်တစ်လုံးဟာ တွင်းနက်အနီးကို ကျရောက်လာပြီဆိုရင် တစ်စစီ ကွဲထွက်သွားနိုင်ပါတယ်။
- ကျွန်တော်တို့ နဂါးငွေ့တန်းဂလက်ဆီအတွင်းမှာကို ကျွန်တော်တို့ နေထက် ၃ ဆလေးတဲ့ တွင်းနက်ငယ်ပေါင်း ၁၀ မီလီယံကနေ ၁ ဘီလီယံလောက်ထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
- ကြိုးမျှင်သီအိုရီ နဲ့ တွင်းနက်သီအိုရီတို့ ဆက်နွယ်မှုဟာ ရှေးရိုးစွဲမက္ကန်းနစ် ပညာရပ်ထက် ရူပဗေဒပညာရပ်အပေါ် အကျိုးသက်ရောက်မှုတွေ အများကြီးပေးနေပါတယ်။
~ THA

တင်ညွန့်အတု

$
0
0

မနက်စောစောစီးစီး "တင်ညွန့်က အတုလား၊ အစစ်လား"လို့ လာမေးတဲ့သူရှိသဗျ။ မနေ့က ယုဇနဥယျာဉ်မြို့ တော်ကိုလာသွားသလားတဲ့။ ကြံကြီးစီရာ ကျွန်တော် အဲဒီနေရာကို ပြန်မရောက်တာ ဆယ်နှစ်လောက် ရှိသွားပြီ။
ကျွန်တော့် မှတ်ပုံတင်မှာလည်း ဒီအမည်၊ ဘွဲ့ရတော့လည်း ဒီအမည်၊ ကျောင်းဆရာလုပ်တော့လည်း ဒီအမည်၊ ခု FB ပေါ်မှာ စာတွေရေးနေတော့လည်း ဒီအမည်။ ဘယ်တုန်းကများ တင်ညွန့်အတုနဲ့ တိုးသွားလည်း မသိပါဘူး။
တစ်လောက လှည်းတန်းရောက်တော့ စာအုပ်ဆိုင်တစ်ဆိုင်က စာရေးဆရာ တင်ညွန့်ဆိုတာ လာသွားတယ်။ ငယ်ငယ်ချောချောလေး ကိုရီးယားမင်းသားလေးလိုပဲတဲ့။ ဖွဟဲ့ လွဲစေ .. ဖယ်စေ။
တစ်နေ့က မြို့ထဲစာအုပ်ဆိုင်တစ်ဆိုင်ဝင်ကြည့်တော့ တင်ညွန့်မြိုင်ဆိုတာတွေ့လိုက်ရသေး။ သူက ကဗျာ ရေးတာလားမသိပါဘူး။ ကျွန်တော် မဟုတ်တာသေချာတယ်။ ချံပီယံတင်ညွန့်ဆိုတာ ရှိသေးတယ်။ အဲဒီလူက သေပြီ။ သူက ဖိုမဆက်ဆံရေး လိင်ပညာပေးစာအုပ်ရေးတယ်။ ရုပ်ရှင်ရိုက်တယ်။ ဘုန်းကြီးဝတ်ပြီးသေတယ်။ သေပြီးတဲ့လူက ဘယ်လို စာပြန်ရေးမလဲ။

တင်ညွန့်ဟာ စစ်တပ်ကလူတဲ့။ မြတ်စွာဘုရား တပ်နဲ့ ကျွန်တော် ဘယ်လိုမှ မတော်ခဲ့ပါလားဗျာ။ တပ်မတော်သာအမိ၊ တပ်မတော်သာအဘလို့ ကြီးမားတဲ့ ခံယူချက်ကြီးတွေနဲ့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ သူတွေထဲမှာ တင်ညွန့်တွေ ရှိကောင်းရှိနိုင်သပေါ့။ ဒါပေမဲ့ သူတို့က ကျွန်တော့်လို လွတ်လပ်စွာ တွေးခွင့် ရေးခွင့် တွေ ဘယ်တုန်းကမှ ရှိခဲ့မယ် မထင်ပါဘူး။
ပြောသေးတယ်။ တင်ညွန့် နိုင်ငံခြားကတဲ့။ ခုထိ ရန်ကုန်နဲ့ ပဲခူးကလွဲရင် ပုဂံနဲ့ မန္တလေးပဲရောက်ဖူးတဲ့ကောင်။ နောက်တစ်ခုကတော့ များသွားပြီဗျာ။ တင်ညွန့်ဟာ စာရေးဆရာမတစ်ယောက် အမည်ဝှက်နဲ့ ရေးနေတာတဲ့။ အိုးမိုင်ဂေါ့ အလုံးလား၊ အပြားလား ကိုယ့်ဘာသာ အသိဆုံး။
တင်ညွန့်ဟာ ကြံ့ဖွတ်ကတဲ့။ လာမယ့်ရွေးကောက်ပွဲမှာ အမတ်ဝင်ရွေးခံဖို့ နာမည်တက်အောင် လုပ်နေတာတဲ့။ နှိုင်းစရာရှားလို့ဗျာ။ တင်ညွန့်ကို သူတောင်းစားလို့ပြောလိုက်တာကမှ ခံနိုင်သေးတယ်။
တင်ညွန့်ဟာ အရူးငတာနဲ့ သူငယ်ချင်းဗျ။ မြို့ထဲက စာအုပ်တန်းတွေ စာအုပ်ဆိုင်တွေမှာ ထီးကောက် တစ်ချောင်း၊ လွယ်အိတ်တစ်လုံးနဲ့ စာအုပ်တွေ လိုက်မွှေနေတဲ့သူ။ ဗိုလ်ချုပ်လမ်း၊ ပန်းဆိုးတန်းတစ်လျှောက်မှာ စာအုပ်တွေ လိုက်ရှာနေတဲ့သူ။ အဲဒီလမ်းမကြီးတွေပေါ်မှာ တင်ညွန့် လျှောက်သွားပြီး စာအုပ်တွေရှာနေတာ နှစ်ပေါင်း ၄၀ ကျော်သွားပြီ။
ဒါကြောင့် တင်ညွန့်လို့ပြောရင် အရူးငတာအကြောင်းသာမေးလိုက်။ အရူးငတာလောက်ကိုမှ မသိရင် အဲဒီလူ တင်ညွန့်မဟုတ်တာ သေချာတယ်။
၅.၇.၂၀၁၅

သစ်ထူးလွင် သတင်းစုစည်းမှု (၈-၇)

$
0
0

သစ်ထူးလွင်


Posted: 08 Jul 2015 04:58 AM PDT
ဇူလိုင်​လ ၇ ရက်​ ပြင်​သစ်​စစ်​တပ်​မှ သတင်းထုတ်​ပြန်​သည်​မှာ နိုင်​ငံ၏ အ​ရှေ့​တောင်​ဘက်​ရှိ တပ်​စခန်းတစ်​​နေရာတွင် ​ပမာဏများပြား​သော ​ဖောက်​ခွဲ​ရေး ပစ္စည်းများ​ ပျောက်​ဆုံးခဲ့​ကြောင်း သိရသည်​။ ယင်းတို့ထဲတွင်​ စနက်​တံ ၂၀၀၊ လက်​ပစ်​​ဗုံးနှင့်​ အခြား​သော​ ဖောက်​ခွဲ​ရေး ပစ္စည်းများ ပါဝင်​​ကြောင်း သိရှိရသည်​။ ခိုးယူသူများသည်​ တပ်​စခန်း အပြင်​ဘက်​ရှိ သံဇကာများကို ဖျက်​စီးဝင်​​ရောက်​ကာ ​ဖောက်
Posted: 08 Jul 2015 04:50 AM PDT
အ​မေရိကန်​ F-16 တိုက်လေယာဉ်​တစ်​စင်းသည်​ ​တောင်​ကယ်​ရိုလိုင်းနားရှိ​ ဝေဟင်​တွင်​ ပျံသန်း​နေစဉ် အ​သေးစားအရပ်​သား​ လေယာဉ်​ပျံတစ်​စင်း ဖြင့်တိုက်​မိခဲ့ပြီး အ​သေးစား​ လေယာဉ်​တွင်းရှိ လူနှစ်​ဦး​သေဆုံးခဲ့သည်​။ ​လေယာဉ်​မှာလည်း ယင်း​ဒေသအနီးရှိ ပန်းခြံအတွင်းသို့ ပျက်​ကျသွားခဲ့သည်​။ အ​မေရိကန်​​ လေတပ်​အ​ခြေစိုက်​စခန်း တာဝန်​ရှိသူက "F-16 တိုက်​​လေယာဉ်​မှ ​လေယာဉ်​မှူးကို​ လုံခြုံစိတ်​ချစွာ​လေ
Posted: 08 Jul 2015 04:41 AM PDT
ဇူလိုင် ၈ ရက် ရန်ကုန်အနောက် ပိုင်းခရိုင် တရားရုံး၌ တရားပြိုင်သက်သေများအား စစ်ဆေးရာ သေဆုံးသူ တေးနုယဉ်သည် အိမ်ထောင်ရှိ စာရေးဆရာတဦးနှင့် ဟိုတယ်သို့သွားခဲ့ကြောင်း မင်းအုပ်စိုး၏မန်နေဂျာ ဦးစံတိုး က တဆင့်ကြားစကားများကို ကိုးကား၍ ထွက်ဆိုခဲ့သည်။ တေးနုယဉ်နှင့် အခင်းမဖြစ်မီညက မင်းအုပ်စိုး၏ ခြံအတွင်းပါတီပွဲတခုကျင်းပခဲ့ကြောင်း၊ ယင်းပွဲတွင် အနုပညာရှင်များ စာရေးဆရာများ၊ ကိုလူချောအဖွဲ့သားများ တက်ရောက်ခဲ့သည်
Posted: 08 Jul 2015 04:34 AM PDT
ကော့စ်ဘဇား၊ ဇူလှိုင် ၈ မြန်မာနှင့် နယ်ချင်းထိစပ်နေသည့် စစ်တကောင်း တောင်တန်းဒေသတွင် ဘင်္ဂလာဒေရှ့် စစ်တပ်မှ အင်အား ၄၀၀ ကျော်ဖြင့် စစ်ဆင်ရေး တစ်ရပ်ကို ပြုလုပ်နေကြာင်း Cox’sbazarnews တွင် ဖော်ပြသည်။ ယခု ပြုလုပ်နေသည့် စစ်ဆင်ရေးကို တနင်္ဂနွေနေ့က စတင်ခဲ့ပြီး ဇူလိုင် ၁၄ ရက်နေ့ထိ ပြုလုပ်သွားမည်ဟု သိရသည်။ ယခုပြုလုပ်သည့် စစ်ဆင်းရေးမှာ နယ်စပ်တလျှောက်တွင် တရားမ၀င် လက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက် မလှုပ်
Posted: 08 Jul 2015 03:41 AM PDT
၅၃နှစ်မြောက် 7 july အထိမ်းမှတ်အခမ်းနားကို ကယားပြည်နယ် ကျောင်းသားများသမဂ္ဂ ရုံးတွင်ပြုလုပ်ခဲ့စဉ် (ဓါတ်ပုံ-ကေတီ) ၅၃ နှစ်မြောက် 7 july နေ့အခမ်းနားကို တစ်နိုင်ငံလုံးရှိ ကျောင်းသားအဖွဲ့စည်းများတွင် ကျင်းပခဲ့ကြသလို ကယားပြည်နယ်တွင်လည်း ကယားပြည်နယ်ကျောင်းသားများ သမဂ္ဂ (kssu) ရုံးချုပ်တွင် ဇူလိုင်လ ၇ ရက်နေ့ ကကျင်းပခဲ့ပြီး အစိုးရအနေဖြင့် ကျောင်းသားများအပေါ် အကြမ်းဖက်ဖမ်းဆီးမှုများ ရပ်တန့်ပေးရန် နှင့် ကျော
Posted: 08 Jul 2015 03:17 AM PDT
၀၈-၀၇-၂၀၁၅ သက်တော် ၃၉ နှစ်ရှိ နကော်စီဌာမရ ခရိုင် ချအိုရ မြို့ နယ် တွင် သီတင်း သုံးနေသည့် ဆရာတော်တပါးမှာ ကိုယ်တွင်းမှ ထွက်လာသည့် ချွေးနှင့် သွေး တို့ မှ ကျောင်းလုံးလေးများအဖြစ် ပြောင်းသွား ခဲ့ရာ တရာတော်အား ကိုးကွယ်ကြသည့် ဒကာဒကာမ များ မှတဆင့် တနိုင်ငံလုံးပြန့် နှံ့ သွားခဲ့သည်။ ဆရာတော် အနမ်တာ မှာ တရားကျင့်စဉ် စခန်းဝင်ရန် ခရီးထွက်ရာမှာ ( မြန်မာနှင့် တိဘက်ဟုယူဆရပါသည် ဘုန်းကြီးဝတ်ထားသည့် သင်္ကန်း အေ
Posted: 08 Jul 2015 03:05 AM PDT
လူသတ်၍ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သွားသူကို နာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ ရန်ကုန်၊ ဇူလိုင် ၈ ၇.၇.၂၀၁၅ ရက်နေ့ ၁၂၃၀ အချိန် အင်းစိန်မြို့နယ်နေ ဦးဥာဏ်ဝင်းသည် အလုပ်မှနေအိမ်သို့ ပြန်ရောက်စဉ် နေအိမ်နောက်ဖေးရှိ လှေကားခြေရင်းတွင် ဇနီးဖြစ်သူ ဒေါ်လေးလေးရီမှာ ၀ဲဘက်လက်ချောင်းများနှင့် လက်မောင်းတို့၌ ပွန်းပဲ့ဒဏ်ရာများ၊ ဦးခေါင်းနောက်စေ့၌ဖူးရောင်ဒဏ်ရာတို့ဖြင့် လဲကျသေဆုံး နေသည်ကိုတွေ့ရှိရပြီး ၎င်းဝတ်ဆင်
Posted: 08 Jul 2015 02:37 AM PDT
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ရက် တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကော်မရှင်အဖွဲ့ခွဲတွေထံကို အကြောင်းကြား လိုက်ပါတယ်။ ဒီနေ့မနက်က နှုတ်နဲ့အကြောင်းကြားတာဖြစ်တယ်လို့ တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးသန်းစိန်က ပြောပါတယ်။ "နိုဝင်ဘာ ၈ ရက်နေ့ လုပ်မယ်လို့ပြောတယ်၊ နှုတ်နဲ့တော့ တယ်လီဖုန်းဆက်ထားတာရှိတယ်၊ စာနဲ့တော့မရော
Posted: 08 Jul 2015 02:33 AM PDT
စစ်တပ်အာဏာသိမ်းယူတာကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ထိုင်းကျောင်းသား ၁၄ ဦးကို ထိုင်းစစ်ဘက်တရားရုံးက ချုပ်နှောင်ထားရာကနေ ယာယီပြန်လွှတ်ပေးလိုက်ပါတယ်။ မနှစ်က ထိုင်းနိုင်ငံရေးမှာ ၀န်ကြီးချုပ် ယင်လတ်အစိုးရနဲ့ အတိုက်အခံတွေအကြား နိုင်ငံရေး မငြိမ်သက်မှုတွေဖြစ်ခဲ့ပြီး ပြည်သူတွေရဲ့ ထောက်ခံမှုကျဆင်းလာချိန်မှာ ထိုင်းစစ်တပ်က မေလ ၂၂ ရက်နေ့မှာ အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းတာကို ထောက်ခံသူတွေ
Posted: 08 Jul 2015 02:31 AM PDT
ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ဖမ်းဆီးခံရစဉ် (Credit: Reuters) ထိုင်းနိုင်ငံ ​လိပ်ကျွန်း ​လူသတ်မှုနဲ့ ​ပတ်သက်ပြီး ​ဒီကနေ့ ​တရားရုံးမှာ ​အမှုကြားနာဖို့ ​ရှိပါတယ်။ မြန်မာနိုင်ငံသား ​ဇော်လင်းနဲ့ ​ဝင်းဇော်ထွန်းတို့က ​ဗြိတိန်နိုင်ငံသား ​David ​Miller ​နဲ့ ​Hannah ​Witheridge ​ကို ​သတ်ပစ်တယ်လို့ ​စွပ်စွဲခံနေရပါတယ်။ လူသတ်မှုက ​အရင်နှစ် ​စက်တင်ဘာလတုန်းက ​ဖြစ်ပွားခဲ့တာပါ။ ဒီကနေ့မှာ ​စတင်တဲ့ ​လိပ်ကျွန်း
Posted: 08 Jul 2015 02:29 AM PDT
မွတ်စလင်တချို့ ဖျက်ဆီးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗုဒ္ဓဘာသာ ဘုရားဝန်း (Credit: ABC)  မွတ်စလင်တွေရဲ့ ​ရာမာဒန် ​ဥပုတ်ကာလအတွင်း ​ဘင်္ဂလားဒေ့ရှ်နိုင်ငံက ​ဗုဒ္ဓဘာသာကျောင်းတစ်ကျောင်းက ​ဆင်းရဲသား ​မွတ်စလင်တွေကို ​ကျွေးမွေးစောင့်ရှောက်မှု ​လုပ်နေတယ်လို့ ​သိရပါတယ်။ ဘာသာကွဲပြားသူတွေအကြား ​ချစ်ခင်မှု ​ပြသတဲ့အနေနဲ့ ​လုပ်ဆောင်နေတာ ​ဖြစ်ပါတယ်။ နေဝင်ချိန်ရောက်မှ ​ဥပုတ်ချိုးခွင့်ရတဲ့ ​မွတ်စလင်တွေကို ​ဗုဒ္ဓဘာသာေ
Posted: 08 Jul 2015 02:27 AM PDT
 ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်ချီတက်ခဲ့ကြတဲ့ ကျောင်းသားနဲ့ ပြည်သူတွေကို ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့က အကြမ်းဖက်ရိုက်နှက်ခဲ့တဲ့ကိစ္စအတွက် အရိုက်ခံရတဲ့ကျောင်းသား ၁၈ ယောက် က မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို ဒီနေ့တိုင်ကြားမယ်လို့ သိရပါတယ်။ လူ့အခွင့်အရေးပြဌာန်းချက်နဲ့ နိုင်ငံသားအခွင့်အရေးအရ ငြိမ်းချမ်းစွာချီတက်ဆန္ဒပြတာကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အပြင်၊ အရွယ်မရောက်သေးတဲ့ ကျောင်း
Posted: 08 Jul 2015 02:24 AM PDT
နေပြည်တော်မှာ ၁၃ ရက်ကြာကျင်းပခဲ့တဲ့ ကျောက်မျက်ရတနာအရောင်းပြပွဲမှာ ဒီနှစ်အတွက် အမေရိကန် ဒေါ်လာ သန်း ၁ ထောင်ဖိုး ရောင်းချခဲ့ရပေမဲ့၊ ဒီပမာဏဟာ မနှစ်က ရောင်းအားထက် ၃ ဆခွဲလောက် ထိုးကျသွားတာဖြစ်တယ်လို့သိရပါတယ်။ အခုလိုရောင်းအားထိုးကျသွားတာဟာ ဒီနှစ်မှာ ပုလဲနဲ့ပတ်သက်လို့ လေလံတင်ရောင်းချတာ မရှိသလို၊ ကျောက် စိမ်းရောင်းအားကျတာလည်း ပါဝင်တယ်လို့ မြန်မာ့ကျောက်မျက်ရတနာအသင်း တာဝန်ရှိသူတစ်ဦးက ပြော ဆိုကြောင်း ဘ
Posted: 08 Jul 2015 02:22 AM PDT
၂၀၁၅ရွေးကောက်ပွဲကိုလာမဲ့   နိုဝင်ဘာလ၈ရက် နေ့ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု လိုက်ပါတယ် အသေးစိတ် ကိုနိုင်ငံပိုင်မီဒီယာတွေ ကနေ ဒီနေ့ညနေ ထုတ်ပြန်ဖို့ရှိပါတယ်။ BBC Burmese https://www.facebook.com/bbcburmese
Posted: 07 Jul 2015 08:19 PM PDT
နယူးဒေလီ ဇူလိုင် ၇ ခရီးသည် ၁၄၈ ဦးလိုက်ပါလာသည့် တူရကီလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် ဗုံးခြိမ်းခြောက်မှုတစ်ရပ်ကြောင့် ဇူလိုင် ၇ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ အင်ဒီယာဂန္ဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း လေကြောင်းပျံသန်းရေးဆိုင်ရာ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထိုင်းနိုင်ငံမှ အီစတန်ဘူလ်မြို့တော်သို့ ပျံသန်းလာသော အဆိုပါလေယာဉ်မှာ လေယာဉ်သန့်စင်ခန်းအတွင်း
Posted: 07 Jul 2015 08:21 PM PDT
 အမှိုက်သိမ်းယာဉ်နှင့် ယာဉ်မောင်းတစ်ဦး စားထိုးပေးရန် ဒေသခံများလိုလား နတ်တလင်း ဇူလိုင် ၇ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် တာပွန်တွင် စည်ပင်သာယာရေးဈေးရှိပြီး အိမ်ခြေစုစုပေါင်း ၉၁ဝ၊ အိမ်ထောင်စု ၁၁၈၅ စု ရှိပါသည်။  မြို့နယ်စည်ပင်သာယာရေးဌာနမှ ရေခွန်၊ မီးခွန်၊ ဥပဇာခွန်များကို- ၆ လတစ်ကြိမ် ကောက်ခံနေသော်လည်း အမှိုက်သိမ်းယာဉ်မှာ လွန်ခဲ့သော ၁၅ နှစ်ခန့်က ချထားပေးသော ထော်လာဂျီဖြစ်ပြီး
Posted: 07 Jul 2015 08:06 PM PDT
 မြန်မာအစိုးရစစ်တပ်နဲ့ ဒီကေဘီအေတပ်တွေ ဇူလိုင်လ ၇ ရက်နေ့က ကော့ကရိတ်မြို့အထွက် လမ်းဟောင်းတဝိုက်မှာ မနက်ကတည်းက အနီးကပ်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပါတယ်။ မြန်မာအစိုးရစစ်တပ်က အဝေးပစ်မော်တာတွေနဲ့ ဒီကေဘီအေ ကလို့ထူးဝါးဌာနချုပ်ကို လှမ်းပစ်နေတယ်လို့ ဒီကေဘီအေဘက်က ပြောခွင့်ရ ဗိုလ်ကြီးစောသရီးတူးက ပြောပါတယ်။ တချိန်ထဲမှာပဲ ကော့ကရိတ်မြို့ကအထက (၄) စာသင်ကျောင်းကို မော်တာကျည်တလုံးကျပြီး ပေါက်ကွဲခဲ့ပါတယ်။ ဒါပေမယ့်
Posted: 07 Jul 2015 07:45 PM PDT
အိမ်ရာ စီမံကိန်းကို မဘသ အဖွဲ့က ကန့်ကွက်ခဲ့  ရွှေတိဂုံ စေတီ အနီး ဒဂုံ စီးတီးဝမ်း အိမ်ရာ စီမံကိန်းကို ဖျက်သိမ်း လိုက်ပြီ ဖြစ်ကြောင်း အစိုးရက ဇူလိုင်လ ၇ ရက်နေ့မှာ တရားဝင် ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။ ရွှေတိဂုံ စေတီတော် ထိခိုက်မှာကို ရဟန်းရှင်လူ ပြည်သူ တွေက စိုးရိမ်တာရယ်၊ ဗိသုကာ ပညာရှင်တွေ ကနေ ဒီစီမံကိန်း လုပ်ရင် ရွှေတိဂုံကို ထိခိုက်နိုင်တယ် ဆိုတဲ့ အကြံပြုချက်တွေ၊ နောက် တပ်မတော် ကာကွယ်ရေး ဦးစီး
Posted: 07 Jul 2015 07:41 PM PDT
 အမျိုးသား ပညာရေး ဥပဒေ ပြန်လည်ပြင်ဆင်ပေးဖို့ ခရီးရှည်ချီတက်ဆန္ဒပြရင်း လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖမ်းဆီးခံရပြီး သာယာဝတီထောင်ထဲ ထိန်းသိမ်းခံခဲ့ရတဲ့ သပိတ်မှောက် ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူပေါင်း ၁၁ ဦးကို ဒီကနေ့ သာယာဝတီခရိုင် တရားရုံးက အာမခံပေးကြောင်း အမိန့် ထုတ်ပြန်လိုက်ပါတယ်။ ဒါပေမဲ့ အာမခံရခဲ့တဲ့သူတွေကိုတော့ လာမယ့်ဇူလိုင်လ ၁၄ ရက်နေ့ တရားရုံးချိန်းထုတ်တဲ့အချိန်မှာ သာယာဝတီမြို့နယ်တရားရုံးက
Posted: 07 Jul 2015 07:41 PM PDT
လာမယ့် ရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်း ရရှိဖို့ဆိုရင် ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်မှာသာမက မဲဆန္ဒရှင်ပြည်သူတွေနဲ့ နိုင်ငံရေးပါတီတွေမှာပါ တာဝန်ရှိတယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပြောဆိုလိုက်ပါတယ်။ လောလောဆည်မှာ အခြေခံ မဲဆန္ဒရှင်စာရင်း အမှားပြင်ဆင်ရမယ့် သတ်မှတ်ရက် ကျော်လွန်လာပေမဲ့ ရက်တိုးပြီး ဆောင်ရွက်ပေးနေကြောင်းနဲ့ နောက်ဆုံး အကြိမ်ထုတ်ပြန်ချိန်မှာလည်း ထပ်
Posted: 07 Jul 2015 07:50 PM PDT
ဂျူလိုင်လ ၇ ရက် ၂၀၁၅ အရှေ့တောင်အာရှ ဒေသတွင် အကြီးဆုံး ရေကာတာ စီမံကိန်းဖြစ်လာမည့် မိုင်းတုံ ရေကာတာ စီမံကိန်း အပါဝင် သံလွင် ရေကာတာ စီမံကိန်းမှာ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် တည်ရှိ နေသော ကြောင့် အဆိုပါ စီမံကိန်းများအား ကန့်ကွက်ကြောင်း အရပ်ဘက်လူမှု အဖွဲ့စည်းများမှ ဂျူလိုင်လ ၇ ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်လိုက်သည်။ ပဋိပက္ခဖြစ်ပွားနေသည့် တိုင်းရင်းသားဒေသများတွင် တည်ဆောက်ရန် ရည်ရွယ်ထားသည့်
Posted: 07 Jul 2015 07:11 PM PDT
ဘာစီလိုနာ ဇူလိုင် ၇ စပိန်နိုင်ငံ၌ ရက်သတ္တပတ်ကြာ ကျင်းပမည့် ရိုးရာနွားသိုးလွှတ်ပွဲတော်ကို ဇူလိုင် ၇ ရက်က စတင်ကျင်းပရာ အမျိုးသား သုံးဦး နွားဝှေ့ခံခဲ့ရပြီး ၁ဝ ဦးကို ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။ နှစ်စဉ်ကျင်းပသည့် ရိုးရာနွားသိုးလွှတ်ပွဲတော်အတွင်း လွှတ်ပေးလိုက်သည့် နွားသိုးများနှင့်အတူ လူအများ လိုက်ပါပြေးလွှားကြသည်။ ယောက်ျားများ၏ ရဲစွမ်းသတ္တိကို ထုတ်ဖော်ပြ
Posted: 07 Jul 2015 07:10 PM PDT
အိန္ဒိယစစ်တပ်အကြီးအကဲ Dalbir Singh ရဲ့ ဖိတ်ကြားချက်အရ နှစ်နိုင်ငံ နယ်စပ်ဒေသမှာရှိနေတဲ့ သောင်းကျန်းသူတွေကို ကင်းလှည့်ရေးကိစ္စ အပါအ၀င် နှစ်နိုင်ငံ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးဖို့အတွက် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယနိုင်ငံကို အခုလကုန်ပိုင်းမှာ သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်၊ Chandel ခရိုင်အတွင်းမှာရှိတဲ့ သူတို့တပ်
Posted: 07 Jul 2015 07:09 PM PDT
အမေရိကန်သမ္မတ Barack Obama ဟာ ဗီယက်နမ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ကို အိမ်ဖြူတော်မှာ အင်္ဂါနေ့က တွေ့ဆုံဧည့်ခံခဲ့ပါတယ်။ ဒါဟာ အရင်ရန်ဘက် ၂ နိုင်ငံဟောင်းတို့ ဆက်ဆံရေး တိုးမြှင့်ဖို့ နောက်ဆုံးကြိုးပမ်းမှုပဲ ဖြစ်ပါတယ်။ ဗီယက်နမ်စစ် ပြီးဆုံးတဲ့ နှစ် ၄၀ အထိမ်းအမှတ်ပြည့်ပြီး မကြာမီ ဗီယက်နမ် ကွန်မြူနစ်ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး Nguyen Phu Trong က အခုလို လာရောက် လည်ပတ်တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် (
Posted: 07 Jul 2015 10:59 AM PDT
ဇူလိုင်လ (၁၁)ရက်နေ့ ထုတ် Net Guide Journal Vol 3 Issue 92 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

လယ်သမားရဲ့နာရီ

$
0
0

တစ်ခါက လယ်သမားတစ်ယောက်ဟာ စပါးကျီထဲမှာ အလုပ်လုပ်နေရင်း လက်မှာ ပတ်ထားတဲ့ နာရီဟာ ပျောက်သွားခဲ့တယ်..။ ဒီနာရီဟာ သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရများစွာ ရှိနေတဲ့ နာရီ တစ်လုံးလည်း ဖြစ်တယ်..။ အသစ်ပြန်ဝယ်လို့ ရနိုင်ပေမယ့် ဒီနာရီကို သူအရမ်း နှမျောတသ ဖြစ်နေမိတယ်..။
သူဟာ အတော်ကြာအောင် နာရီကို ကောက်ရိုးပုံတွေကြားထဲမှာ ရှာဖွေခဲ့တယ်..။

နောက်ဆုံးတော့ သူဟာ လက်လျှော့လိုက်ပြီး အပြင်မှာဆော့ကစားနေတဲ့ ကလေးတစ်သိုက်ကို အကူအညီတောင်းဖို့ ဆုံးဖြတ် လိုက်တယ်..။ ပြီးတော့ နာရီတွေ့အောင်ရှာပေးတဲ့ကလေးကို ဆုချမယ်လို့လည်း မက်လုံးပေးလိုက်တယ်..။
ဒါကိုကြားကြားခြင်းပဲ ကလေးတွေဟာ စပါးကျီထဲကို ပြေးဝင်သွားကြပြီး သူ့ထက်ငါ အလုအယက် ရှာဖွေ ကြတယ်..။ ဒါပေမယ့် ပျောက်ဆုံးနေတဲ့ နာရီကိုတော့ ပြန်မတွေ့ ပါဘူး..။


ဒီလိုနဲ့ နောက်ဆုံး မရှာတော့ပဲ လက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အခြားကလေးတွေလို နာရီကို ၀င်မရှာပဲ ထိုင်နေတဲ့ ကလေး တစ်ယောက်က သူရှာပေးမယ် ဆိုပြီး လယ်သမားကြီးကို ပြောလာပါတယ်…။
လယ်သမားက "ကလေးတွေတော့ ရှာပြီးကုန်ပြီ.. ထပ်ရှာသေးချင်ရင်လည်း ရှာလေ.."လို့ ပြောလိုက်တယ်..။ ကလေးဟာ စပါးကျီထဲကို အေးအေးဆေးဆေးဝင်သွားပြီး ခဏအကြာမှာတော့ လက်ထဲမှာ နာရီ တစ်လုံး ကိုင်ပြီး ပြန်ထွက်လာပါတယ်..။
လယ်သမားဟာ အံ့သြ ၀မ်းသာမှုတွေနဲ့အတူ ကလေးကို တစ်ခြားကလေးအများကြီး ရှာမတွေ့တာကို တစ်ယောက်တည်း ဘယ်လို ရှာလာတာလဲလို့ မေးလိုက်တယ်..။
ကောင်လေးက "ကျွန်တော် ဘာမှ ထွေထွေထူးထူး မလုပ်ပါဘူး..။ အားလုံးတိတ်ဆိတ်နေတဲ့အခါမှာ..၊ နာရီရဲ့ တစ်ချက်ချက် မြည်သံကို အာရုံစိုက် နားထောင်ရင်း သူ့နေရာကို ခန့်မှန်းရှာလိုက်တာပါ…."
သင်ခန်းစာ ။ စိတ်ကို တည်ငြိမ်အောင် ထားပြီး အလုပ်တစ်ခုကို အာရုံစိုက် တွေးတော လုပ်ဆောင်တာဟာ စိတ်စောလျင်စွာ အလောတကြီး လုပ်ဆောင်တာထက် ပိုမို အကျိုးတယ်ဆိုတာပါပဲ.။
Credit - Original Writer

"အပြစ်တင်စော အတင်းပြောတတ်တဲ့ လောကကြီးရေ့ မင်္ဂလာပါ"

$
0
0

စင်္ကာပူမှာ ပြီးခဲ့တဲ့ရက်ပိုင်းက နာမည်ကြီးခဲ့တဲ့ မြန်မာချင်းဖြစ်တဲ့ အမှုအခင်းတစ်ခု ဖြစ်ခဲ့တယ်။
စွပ်စွဲခံရသူ (တချို့က တရားခံလို့ခေါ်နေကြတဲ့) ကိုဝင်းကျော်ကျော်အောင်နဲ့ အရမ်းနီးစပ်စွာ ပေါင်းသင်းနေတဲ့ သူ့သူငယ်ချင်းတစ်ယောက်က ကျနော့်ကို သူသိထားသမျှ၊ သူယုံကြည်ထားသမျှ၊ သူထင်မြင်ယူဆထား သမျကို ပြောပြတယ်။
(သူ့ကို အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စင်္ကာပူသတင်းစာတစ်စောင်ကလည်း လာရောက်တွေ့ဆုံမေးမြန်းခဲ့တယ်၊ တရုတ်လို ထုတ်ဝေတဲ့ သတင်းစာထဲမှာ သူ့ဓာတ်ပုံနှင့်တကွ သူ့ကို အင်တာဗျူးထားတာတွေ ပါတယ်)
သူကျနော့်ကို ပြောပြတာတွေနဲ့ ခု အွန်လိုင်းမှာ အများတကာ ရေးနေပြောနေကြတာနဲ့ ကွဲလွဲနေတယ်။
(ဘာတွေလွဲနေလဲဆိုတာကိုတော့ ငွေရောင်ပိတ်ကားပေါ်မှာ စောင့်စားကြည့်ရှုကြပါ)

လူတချို့က (လူတချို့ကိုပဲ ဆိုလိုပါတယ်) သူများအကြောင်းဆို ဟုတ်သည်မဟုတ်သည် မချင့်ချိန်တော့ပဲ ရမ်းယုံ ရမ်းဖွ ရမ်းအပြစ်တင်ကြတာကို တွေ့ရတယ်။

စင်္ကာပူက ဥပဒေအရာရှိကိုယ်တိုင်ကိုက ဒီအမှုကို တရားစွဲဆိုဖို့ အဆင်သင့်မဖြစ်သေးဘူး လို့ ဆိုထားဆဲပါ။
ဒါ့ကြောင့်...
ပထမအချက်အနေနဲ့က စွပ်စွဲခံရသူကို 'တရားခံ'လို့ ရေးနေပြောနေတာတွေဟာ (မြန်မာပြည်မှာဆိုရင်တော့) ဥပဒေကြောင်းနဲ့ ညှိနေပါပြီ။
ခုချိန်က စွပ်စွဲခံရတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ တရားခံ မဟုတ်ပါဘူး။
စွပ်စွဲခံရတဲ့အတိုင်း ဟုတ်/မဟုတ်ကို ရရှိတဲ့ အချက်အလက်တွေ၊ သက်သေသက်ကာရတွေနဲ့ စစ်ဆေးကြရအုံးမှာပါ။
နောက်ပြီး... ...
အိမ်ထောင်ရေးဖောက်ပြန်လို့... ဆိုတဲ့ အကြောင်းပြချက်ကိုလည်း တရားလက်လွတ် ရေးနေပြောနေ ဖြန့်နေတာကို တွေ့ရပါတယ်။
'သူတို့ ကလေးလေးတွေ သနားပါတယ်ဟယ်... ကောင်မက ဘာကောင်မ၊ ဟိုအကောင်က ဟာကြူလီ အဲလေ ကြာကူလီ ဘာညာ သာရကာ"...ဆိုတာကို လျှာအရိုးမရှိတိုင်း ပြောနေကြတာကိုလည်း တွေ့ရပြန်ပါတယ်။
တကယ်ဇာတ်လမ်းက အဲလိုဆိုတာ သေချာလို့ ရေးနေပြောနေတာလား ...
ကလေးတွေကို သနားတယ်ဆိုပြီး ကိုယ်ရေးနေ ပြောနေတာက ကလေးတွေကိုသနားရာရောက်နေလား အရှက်ရအောင် လုပ်နေတာလား စဉ်းစားစေချင်တယ်။
အဲဒီကိစ္စ မှန်/မမှန် ဘာကိုကြည့်ပြီး ပြောနေတာလဲ?
သတင်းဌာနတစ်ခုက ရေးတယ်... ...
'ဖောက်ပြန်သူ နှစ်ယောက်ရဲ့ ဖုန်းနဲ့ အပြန်ပြန် Chat ထားတာတွေကို တစ်စုံတစ်ယောက်က Screen shot ယူပြီး အွန်လိုင်းမှာ ဖြန့်ထားတယ်"... တဲ့။
မှားပါတယ်။
ကျနော်လည်း ဖတ်လိုက်ရပါတယ်။
အဲဒီ SS တွေသာ အမှန်ပါဆိုရင် (အမှန်ပါဆိုရင်) အဲဒါ ဖုန်းနဲ့ Chat ထားတာ မဟုတ်ဘူး။ ဖုန်းနဲ့ Chat လို့ အဲလို စာတန်းပုံစံမျိုးထွက်တာ ဘယ်မှာမှ မမြင်ဖူးဘူး။
နေ့စွဲ နာရီ မိနစ် စက္ကန့်အလိုက် ဖော်ပြတာမျိုး ဘယ်ဖုန်းမှာ မြင်ဖူးလဲ၊ ကျနော်မမြင်ဖူးတာများ ဖြစ်နေမလားတော့မသိ။
တကယ်ဖြစ်နိုင်တာက... ...
ကွန်ပြူတာမှာ Keylogger ဆိုတဲ့ Spyware ထည့်ထားပြီး အဲဒီကွန်ပြူ တာမှာ ရိုက်သမျှ ရေးသမျှ ကြည့်သမျှကို စက္ကန့်နဲ့အမျှ မှတ်တမ်းတင်ထားတာပဲ ဖြစ်ရမယ်။
အဲဒီမှတ်တမ်းကို ကွန်ပြူတာမှာ ပြန်ကြည့်ချင်လည်းရတယ်၊ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ Email ကို ပို့ပါဆိုရင်လည်း စက္ကန့်မလပ် ပို့ပေးနိုင်တဲ့ Spyware ဖြစ်တယ်။
(အွန်လိုင်းမှာ အဲဒီလို Spyware ကို အလကားဒေါင်းလို့တောင် ရပါတယ်)။
ဒါကတော့...
ကိုယ့်ကွန်ပြူတာကို ဘယ်သူတွေသုံးတာလဲ? ဘယ်လိုသုံးတာလဲ? ဘာတွေသုံးတာလဲ? ဆိုတာ ထောက်လှမ်းချင်ရင် ထည့်ထားတတ်ကြတဲ့ spyware တမျိုးပါ။
ထားတော့...
ကျနော် ပြောချင်တာက
ကျနော်တို့လည်း ခြောက်ပစ်ကင်း သဲလည်းစင် လူသားတွေမဟုတ်ကြဘူး။
လူသားတိုင်း တစ်ခုမဟုတ် တစ်ခု၊ တချို့ဆို ၂ခု ၃ခု လောက်မှားနေကြတာ။
(ကျနော်ဆို ၄-၅-၆၀-၇၀- ၈၀ ခု)
အမှားတွေနဲ့ လောကကြီးမှာဗျာ ကိုယ်ကိုယ်တိုင် ဂဃနဏ မသိပါဘဲနဲ့ (မသိကြသေးဘဲနဲ့) တဘက်လူ နစ်နာအောင် ဘာလို့များ ရမ်းသမ်း စွပ်စွဲ ပြောဆို ရေးသားနေကြမှာလဲ
မဟုတ်ဘူးလား?
ခု... သူတို့ကြားထဲမှာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်မှန်ဟာ ဘာမှန်းလဲ မသိကြသေးဘူး။
သူတို့ကို ငဲ့တယ်ဆိုရင်၊ ကလေးတွေကို ငဲ့တယ်ဆိုရင်၊ စွပ်စွဲခံရသူကို စာနာတယ်ဆိုရင် ... ...
Please don't judge too early ပါလို့... ...။
.
.
သန်၎ကို - လူမိုက်ကြီး

ငါ့ကို ဘိုးဘွားရိပ်သာ ပို့ပေးပါ........................

$
0
0

Ahtar Ng's photo.
Ahtar Ng

၁၉၉၁ ခုနှစ်
————-
“သားကြီး ကျောင်းသွားတော့မှာလား”
“ဟုတ်ကဲ့ဖေဖေ”
“စာကြိုးစားတဲ့ သားကြီးကို မုန့်ဖိုးအများကြီး ပေးရမှာပေါ့ကွ”
“အဖေကြီး…ရှင့်သားကို ကျွန်မ-မုန့်ဖိုးပေးပြီးသားလေ တော်ရဲ့”
“ဟာ…မင်းပေးသလို ငါလည်း ပေးမှာပေါ့ကွ၊ ငါ့သားကြီးက စာတော်တဲ့သားကွ”
“ရော့…သားကြီးအတွက် မုန့်ဖိုး။ ဒါက ဖေဖေပေးတာနော်”


x
၂၀၀၂ ခုနှစ်
————
“သားကြီးရေ၊ သားကြီး”
“မင်းအတွက် စဖို့ရှပ်လေး ဖေဖေ ဝယ်လာတယ်”
“သားကြိုက်တဲ့ အပြာနုရောင်လေးပဲ။ လိုက်၊မလိုက် ဝတ်ကြည့်စမ်းပါဦးကွ”
“ငါ့သားကြီးက တက္ကသိုလ်ကျောင်းသားကြီးတောင် ဖြစ်ပြီဆိုတော့
အကျီ င်္ကောင်းကောင်းလေးတွေ လိုမှာပေါ့။ ဖေဖေနောက်လည်း ဝယ်လာခဲ့မယ်”
“အဖေကြီး…ရှင့်ပုဆိုးက တော်တော်စုတ်နေပြီလေ”
“သားကြီးမှာက အကျီ င်္ကောင်းတာတွေ အများကြီး ရှိသေးတာပဲ တော်ရယ်”
“ရှင့်အတွက် ပုဆိုးကို ဝယ်မလာဘဲ ဘာလို့ သူ့အတွက် ဝယ်လာရတာလဲ ရှင်”
“ငါ့ ပုဆိုးက လှည့်ဝတ်ရင် အဆင်ပြေပါတယ်ကွာ။ ဘာမှ မဖြစ်ပါဘူး”
“မင်းသိလား….ငါ့သားကြီး ပညာတတ်ဘွဲ့ရ၊ အလုပ်ကောင်းကောင်းရတဲ့အခါ
ငါ့ကို ပုဆိုးတွေ ဒါဇင်လိုက် ဝယ်ပေးမှာကွ။ အဲ့ဒီ့တော့မှ မင်း ငါ့ကို ငေးကြည့်ရမယ်”
“အေးပါတော်…။ ရှင်ပဲ ပြောတော့။ ရှင်ပဲ ပြောတော့”
x
၂၀၁၂ ခုနှစ်
————
“မိန်းမရေ…ငါ့သား ချစ်သူက အချောလေးပါလားကွ”
“ပိုက်ဆံလည်း ချမ်းသာတယ်ဆိုတော့ ငါတို့ဘက်ကလည်း တစ်ခုခုတော့
လုပ်ပေးဖို့လိုတာပေါ့။ မဟုတ်ရင် ငါ့သားကြီးခမျာ မျက်နှာငယ်ရရှာမှာ”
ငါတို့နေတဲ့ မြေက…တို့အဘိုးအဘွားကြီး နှစ်ယောက်အတွက် ကြီးမနေဘူးလားကွ”
“ပေ ၄၀ ထဲက ပေ ၂၀ ကို ထုတ်ရောင်းပြီး သားကြီး မင်္ဂလာဆောင်အတွက်
သုံးပေးလိုက်ရင် ကောင်းမယ်နော် မိန်းမ။ သူလည်း တော်တော် ပျော်ရှာမှာ”
“ရှင့်ကိုတော့ ကျွန်မ မပြောတော့ဘူး။ ရှင့်သားကြီးအတွက်ဆိုရင် ကျွန်မကိုပါ
ရောင်းစားပေးမလား မသိပါဘူးတော်။ ရှင့်သဘော၊ ရှင့်သဘော”
x
၂၀၁၄ ခုနှစ်
————-
(က)
“ဟလို…သားကြီးလား…ဖေဖေပါ”
“ဖေဖေ အသုံးစရိတ်ပြတ်နေလို့
ဖေဖေ့ကို ငွေနည်းနည်းလောက် ပေးပါလား သားကြီးရယ်”
“ဟာ…ဖေဖေကလည်းဗျာ”
“ပြီးခဲ့တဲ့ လ,တုန်းကပဲ
ကျွန်တော် ဖေဖေ့ကို ငွေ သုံးသောင်း ပေးထားသေးတယ်မလား”
ဟုတ်တယ် သားကြီးရဲ့…
ဖေဖေ ဆေးဝယ်သောက်နေရလို့ ငွေက သိပ်အသုံးမခံဘူးကွယ်”
“မင်းမေမေ မရှိကတည်းက
ဖေဖေ့ ကျန်းမာရေးလည်း သိပ်မကောင်းတော့ဘူး သားကြီးရယ်”
(ခ)
“သားကြီးတို့ လင်မယားပါလား…ဘယ်က လှည့်လာတာလဲ”
“ကျွန်တော်…
ဟိုဘက် ရပ်ကွက်ထဲမှာ ကိစ္စတစ်ခုနဲ့လာရင်း လမ်းကြုံလို့ ဝင်လာတာ ဖေဖေ”
“ဒါဆို…သားကို ပြောစရာ ရှိတာနဲ့အတော်ပဲ”
“သားမလာရင် သားဆီကို ဖုန်းဆက်ပြီး ပြောမလို့”
“သားကြီး…ဖေဖေ့ မျက်မှန်က သိပ်ကြည့်လို့ မကောင်းတော့ဘူး”
“ဖေဖေ ပါဝါတိုးရမလားမသိဘူး”
“သားကြီး အဆင်ပြေရင်
ဖေဖေကို မျက်စိဆေးခန်း ခေါ်သွားပေးပြီး မျက်မှန်လေး လဲပေးပါလား သားကြီးရယ်”
“ဖေဖေကလည်း…မျက်မှန်က အကောင်းကြီး ရှိသေးတာပဲကို”
“ကျွန်တော်လည်း အခုက မအားသေးဘူး”
“ဖေဖေ့မြေးက ဖာလူဒါသောက်ချင်တယ်ဆိုလို့ သွားတိုက်ရဦးမှာ”
“ဒီလိုလုပ်လေ…ကျွန်တော် အားတဲ့တစ်နေ့ ဖေဖေ့ကို လာခေါ်မယ်လေ”
(ဂ)
“သားကြီးရေ”
“ဖေဖေ့ကျန်းမာရေးက သိပ်မကောင်းတော့ဘူးကွယ်”
“နေလို့ ထိုင်လို့လည်း သိပ်မကောင်းဘူး။ အမောလည်း ခဏခဏဖောက်နေတယ်”
“သားကြီး အဆင်ပြေရင် သားကြီးအိမ်မှာ ဖေဖေ့ကို ခေါ်ထားပါလား”
“သားကြီးအိမ်မှာ ဖေဖေလိုက်နေရမယ်ဆိုရင်
မြေးလေးမျက်နှာကို ကြည့်ရရုံနဲ့တင် ဖေဖေ့ကျန်းမာရေး တစ်ဝက်သက်သာပါပြီ”
“ဟာ…ဖေဖေ အဲ့ဒါတော့ အဆင်မပြေဘူးဗျ”
“ကျွန်တော့် မိန်းမက အိမ်မှာ အသက်ကြီးရွယ်အိုတွေ နေတာ သဘောမကျဘူး”
“အဲ့ဒါကြောင့် သူ့အဖေ၊ အမေကိုတောင် ခေါ်မထားဘူး”
“ကျွန်တော် လုံးဝ အဆင်မပြေလို့ပါ ဖေဖေ။ ကျွန်တော့်ကိုနားလည်ပေးပါ”
x
၂၀၁၅ ခုနှစ်။
————-
လူဆိုတဲ့ သတ္တဝါဟာ
ကိုယ်စိုက်ခဲ့တဲ့ အသီးကို မစားရရင်တောင် အရိပ်ကလေးတော့ ခိုချင်ကြတာ
သဘာဝပါ သားကြီးရယ်။ သားကြီးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာစိုးလို့
ဖေဖေ့ ဆန္ဒနဲ့ ဖေဖေကိုယ်တိုင် ဆုံးဖြတ်ပြီး ဘိုးဘွားရိပ်သာမှာပဲ သွားနေဖို့
အသင့်ဖြစ်ပါပြီ။ သားကြီးတို့ မိသားစုဘဝလေး အေးချမ်းသာယာပါစေ။
ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့ ဖေဖေ ဆုတောင်းခဲ့ပါတယ် သားကြီးရယ်။
x
၂၀၁၆ ခုနှစ်
————
ဘိုးဘွားရိပ်သာတစ်ခု၏ ကုတင်နံပါတ် (၁၃)ရှိ အဘိုးအိုတစ်ဦး၏ မျက်ဝန်းမှ
မျက်ရည်တို့ တသွင်သွင် စီးကျနေသည်ကို စာဖတ်သူတို့ မြင်တွေ့ရပါလိမ့်မည်။
ထိုအဘိုးအို ဘာတွေ တွေးပြီး၊ အဘယ်ကြောင့် ငိုကြွေးနေရှာသလဲ ဆိုသည်ကိုလည်း စာဖတ်သူတို့ နားလည် သဘောပေါက်ကြမည်ကို ကျွန်တော် အသေအချာသိပါသည်။

အိမ်ဝေးသူ(KZ)

သစ်ထူးလွင် သတင်းစုစည်းမှု (၉-၇)

$
0
0

သစ်ထူးလွင်


Posted: 09 Jul 2015 06:53 AM PDT
အစုရှယ်ယာတွေ ပြန်ထုတ်မရောင်းဖို့ တရုတ် အစိုးရက တားမြစ်ခဲ့။  တရုတ် နိုင်ငံမှာ စတော့ ဈေးကွက် တည်ငြိမ်အောင် ထိန်းသိမ်းမှုတွေ ထပ်မံ ပြုလုပ်ခဲ့ပြီးနောက် ဆက်တိုက် ကျဆင်းနေခဲ့တဲ့ အစု ရှယ်ယာ တန်ဖိုးတွေဟာ ကြာသပတေးနေ့မှာ ပြန်လည် ခုန်တက်ခဲ့ပါတယ်။ ရှန်ဟိုင်း အစုရှယ်ယာ ဈေးကွက် အညွှန်းကိန်းဟာ ၆ နှစ် အတွင်း အမြင့်ဆုံး အဖြစ် ၆ ရာခိုင်နှုန်း နီးပါး ခုန်တက်ပြီး ဈေးပိတ်သွားပါတယ်။ ဟောင်ကောင်က ဟန်ဆင်း ညွှန်းကိန်း
Posted: 09 Jul 2015 06:49 AM PDT
ဝီဂါလူမျိုးတွေ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ထိန်းသိမ်းထားစဉ်။ (မတ် ၂၆၊ ၂၀၁၄)  ထိုင်းနိုင်ငံမှာ လာရောက်ခိုလှုံနေတဲ့ ဝီဂါ တိုင်းရင်းသား တွေကို တရုတ်နိုင်ငံ ပြန်ပို့ရင် ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ လူ့အခွင့်ရေးအဖွဲ့ တွေက သတိပေးထားတဲ့ ကြားကပဲ ထိုင်းအစိုးရက ဝီဂါ တိုင်းရင်းသား တရာလောက်ကို တရုတ်နိုင်ငံပြန်ပို့လိုက်ပါပြီ။ တရုတ်နိုင်ငံ Xinjiang ဒေသမှာ တရားဝင်ခွဲခြားဆက်ဆံမှုတွေ ခံနေရတ
Posted: 09 Jul 2015 06:47 AM PDT
 အာဏာရ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီရဲ့ ပါတီဗဟိုအတိုင်ပင်ခံ လည်းဖြစ် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ဟာ ဦးနှောက်သွေးကြော ပေါက်မှုကြောင့် အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရပါတယ်။ ဇူလိုင်လ ၈ ရက်နေ့ညပိုင်းက နေပြည်တော်နေအိမ်မှာ မူးလဲပြီး၊ နေပြည်တော်ရှိ ကုတင်တထောင်ဆေးရုံကို အရေးပေါ်တင်ခဲ့ရပါတယ်။ အခြေအနေဟာ စိုးရိမ်စရာရှိတယ်လို့ သူ့ဆရာဝန်က ပြောဆို တာကို ပြည်တွင်းသတ
Posted: 09 Jul 2015 04:39 AM PDT
လတ်​တ​လောထိုင်းနိုင်​ငံရဲများသည်​ ​ခွေးအ​လောင်း​ကောင်​ရာ​ကျော်​တင်​​ဆောင်​လာ​သောထရပ်​ကားတစ်​စီးကို ကြားဖြတ်​ဖမ်းဆီးခဲ့သည်​။ အများမသိရှိ​စေရန်​အတွက်​ ​မှောင်​ခိုဂိုဏ်းသားများသည်​ ​ခွေးများကိုသတ်​ပြီးကားအတွင်းတင်​​ဆောင်​ထားကာဖမ်းဆီးမခံရ​စေရန်အတွက်​ တိမ်း​ရှောင်​​နေခဲ့သည်​။ ထိုင်းနိုင်​ငံတွင်​ လူအ​တော်​များများက ​ခွေးချစ်​တဲ့သူ​တွေဖြစ်​ကြပါတယ်​။ သို့​သော်လည်းပြည်​သူ​တွေကြားမှာ ​ခွေး
Posted: 09 Jul 2015 04:27 AM PDT
    ရန်ကုန် ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)   နိုင်ငံ့ဝန်ထမ်းများ၏ အငြိမ်းစားယူခွင့်ပြုသည့် သက်တမ်းကို ယခုကျင့်သုံးနေသော အသက် ၆၀ နှစ် ပြည့်သည့်နေ့ ရက်တွင် အငြိမ်းစားယူသည့် စနစ်ဖြင့်သာ ဆက်လက်ထားရှိရေး ပြည်ထောင်စု လွှတ်တော်နှင့် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီး အဆိုတစ်ရပ်ကို ဇူလိုင်လ ၉ ရက်တွင် ပြုလုပ်သော  ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြု၍ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်ခဲ့
Posted: 09 Jul 2015 04:22 AM PDT
 ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)   ဒေါ်လာဈေးနှုန်းများ ကျဆင်းရန် အစိုးရမှ ထိန်းသိမ်းပြီးသည့်နောက် တစ်ဒေါ်လာကို ၁,၀၈၅ ကျပ်ဝန်းကျင်နဲ့ ငြိမ်နေရာကနေ ယနေ့တွင် တစ်ဒေါ်လာကို ၁,၂၁၈ ကျပ်အထိ ပြန်လည် မြင့်တက်ခဲ့သည်။ စီးပွားရေး ပညာလေ့လာသူ ဦးသန်းစိုး (ဘောဂဗေဒ) က “ အခု တခါ ဒေါ်လာ ဈေးတက်တာကတော့ အစိုးရ က ကျပ် ၁၀,၀၀၀ တန် အသစ်ထုတ်တာနဲ့ ဆိုင်တယ်လို့ ထင်ပါတယ်။ အဲ့ဒီ သက်ရောက်မှုက ကြီးသွားတာပါ။ ၂၀၁၃ တုန်းက ၅,၀၀၀
Posted: 09 Jul 2015 03:52 AM PDT
စစ်တွေ၊ ဇူလှိုင် ၉ ယနေ့ နေ့လယ် ၁ နာရီခန့်က ရခိုင်ပြည်နယ် စစ်တွေမြို့ ယဉ်ကျေးမှု ပြတိုက်မှ ခိုးယူပြီး ရန်ကုန်သို့ ပို့ဆောင်သည်ဟု ယူဆရသော ရှေးဟောင်းကျောက်စာ တစ်ချပ် အပါအ၀င် အရေးကြီးသော ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို ဒေသခံ ပြည်သူများက ၀ိုင်းဝန်း ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။ ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်သူ တစ်ဦးက နိရဉ္စရာသို့ ဖုန်းဖြင့် ဆက်သွယ်ပြောကြားရာတွင် ပထမ တိုးရတနာ ကားဖြင့် ပို့ဆော
Posted: 09 Jul 2015 03:09 AM PDT
ရန်ကုန် ဇူလိုင် ၈ ရန်ကုန်မြို့တွင်း တိုက်ခန်း ဝယ်ယူမှု လျော့လာခြင်းတို့ ကြောင့် ယခင်နှစ်ထက်ဆောက် လုပ်ရေး လုပ်ငန်းများ ဆောက်လုပ် မှု လျော့ကျလာကြောင်း ရန်ကုန် မြို့ရှိ ဆောက်လုပ်ရေး လုပ်ကိုင်သူ များထံမှ သိရသည်။ ကန်ထရိုက်ဆောက်လုပ်ရေး အိမ်ရာတစ်ခုလက်ခံလျှင်တိုက်ခန်း အရစ်ကျဝယ်ယူသူများကို ရောင်း ချပြီးမှ ဆောက်လုပ်ရေးလုပ်ငန်း များကို လုပ်ကိုင်ရသဖြင့် ယခုနှစ် တွင် ဝယ်ယူမှုနည်းကာငွေကြေး လည်ပတ်မှုမရှိသေြာေ
Posted: 09 Jul 2015 03:02 AM PDT
စပါးကြီးမြွေ - ဓါတ်ပုံ - အင်တာနက်   ကချင်ပြည်နယ်မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံကြီး၌ ကလေးငယ်တစ်ဦး မြွေကိုက်ခံရသဖြင့် ယခုလ ၄ ရက်တွင် လာရောက် ကုသနေကြောင်းသိရသည်။ ဖြစ်စဉ်မှာ မိုးညှင်းမြို့ရွာသစ်ကုန်း ရပ်ကွက်သစ်နေ ဦးထိန်ဝင်း-ဒေါ်အီပိန် တို့၏ပဉ္စမမြောက်သား ဝါဆိုဦး(ခ)သက်နိုင်ဖြိုး အသက်(၅)နှစ်သည် စနေနေ့ ကျောင်းပိတ်ရက်ဖြစ်သဖြင့် ကြီးတော်တစ်ဦးနှင့်အတူ မိုးညှင်းမြို့ အရှေ့ဘက် ထန်းတပင်လယ်တောသို့ နွားေ
Posted: 09 Jul 2015 02:27 AM PDT
 ဇူလိုင် ၉ရက်၊ ၂၀၁၅ခုနှစ်။  ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) နယ်မြေအတွင်းရှိ ကျေးရွာအုပ်စု (၈)ရွာများတွင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှစ၍ ကြွက်များ ၀င်ရောက်ဖျက်ဆီးမှုကြောင့် ဒေသခံများ၏ တောင်ယာနှင့်လယ်မြေများမှာ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း ရွာခံပြည်သူများက ပြောဆိုသည်။ ယင်းသို့ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်၍ စော်သဲခီးကျေးရွာသား စောအော
Posted: 09 Jul 2015 02:47 AM PDT
ရွှေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ တွေ့ရပေမယ့် ရွေးကောက်ပွဲ ဝင်မဝင်ကို NLD တရားဝင် မပြောသေး (Credit: Reuters)  မြန်မာနိုင်ငံမှာ ​ရွေးကောက်ပွဲကို ​နိုဝင်ဘာလ ​၈ ​ရက်နေ့မှာ ​ကျင်းပမယ်လို့ ​ရွေးကောက်ပွဲ ​ကော်မရှင်က ​ကြေညာခဲ့ပေမယ့် ​NLD ​ပါတီကတော့ ​ရွေးကောက်ပွဲ ​ဝင်မယ် ​မဝင်ဘူးဆိုတာ ​မဆုံးဖြတ်ရသေးဘူးလို့ ​ပြောပါတယ်။ NLD ​ပါတီရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ် ​ဦးဥာဏ်ဝင်းကတော့ ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​အစည်းအဝေး
Posted: 09 Jul 2015 02:21 AM PDT
မှုခင်းနေရာကို ထိုင်းရဲတွေ ကန့်သတ် တားဆီးမှုတွေ မလုပ်ဘူးလို့ မြန်မာ ၂ ဦးကို ကိုယ်စားပြုတဲ့ ရှေ့နေတွေက ထိုင်းရဲကို ဝေဖန် (Credit: AFP)  ထိုင်းနိုင်ငံ ​လိပ်ကျွန်းလူသတ်မှုနဲ့ ​ပတ်သက်ပြီး ​မြန်မာ ​နှစ်ဦးဘက်ကနေ ​ရှေ့နေလိုက်ပေးသူတွေကတော့ ​ထိုင်းရဲတွေရဲ့ ​အမှုကိုင်တွယ်ပုံကို ​ဝေဖန်လိုက်ပါတယ်။ မနေ့တုန်းက ​စတင်တဲ့ ​တရားရုံး ​ကြားနာမှုအတွက် ​တရားခံဘက်က ​ရှေ့နေတွေက ​ထိုင်းရဲတွေကို ​ဝေဖန်လိုက်တာ ​ဖြစ်ပြီး
Posted: 09 Jul 2015 02:13 AM PDT
ဗိုလ်ခင်ညွန့် ဘုန်းမီးနေလ တောက်စဉ်ကပေါ့။ မူးကြောင်ကြောင် ခပ်ထွေထွေ လူတယောက်ဟာ ဘတ်စ်ကားပေါ်မှာ “ဗိုလ်ခင်ညွန့်ကို လူ တရာ ကိုးဆယ့်ကိုးယောက် လက်မခံဘူး”လို့ ထပ်ခါထပ်ခါ ပြောလာသတဲ့။ အဲဒီမှာ အဲဒီလူမှတ်တိုင်ကဆင်းတော့ ထောက်လှမ်းရေးက လက်ထိပ် ခတ်ဖမ်းလိုက်ပါရော။ ဘာအပြစ်ရှိလို့လဲပေါ့။ ဘတ်စ်ကားပေါ်မှာ ဗိုလ်ခင်ညွန့်ကို လူတရာ ကိုးဆယ့်ကိုးယောက် လက်မခံဘူးပြောလို့တဲ့။ အဲဒီမှာ အဖမ်းခံရတဲ့သူက “ဟုတ်တယ်လေ၊ လူတရာ့ ကိုးဆ
Posted: 09 Jul 2015 02:02 AM PDT
နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် တက်ရောက်ကုသနေသော ဦးအောင်သောင်းသည် စင်္ကာပူနိုင်ငံတွင် ဆေးကုသရန်ထွက်ခွာ နေပြည်တော်ကုတင် ၁၀၀၀ဆေးရုံ အရေးပေါ်ဌါနတွင် ဆေးကုသခံယူနေသော ဦးအောင်သောင်း၏ အခြေအနေမှာ စိုးရိမ်ရကြောင်း ဦးနှောက်ခွဲစိတ်အထူး ကုဆရာဝန်ကြီး ဒေါက်တာမြတ်သူ ကပြောပါတယ်။ 'ဦးနှောက်သွေးကြော ပေါက်တာ ဖေါင်းတာ ဦးနှောက်သွေးကြော ပေါက်ပြီး သွေးယိုတာ စိုးရိမ်ရတယ် အခြေအနေကပြောလို့ မရသေးဘူး စိုးရိမ်ရတယ်ပေါ့
Posted: 09 Jul 2015 06:24 AM PDT
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း သည် ဇူလိုင်လ ၈ ရက်နေ့ ည၁၁ နာရီခန့် တွင် ဦးခေါင်းအတွင်းရှိ ဦးနှောက်သွေးကြောငယ်လေး များ ပေါက်သွားသဖြင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံသို့ အရေးပေါ်တင်လိုက်ရကြောင်း သတင်းရရှိပါတယ်။ ‘အခြေအနေကတော့ စိုးရိမ်ရတယ် အသက်ကလဲကြီးနေပြီးလေ ခုချိန်ထိသတိမရသေးဘူး ’ ဟုဦးအောင်သိန်းလင်းကဦးအောင်သောင်း ရဲ့အခြေအနေကိုရှင်းပြပါတယ်။ ရွေးကောက်ပွဲကြေငြာသည့် ည ၁၁ နာရီခန်
Posted: 08 Jul 2015 08:28 PM PDT
 လွိုင်ကော်မြို့ ကျောင်းသား အားကစားကွင်း အရှေ့ဘက် လွိုင်ကော်-ရှားတော လမ်းမကြီးဘေးတွင် လူငယ်တစုက ၀ိုင်းရိုက်သည့် အတွက် လူငယ်တဦး သေဆုံးသွားသည်။ ဇူလိုင် ၃ ရက် ည ၁၁ နာရီခန့်က သူငယ်ချင်း ၂ဦး အင်တာနက်သုံးနေသည်ကို ထိုင်စောင့်နေသည့် လူငယ်တဦးကို ဆိုင်ကယ် ၂ စီးဖြင့် စီးနင်းလာသည့် လူငယ်တစုက ရိုက်နှက်ခဲ့သည်ဟု လွိုင်ကော် မြို့မ ရဲစခန်းက ပြောသည်။ သေဆုံးသူမှာ လောဓမ္ဓရပ်ကွက်နေ အသက် ၂၂ နှစ် ကိုနေ၀င်းထွန်း(
Posted: 08 Jul 2015 07:43 PM PDT
ပြည်နယ်အစိုးရဝန်ကြီး လေးဦး ပါတီမှနုတ်ထွက်၊ ဝန်ကြီးတစ်ဦးမှာ ရွေးကောက်ပွဲဝင်ရန်မရှိ  ကယား(ကရင်နီ)ပြည်နယ်တွင် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများအဖြစ် ခန့်အပ်ခြင်းခံရသည့် ဝန်ကြီးများထဲမှ လေးဦး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နုတ်ထွက်ပြီး ကျန်ရှိသည့် ဝန်ကြီးများအနက် တစ်ဦးသည်လည်း ကိုယ်စားလှယ်လောင်း ဝင်ပြိုင်မည်မဟုတ်ကြောင်း အနားယူသွားမည်ဟု သိရသည်။ ̏ ကျတော်တို့ ဝန်ကြီးကနေ နုတ်ထွက်တယ်
Posted: 08 Jul 2015 07:41 PM PDT
 တရုတ်နိုင်ငံ အစုရှယ်ယာဈေးကွက် ဆက်လက် မတည်မငြိမ် ဖြစ်နေတဲ့အတွက် တရုတ်အစိုးရ အနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ အထိတ်တလန့် မဖြစ်ကြစေဖို့ သတိပေးရင်း ၃ ရက်ကြာ ကျဆင်းလာတဲ့ အစုရှယ်ယာ ဈေးကို ဆက်လက်မကျအောင် ထိန်းသိမ်းနိုင်ဖို့ အစီအစဉ်သစ်တွေ အပူတပြင်း လုပ်ဆောင်နေရပါတယ်။ တရုတ်အစုရှယ်ယာဈေး ကျဆင်းမှုဟာ အမေရိကန် ပြည်ထောင်စုအထိ ကူးစက်လာပြီး ဗုဒ္ဓဟူးနေ့လည် အရောင်းအ၀ယ်မှာ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါပေ
Posted: 08 Jul 2015 07:41 PM PDT
Mark Toner - အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန နိုဝင်ဘာလ (၈) ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်တဲ့အပေါ် အမေရိကန် ပြည်ထောင်စုက ကြိုဆိုလိုက်ပြီး၊ နည်းပညာနဲ့ ငွေကြေးထောက်ပံ့မှု အကူအညီတချို့ ပေးနေတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒါ့အပြင် မြန်မာရွေးကောက်ပွဲကို ပထမဆုံးအကြိမ် စောင့်ကြည့်မယ့် နိုင်ငံတကာ အဖွဲ့တခုဖြစ်တဲ့ Carter Center ကလည်းြ
Posted: 08 Jul 2015 07:38 PM PDT
ဇူလိုင် (၈) မကြာသေးမီက မလေးရှားဝန်ကြီးချုပ်ကို အကျင့်ပျက်ခြစားမှု၊ ငွေအလွဲသုံးစားလုပ်မှုတို့ ဖြင့် စွပ်စွဲခဲ့ပြီးနောက် ယနေ့  တွင် မလေးရှားနိုင်ငံ အာဏာပိုင်များက မြို့ တော်ကွာလာလမ်ပူရှိ နိုင်ငံတော်ရင်းနှီးမြုပ်နှံမှု ရံပုံငွေရုံးအား ၀င်ရောက် စီးနင်းခဲ့ပြီး စာရွက်စာတမ်းများကို နာရီပေါင်းများစွာကြာအောင် ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။ ၀န်ကြီးချုပ်နာဂျစ်သည် နိုင်ငံတော်ရင်းနှီးမြုပ်နှံမှုရံပုံငွေပိုင်
Posted: 08 Jul 2015 07:10 PM PDT
အိန္ဒိယ နိုင်ငံ က နာမည်ကျော် လူအခွင့် အရေး လှုပ်ရှားသူ အမျိုးသမီး တီစတာ ဆီတာလ်ဗတ် ကို အစိုးရ ရဲ့ ခွင့်ပြု ချက် မရပဲ နိုင်ငံခြား အထောက်အပံ့ ငွေ တွေ လက်ခံ ခဲ့ မှု နဲ့ အိန္ဒိယ ရဲ့ ဗဟို ထောက်လှမ်းရေး အဖွဲ့ CBI က တရား စွဲ လိုက် ပါတယ်။ အမေရိကန် အခြေစိုက် Ford Foundation ဆီ က ငွေ တွေ ကို Ms ဆီတာလ်ဗတ် ဦးဆောင်တဲ့ Sabrang ဆိုတဲ့ NGO အဖွဲ့ က လက်ခံ ရရှိခဲ့တာ ကို စာရင်းစ⁠စ် တွေ့ ရှိရတယ် လို့ CBI က ပြောပါတယ်။
Posted: 08 Jul 2015 07:07 PM PDT
 ထိုင်းနိုင်ငံက ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသားတွေနဲ့ ပတ်သက်လို့ အဓိက သက်သေတွေကို စတင်စစ်ဆေးခဲ့ပြီး မနေ့က တရားခွင်ကနေ တရားခံတွေအဖြစ် စွပ်စွဲခံရသူ လူငယ် ၂ ဦးရဲ့ DNA ပြန်လည်စစ်ဆေးခွင့် ငြင်းပယ်လိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ ၂ လကျော်ကြာ ရပ်နားထားပြီးတဲ့နောက် လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့
Posted: 08 Jul 2015 07:04 PM PDT
လာမယ့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုကော်မတီဝင် တဦးလည်းဖြစ်၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဌ အဖြစ်လည်း တာဝန်ယူထားသူ ပျဉ်းမနား လွှတ်တော်အမတ် ဦးလှမြင့်ဦးက ပြောဆိုပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်နဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်း
Posted: 08 Jul 2015 04:00 PM PDT
 ရေတွင်းထဲသို့ သန့်ရှင်းရေး ဆင်းလုပ်စဉ် ရေစုပ်စက်မှ ထွက်သည့် မီးခိုးများကြောင့် အောက်ဆီဂျင် ပြတ်သဖြင့် သံဃာ(၂)ပါးပျံလွန် နေပြည်တော်၊ ဇူလိုင် ၈ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ ည ၆ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ချောင်းပေါက်ကျေးရွာ၊ ဥသျှစ်ဘုန်းကြီးကျောင်းတွင် ရေတွင်းအား သန့်ရှင်းရေးပြုလုပ်စဉ် သံဃာ (၂)ပါး ပျံလွန်တော်မူသွားကြောင်း သတင်းအရ မင်းကွန်းရဲကင်းစခန်းမှတပ်ဖွဲ့ဝင်
Posted: 08 Jul 2015 03:58 PM PDT
စလင်း ဇူလိုင် ၈ မကွေးတိုင်းဒေသကြီး၌ ဒေသ အတွင်း မိုးရွာသွန်းမှုအားကောင်းလာ ခြင်းနှင့် မြစ်ချောင်းများ ပြောင်းလဲ လာခြင်းတို့ကြောင့် အပေါ်ယံမြေထု သုံးပေကျော်ခန့်ရှိပြီး အဆိုပါ မြေထု အောက်နုန်းသဲများဖြင့် ဖွဲ့စည်းဖြစ် တည်ခဲ့သော သဲကမ်းပါးများသည် နေရာအနှံ့ ပြိုကျမှုများဖြစ်ပွားလျက် ရှိပြီး ဇူလိုင် ၆ ရက်နှင့် ၇ ရက်တို့တွင် စလင်းမြို့နယ်ရှိ ကျေးရွာများသည် အိမ်ခြေ ၆ဝ ခန့်နှင့် လူဦးရေ ၂၅ဝ ခန့် ကမ်းပါြး

တာဝန်သိသူ

$
0
0

မိတ်ဆွေတို့ကို ကျနော် ဒေါက်တာမာတောက်နဲ့ မိတ်ဆက်ပေးပါရစေ။
မိတ်ဆွေ အရင် တီဗွီ ကြော်ငြာခေတ်က ဘေဘီဗိုက်တာ
ခလေး အားတိုးဆေး ကြော်ငြာကို ကြည့်ဖူးမှာ ပေါ့။ အဲဒီ ကြော်ငြာ
ထဲက ဗိုက်ပူပူ ဖင်ကောက်ကောက် ခလေးလေးကို မျက်စိထဲမြင်
ကြည့်လိုက်ပါ။

အခု အဲဒီခလေး အသက် ၄၀ ကျော်ကို ရောက်ပြီလို့
စိတ်ကူးကြည့်လိုက်ပါ။ အရပ်အမောင်းကောင်းကောင်း ၊ ဗိုက်ပူပူ၊ ဖင်
ကလေး ကောက်ချိတ်ချိတ်၊ အသားအနည်းငယ်ညိုပေတဲ့ ကြည့်
ကောင်းပါတယ်။ အ၀တ်အစားကိုလည်း ၀တ်တတ်စားတတ် သပ်သပ်
ရပ်ရပ်ကလည်းရှိ၊ စကားကလည်း လည်လည်ပတ်ပတ်ပြောတတ်ဆို
တတ်ရှိလေတော့ အပေါင်းအသင်းကလည်း ပေါမှပေါပါပဲ။ အချိန်တန်ရင်
ပျော်ဖို့ပါးဖို့ အပေါင်းအသင်းတစ်သိုက် က သူ့ကို လာခေါ်နေကျ။
ဟိုက လာမခေါ်လဲ သူက သွားခေါ်နေကျ။ ဒါက သူ့အကြောင်းတစိပ်
တစ်ပိုင်း ဆိုပါတော့။
မိတ်ဆွေတို့ကို အထက်မှာ ကျနော်မိတ်ဆက်ပေး ခဲ့တဲ့ ဒေါက်တာမာ
တောက် ဟာ တစ်ရက်တော့ သူ့မိန်းမနဲ့ ခလေးတွေမှာလိုက်တဲ့ ပစ္စည်း
လေးအချို့ကို ၀ယ်စရာရှိသဟာနဲ့ အိုရှင်းစူပါ မားကက် ကို ကားလေး
မောင်းပြီး ရောက်လာတယ်။ ကားပတ်ကင် မှာ ကားကို ရပ်ပြီး စူပါမား
ကက်ထဲကို ၀င်လာခဲ့တယ်။ အဲ . . ဒီနေရာမှာ ကြားဖြတ်ပြောပါရစေအုံး။
ဒေါက်တာ မာတောက်ဟာ သူ့သူငယ်ချင်း တစ်ယောက် လက်ဆောင်
ပေးထားတဲ့ ရေဘင် မျက်မှန် အစစ် (ဒီနေရာမှာ အစစ်လို့ သုံးတာဟာဖြင့်
သူဟာသူဝယ်ရင် အတုဖြစ်မှာမို့ပါ) ကို မချွတ်တမ်းဝတ်ထားတဲ့အကြောင်း
ပါ။ မိန်းမ မှာလိုက်တဲ့ ပစ္စည်းဆိုတော့ကာ အစားအသောက် ရောင်းတဲ့
နေရာတ၀ိုက်မှာ လိုက်ကြည့်ရတာပေါ့။ အစတော့ မျက်မှန်အောက်က
မျက်လုံးက ကုန်ပစ္စည်းတွေတည်းခင်းထားတာကို လိုက်ကြည့်နေတာပါ။
သို့ပေမယ့် ဆဋ္ဌမအာရုံအရပေါ့လေ . . အနီးတ၀ိုက်မှာ အလှအပလေး
တွေ ရှိနေတယ်ဆိုတာ သိလိုက်ရတဲ့သကာလ ခေါင်းကို ငဲ့စောင်း မကြည့်
ပဲ မျက်စိကို သာစွေစောင်းပြီး ဘေးဘီကို လှည့်ကြည့်လိုက်ပါတယ်။
ခေါင်းက တော့ ပစ္စည်းတွေတင်ထားတဲ့ စင်ပေါ်ကို ရောက်နေပေတဲ့လို့
မျက်မှန်အောက်က မျက်စိကတော့ သူ့ရှေ့နားက သူ့ကို သေချာကြည့်
နေတဲ့ မိန်းခလေးငယ် တစ်ယောက်စီမှာ ကျက်စားနေလေရဲ့။ ခလေးမ
လေးရဲ့ မျက်နှာက နှာတံစင်းစင်း နဲ့မျက်လုံးလေးက ကြည်လင်ဝင်းပလို့
နေပါတယ်။ အသားအရည်က ဖြူဖြူ ကိုယ်လုံးကိုယ်ထည် က သွယ်သွယ်လျလျ
အချိုးအဆစ်ကလည်း လှပလွန်းတာမို့
ကြည့်လို့မှ မ၀နိုင်အောင် ချောလှပါတယ်။ အနှီး ကောင်မလေးက သူ့ဆီ
တည့်တည့်လျှောက်လာပြီး အစပထမ ပြုံးပြပါတယ်။ ပထမ တော့သူ
အံ့သြသွားပါတယ်။ နောက်ထပ်ပိုအံ့သြသွားတာက ကောင်မလေးက သူ့
ကို စကားလာပြောတာကိုပါ။ ကြည့်ရတာ ဆိုင်ဝန်ထမ်းလဲမဟုတ်ပါဘူး။
သူလိုကိုယ်လို ဈေးလာဝယ်တဲ့သူပါ။ အသက်က တော့ ၂၀ကျော်ပတ်ဝန်း
ကျင်လောက်ရှိမှာပါ။
သူလေးက ဒေါက်တာ မာတောက်ကို စကားစပြောလာတယ်။
"ကျမ . .ရှင့် ကို မြင်ဘူးနေတာ။ ကျမ ခလေးတွေထဲက တစ်ယောက်ရဲ့
အဖေပဲ။ ဟုတ်ပါတယ်နော်"
ထိုစကားကို ကြားပြီးသကာလ
ဒေါက်တာမာတောက်တစ်ယောက် စိတ်ထဲမှာ သူ့ဘာသာသူ စကား
တွေ အပြန်အလှန် ပြောနေမိသည်။
ဒီ ခလေးမ ကို ငါဘယ်မှာ တွေ့ဘူးလိုက်ပါလိမ့်။ သူ့ခလေးတစ်ယောက်ရဲ့
အဖေဟာ ငါလို့ ဆိုနေတော့ . . ငါနဲ့ သူနဲ့ ဘယ်တုန်းက ဘယ်လို ပတ်သက်
နေပါလိမ့်။ သူ စဉ်းစားမရ။ ဘယ်နေရာမှာ တွေ့ဘူးလဲ။ မတွေ့မိပါဘူး။
ဘယ်လိုပတ်သက်ခဲ့လဲ။ ဘယ်လိုမှ မပတ်သက်ဘူးပါဘူး။ ဒါဆို ဟိုက သူ့
ခလေးတွေထဲက အဖေတစ်ယောက်လို့ မင်းကို ပြောနေပါလား။ အင်းလေ
မှတ်တာမမှတ်မိတာ ခလေးမလေးက ချောလွန်းလှလွန်းနေတော့ ပတ်သက်
ချင်လဲ ပတ်သက်မိမှာပေါ့။ ကိုယ်ကသာ မမှတ်မိတာ။ ဒေါက်တာမာတောက်
အတွေးတွေကို ရပ်ပြီး ကောင်မလေး၏ အမေးကို ပြန်ဖြေရန် စကားစလိုက်
မိသည်။
"အဲ . . အင်း ကျနော်လဲ ခင်ဗျားကို မြင်ဖူး တွေ့ဖူးသလိုပဲ။ ကျနော်ခန့်မှန်း
ကြည့်မယ်နော်။"
ဤသို့ စကားစပြီး ဒေါက်တာမာတောက် ခလေးမလေးကို မေးခွန်းတွေ မေး
လိုက်မိသည်။
"ညီမလေးက လှိုင်သာယာက ကျန်စစ်သားအိမ်ယာမှာ နေဖူးတယ်မို့လား"
ကောင်မလေးက ပါးစပ် လေးကို ၀ိုင်းပြလျက် ခေါင်းခါပြသည်။
"ဟင့်အင်း မနေဖူးပါဘူး"
"ဒါဆို . . . မင်္ဂလာဒုံက မာမီရဲ ကိုတော့ သိတယ်မို့လား"
"ဟင့်အင်း သိပါဘူး"
မနေဖူးဘူး၊မသိဘူး ငြင်းနေပေမယ့် ဒီလို လှပတဲ့ မိန်းခလေး တစ်ယောက်မှာရှိတဲ့
ခလေးတစ်ယောက် ရဲ့တာဝန်ဟာ သူ့အပေါ်မှာ ရှိနေပြီ ဆိုတဲ့ အသိနဲ့ (အင်း . .
ဒီတာဝန်ကလည်း ကောင်မလေးကို မြင်ပြီး လိုလိုချင်ချင်နဲ့ကို ထမ်းရွက်ချင်လာတာ)
ဆက်မေးစရာရှိတာကို ဆက်မေး ကြည့်မိတယ်။
"ဒါဆို . . မြောက်ဒဂုံက မာမီကျော်တော့ သိမှာပေါ့"
"ရှင် . . ဟင့်အင်း သိပါဘူး"
"ဒါဆို . . ပုလဲကွန်ဒို က --------- ဆံပင်ညှပ်ဆိုင်မှာ လုပ်ဖူးတယ်ထင်တယ်"
"ဟင့်အင်း . . မလုပ်ဖူးပါဘူး"
"ဒါဆို . . . စိတ်မရှိနဲ့နော် နောက်တစ်ခုတော့မေးပါရစေ။ ဟို ကန်တော်ကြီးစောင်း
က ------- စင်တင်တေးဂီတမှာ သီချင်းဆိုဖူးတယ်ထင်တယ်။"
ကောင်မလေးမျက်နှာ သိသိသာသာ ရဲတက်သွားသည်။ ရှက်သွေးတွေ ဖြန်းသွား
တယ်ဆိုပါတော့ ။ ပြီးတော့ ဒေါက်တာမာတောက် မျက်နှာကို စေ့စေ့ကြည့်ရင်း
ပြောသည်။
"ဒီမယ် ဒီမယ် ကျမပြောနေတာက ကျမက ရှင့်သား တက်နေတဲ့ကျောင်းက သူ့အတန်း
ပိုင်ဆရာမရှင့် . . ရှင်ခလေးကို ကျောင်းလိုက်ပို့တာ မြင်မိလို့ လာနှုတ်ဆက်တာ။
ဘာတွေ အူကြောင်ကြောင်မေးနေမှန်းကိုမသိဘူး။"
စကားဆုံးလျင်ဆုံးချင်း ကောင်မလေး လှည့်ထွက်ကာ ဘောက်ဆတ်ဘောက်ဆတ်
နှင့် ထွက်သွားလေသည်။ ဒေါက်တာမာတောက်ခမျာ သူ့အဖြစ်ကို နောင်တရမဆုံး
ဖြစ်လျက် ထွက်သွားသော ဆရာမလေး၏ နောက်ကျောလှလှလေးကို ကြည့်ရင်း
သက်ပြင်းရှည်ကြီးကို ချလိုက်မိလေသည်။ ပြီး . . သူ၏ တာဝန်သိတတ်လွန်းလှချေ
သော လူကြီးလူကောင်း စိတ်ဓာတ်ကို ငါနှင့် ကိုင်တုတ်ကာ ဆဲရေးတိုင်းထွာခြင်းအမှု
ကို စိတ်ထဲတွင် ကြိတ်၍ လုပ်နေမိလေတော့သည်။
ဤသို့ဤနှယ် ဒေါက်တာမာတောက်တစ်ယောက် ငါ့နှယ် . . မှားမှ မှားတတ်ရန်
ကောရယ်လို့ နောင်တတွေ တသီကြီးကို ရင်ခွင်မှာပိုက်လျက် အိမ်မှ မိန်းမမှာလိုက်
သော ပစ္စည်းများကို မူ ဆွဲခြင်းထဲသို့ထည့်ကာ ငွေရှင်းကောင်တာဆီသို့ လေးတွဲ့တွဲ့
နှင့် လှမ်းကာလှမ်းကာ ထွက်သွားပါလေတော့သတည်း။
credit to Ko Zay

လူငမွှေ

$
0
0

ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးက “ပူရာဏ် ဓမ္မဂန်ဖတ်စာ” ထဲမှာ
“မင်းစေ လုပ်ငြား၊ လျင်ဖြတ်စားသည်၊ ယောက်ျားလူလေ၊ လူငမွှေကို၊ ရွာနေ သူများ၊ မမုန်းလား” ဆိုပြီး ဆုံးမခဲ့တဲ့စကားကို အမှတ်ရသဗျ။
ဆရာတော်ကြီးက “လူငမွှေ” တဲ့။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ မေတ္တာတရား မခေါင်းပါးကြပါဘူး။ သူတစ်ပါး စိတ်ဆင်းရဲ၊ ဒုက္ခရောက်မှာကို လည်း သဘာဝအားဖြင့် မလိုလားကြပါဘူး။ အင်မတန် မုန်းလွန်းမှသာ “သေပါစေ” လို့ ပြစ်တင် ကျိန်ဆဲ လေ့ရှိပါတယ်။
တိုင်းပြည်မှာ လူမသေခင်ကတည်းက နာမည်သေနေတဲ့သူတွေ၊ မသေခင်ကတည်းက ပုပ်နေတဲ့သူတွေ၊ မသေခင်ကတည်းက မြုပ်နေတဲ့လူတွေ အများကြီးရှိတာပဲ။ ဘယ်သူသေတယ်၊ ဘယ်သူပုပ်တယ်ဆိုတာ ပြည်သူက အဆုံးအဖြတ်ပေးတယ်ဗျ။ ပြည်သူဆိုတာ သူတို့ချစ်တဲ့သူတွေကို ဘယ်သူမှ “သေပါစေ” လို့ ဆုတောင်းမှာ မဟုတ်ဘူး။ သူတို့မချစ်ခင် မနှစ်သက်တဲ့သူတွေဆိုရင် “သေပါစေ” လို့ ဆုတောင်းကြမှာပဲ။
တိုင်းပြည်မှာ ပြည်သူ့ချဉ်ဖတ်တွေ အများကြီးပဲ။ အဲဒီလူတွေကို Facebook ပေါ်မှာ တန်းစီပြီးဆဲခိုင်းရင်တောင် အလုအယက် ဆဲမယ့်သူတွေ အများကြီးပဲ။ အဲဒီလောက်နဲ့ပဲ တိုင်းတာကြည့်လိုက်ပါဦး။
ပြည်သူ့ဘဏ္ဍာတွေကို ဖြတ်စားတဲ့သူတွေကို ပြည်သူတွေ မုန်းတယ်ဆိုတာ ကျီးသဲလေးထပ် ဆရာတော် ဘုရားကြီးကဆုံးမခဲ့တယ်လေ။ သူနဲ့ထိုက်တန်တဲ့ အကုသိုလ်တွေ သူပြန်ရနေတာပဲ။ ကိုယ်ပြုသမျှဒဏ် ကိုယ်ပြန်ခံရတဲ့သဘောပေါ့။
ခေတ်စကားမှာ တော်တော်မွှေတဲ့သူတွေကို “ငမြွေထိုး” လို့ပြောကြတာပဲ။ တိုင်းပြည်မှာ အသက်ရှင်စဉ်ကာလ တစ်လျှောက်လုံး ကောင်းတာတစ်ခုမှမလုပ်ဘဲ မွှေတဲ့သူတွေလည်း ရှိတာပဲ။ ဆန်ကုန်မြေလေးတွေအနေနဲ့ ဘာဖြစ်လို့ ထားနေရသလဲဆိုတော့ မလှန်နိုင်သေးလို့ပေါ့။ ပြည်သူတွေရင်ထဲက တကယ့်ကို တော်လှန်ချင်စိတ် ရှိတဲ့အခါကျတော့လည်း ၈၈ ဆိုပြီးတော့ ဖြစ်ခဲ့သေးတာပဲ။ ၈၈ မှာ ပြည်သူဖြုတ်ချခဲ့တဲ့ “လူငမွှေ” တစ်ယောက် သေတော့လည်း ဘယ်ပြည်သူက မျက်ရည်ကျပြပြီး ၀မ်းနည်းပါတယ် ပြောကြလို့လဲ။ အဲဒီခေတ်ကသာ Facebook ကို မြန်မာပြည်မှာ သုံးနိုင်ရင် ဆဲလိုက်ကြမယ့်ဖြစ်ခြင်းပေါ့။
ဦးနေ၀င်းဆိုတဲ့ လူ့ငမွှေတစ်ယောက်သေတော့ သူ့ဆန္ဒအရပါဆိုပြီး ဆွဲချ၊ မီးဖုတ်၊ ပြာတွေကို မြစ်ထဲလွှင့်ပစ်ခဲ့ ရတာပဲ။ သူလည်း အုတ်ဂူကြီးကို ခမ်းနားကြီးကျယ်စွာထားဖို့ ဘယ်သတ္တိရှိမှာလဲ။ ပြည်သူဒဏ်ခတ်ရင် ဘာဖြစ် တတ်တယ်ဆိုတာ ကောင်းကောင်း သိထားတာပဲ။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတော့ နိုင်ငံတော် ဈာပနကို နှစ်ပေါက်လောက် အောင်လုပ်တယ်။ ပြည်သူတွေ သန်းနဲ့ချီပြီးပို့တယ်။ အားလုံးမျက်ရည်ကျတယ်။ တစ်နိုင်ငံလုံး ကြေကွဲဝမ်းနည်း ကြတယ်။ အဲဒါ လုပ်ယူလို့ရတာမဟုတ်ဘူး။ ဖန်တီးယူလို့ရတာ မဟုတ်ဘူး။
ခုလည်း လူ့ငမွှေတွေ သေတော့မယ်ဆိုရင် ၀ိုင်းပြီးကောင်းချီးပေးနေကြတယ်ဆိုတာ ဘယ်ပါတီ ဘယ်အဖွဲ့ အစည်း ဘယ်နိုင်ငံတကာကမှ တွန်းအားပေးနေလို့ မဟုတ်ဘူး။ ပြည်သူတွေ ရင်ထဲမှာ အဲဒီ “လူငမွှေ” တွေကို မလိုချင်လို့၊ ဆန္ဒမရှိလို့၊ မုန်းလို့ဆိုတာ ထင်ရှားနေတာပဲ။
ပြည်သူတွေရဲ့ ရင်ထဲမှာ လူငမွှေတွေအတွက် ဘယ်တုန်းကမှ နေရာမရှိပါဘူး။
၁၀.၇.၂၀၁၅

လွှတ်ချလိုက်သော သတိရခြင်းများ

$
0
0


တွေးကြည့်မိပါက ဘ၀တွင် လွှတ်ချပစ်ချင်စရာ ကောင်းလှသော အကြောင်းအခြင်းအရာများ၊ တနည်းအားဖြင့်ပြောရလျှင် လွှတ်ချပစ်လိုက်ရန် သက်သေ သက္ကာရ အထောက်အထား ပြည့်စုံ ခိုင်လုံသော အကြောင်းအရာ အဖြစ်အပျက်များ မြောက်များစွာ ရှိနေခဲ့သည်။ အချို့အရာများမှာ အမှန်တကယ် အသုံးမ၀င်တော့ပဲ စိတ်လွတ်လက်လွတ် လွှတ်ချချင်စရာ ကောင်းလှသည်ဖြစ်ပြီး အချို့မှာမူ အနည်းငယ် လိုအပ်ကောင်း လိုအပ်နေအုံးမည်ဟု ယူဆကာ လွှတ်မချဖြစ်သေးသော အရာများဖြစ်သည်။
ထို့အပြင် လုံးဝ မလိုအပ်တော့ဟု စိတ်ထဲမှာ သေချာနေသော်လည်း ငဲ့ညှာထောက်ထားစရာ အခြေအနေအရပ်ရပ်ကြောင့် မရှိ မကောင်း၊ ရှိမကောင်း၊ သိမ်းထားရကောင်းနိုး လွှင့်ပစ်လိုက်ရကောင်းနိုး ချီတုံချတုံ ဖြစ်နေရသော အရာများလည်း များစွာ ရှိနေသေးသည်။ သို့သော် ဆုံးဖြတ်လိုက်သည်။ ဘ၀တိုတိုလေးတွင် မည်သည်က အရေးပါပြီး မည်သည်က အရေးမပါသည်ကို အသေအချာ ပြန်လည်စဉ်းစား ဆင်ခြင်မည်။ အရေးမပါသောအရာများကို အသေအချာ စီစစ်မည်။ ပြီးလျှင် အဆင်ပြေသလို တစပြီး တစ လွှတ်ချလိုက်တော့မည်။

* * * * *

ပထမဆုံး ပ၀ါလေးတစကို လွှတ်ချခဲ့သည်။ ပ၀ါများစွာ ပိုင်ဆိုင်သော်လည်း ထိုပ၀ါကလေးမှာ အမှတ်ရစရာပေါင်း မြောက်များစွာ ပါဝင်သော၊ အထိမ်းအမှတ်နေ့စွဲတခုမှာ သူကိုယ်တိုင် တယုတယ စည်းနှောင်ပေးခဲ့ဖူးသော ခရမ်းဖျော့ရောင် ပိုးပ၀ါကလေးတခု ဖြစ်သည်။ ဘ၀မှာ အတန်အသင့် မြတ်နိုးခဲ့ဖူးသော အရာတခုဟု ဆိုရလျှင်လည်း မှားမည်မထင်ပါ။ သူနှင့်ပတ်သက်သမျှ အရာရာကို လွှတ်ချလိုက်တော့မည်ဟု စဉ်းစားလိုက်သော အချိန်တွင် ထိုပ၀ါကလေးကို သတိတရ ရွေးချယ်ခဲ့မိသည်။ လွှတ်ချအံ့ဆဲဆဲ ထိုပ၀ါစလေးထဲတွင် ခါးသက်ရှတပြီး တဖက်သတ်ဆန်သော ချစ်ခြင်းမေတ္တာများ ပါဝင်မည်၊ တကိုယ်ရေ လွမ်းဆွတ်တမ်းတမှု အနည်းငယ် ပါဝင်မည်၊ ပြင်းထန်သော ဒါဏ်ရာဒါဏ်ချက်များနှင့်အတူ နာကျင်မှုအပိုင်းအစများကတော့ သေချာပေါက်ကို ပါဝင်နေပါလိမ့်မည်။ ချစ်သူဟု သုံးနှုန်းခေါ်ဆိုနိုင်ခဲ့ဖူးသော သူစိမ်းအမျိုးသားတယောက်ထံမှ ပိုင်ဆိုင်ရရှိခဲ့သော ချစ်ခြင်းမေတ္တာသည် သူ ချန်ထားခဲ့ပြီး နောက်ပိုင်းမှာ တန်ဖိုးထား စုံမက်စွာ ဆက်လက် သိမ်းဆည်းထားရန် လိုအပ်သည်လား၊ တဆက်တည်းမှာ ရက်ရက်စက်စက် ချန်ရစ်ထားခဲ့ရက်သော ထိုချစ်သူကို တရှိုက်မက်မက် လွမ်းဆွတ် တမ်းတနေရမှုကရော အမှန်တကယ် ရှိသင့်ရှိထိုက်ပါသလား၊ ထိုသူကို လွမ်းဆွတ် တမ်းတနေရဖို့ရော ထိုက်တန်ပါရဲ့လား။ ထိုသူနှင့်ပတ်သက်သော ထိခိုက်နာကျင်မှုများကတော့ ဘယ်လိုမှ သိမ်းဆည်းထားရန် မသင့်သော အရာများသာ။ ထိုအခါ အရာရာကို အပြီးတိုင် လွှတ်ချပစ်ရန်သာ စဉ်းစားရတော့သည်။

မြင်လွှာအောက်မှ အပြီးတိုင် ကွယ်ပျောက်သွားစေရန်ဟူသော အတွေးဖြင့် ပ၀ါစကလေးကို ဟိုး ခပ်မြင့်မြင့်နေရာတခုမှ လွှတ်ချနိုင်ရန် နေရာရွေးရသည်။ တွေ့ပြီ… အတန်ငယ်မြင့်သော တောင်ကုန်းငယ်လေး။ သူနဲ့အတူ တကြိမ်မက ရောက်ခဲ့ဖူးသော တောင်ကုန်းငယ်ကလေး။ တောင်ကုန်းတနေရာတွင် ခြေစုံရပ်ရင်း လက်ထဲမှ ထိုပ၀ါကလေးကို လွှတ်ချခဲ့သည်။ မလွှတ်ချခင် ဘေးဘီဝဲယာကို အသာ စောင်းငဲ့ကြည့်ရင်း တချက်ကလေး နမ်းရှိုက်လိုက်ရန် ဟန်ပြင်ပြီးမှ ရှက်ရွံ့စိတ်တို့ဖြင့် မလုံမလဲဖြစ်ကာ ခေါင်းကို ခါယမ်းလိုက်မိသည်။ ထို့နောက် စိတ်ကို ဖြတ်ကာ ပ၀ါစလေးကို လွှတ်ချလိုက်တော့သည်။

ဖြစ်ချင်တော့ ထိုနေ့ ထိုအချိန်မှာ ဆောင်းလေက အရှိန်ပြင်းပြင်းဖြင့် တိုက်ခတ်နေခဲ့သည်။ ခရမ်းဖျော့ရောင် ပိုးပ၀ါကလေးသည် လေထဲတွင် တလူးလူး တလွန့်လွန့်ဖြင့် နိမ့်ဆင်းဝဲပျံရင်း စက္ကန့်အနည်းငယ် အကြာတွင် သစ်ကိုင်းအဖျားတခု၏ ထိပ်ဖျားမှာ သွားရောက် တွယ်ငြိလို့နေခဲ့သည်။ ထိုအခါ ပ၀ါစကလေးသည် ရုတ်တရက် ဖမ်းဆီး ချုပ်နှောင်ခံလိုက်ရသူတယောက်ပမာ၊ လေအဝှေ့မှာ ရုန်းရင်းဆန်ခတ်နှင့်။ သို့သော် လေနှင့်အတူ ဆက်လက်၍လည်း မပျံသန်းနိုင်၊ သစ်ကိုင်းဖျားတွင် ငြိတွယ်မြဲ ငြိတွယ်လျက် မြင်လွှာအောက်မှလည်း ပျောက်ကွယ်မသွားနိုင်ပဲ လွှတ်ချခဲ့သူကို အပြစ်တင် စကားတင်းဆိုနေသယောင်။ နောင်တများစွာ ရစေသယောင်။ ပ၀ါကလေးကို သံယောဇဉ်မပြတ်ချင်သလို၊ အားနာသလို လှည့်ကြည့် လှည့်ကြည့်ဖြင့် ပြန်လာခဲ့ရသည်။ တဆက်တည်းမှာ ထိုနေရာကို နောက်တခေါက် ထပ်မသွားရန်လည်း ဆုံးဖြတ်မိသည်။ မကွယ်မ၀ှက်ပဲ ပြောကြစတမ်းဆိုလျှင် စိတ်ထဲမှာတော့ ကိုယ်တိုင်လွှတ်ချ ချန်ထားရစ်ခဲ့သော ထိုပ၀ါလေးကို အကြိမ်ပေါင်းများစွာ ပြန်လည်ကောက်ယူနေခဲ့မိသည်။



ထိုညက ညသည် ညပီသလျှက် အမှောင်ထုကြီးစိုးကာ တိတ်ဆိတ်နေခဲ့၏။ အဖြူခံပေါ်တွင် အပြာရောင် Bulla တံဆိပ် ရေးထိုးထားသော ဒိန်ချဉ်ဗူးထဲသို့ သကြားညိုအနည်းငယ် ထည့်ကာ မွှေလိုက်သည်။ ထို့နောက် ဒိန်ချဉ်ဗူးကို ကိုင်ကာ ခပ်ကျယ်ကျယ် တွန်းဖွင့်ထားသော ပြတင်းပေါက်နံဘေးတွင် ထိုင်ရင်း အပြင်ဖက်ကို အကြောင်းမဲ့ ငေးကြည့်နေမိသည်။ နက်ပြာရောင် ကောင်းကင်ပြင်တွင် ထိုညက ကြယ်ကလေး တလုံးတလေမှ ရှိမနေပါ။ သို့သော် ကိုယ့်ရဲ့ ကြယ်ပွင့်ကလေး ဟု ခေါ်ခဲ့ဖူးသူတယောက်၏ အသံကို ဖျတ်ကနဲ သတိရသွားချိန်တွင် နှလုံးသားတနေရာမှ နာကျင်စူးနစ်ကာ အသက်ရှူရ ခက်နေခဲ့သည်။ သတိရခြင်းများသည် အခါများစွာမှာ အတိုင်းအဆမဲ့ ချိုမြိန်သည်ဟု ကျေနပ်ချင်စရာကောင်းသော်လည်း တချို့အချိန်များတွင်တော့ ထင်ထားသည်ထက် အဆပေါင်းများစွာ ခါးသက်စေသည်ချည်းသာ။ တစ်ခါတစ်ရံတွင်မူ ကြည်လင်သော ဂျင်န် တခွက်ကဲ့သို့ ရစ်မူးစွာ ပြင်းရှတတ်သေး၏။ ထိုသတိရခြင်းများကို ကိုယ်တိုင် နှစ်လိုခြင်းမရှိသော အချိန်တခုကို မလွဲမသွေ ရောက်ရှိနေပြီဟု ကိုယ်တိုင် သေချာနေခဲ့သည်။

ထိုစဉ် ရုတ်တရက် ပေါ်လာသော စိတ်အစဉ်အတိုင်း သောက်လက်စ ဒိန်ချဉ်ဗူးကို အရှိန်ဖြင့်လွှဲကာ ပြတင်းပေါက်မှ ပစ်ချလိုက်မိသည်။ ပစ်ချအပြီးမှာ တစုံတခုကို မျှော်လင့်စောင့်ဆိုင်းနေသကဲ့သို့ စက္ကန့်အနည်းငယ် ကြာသည်အထိ မျက်စိ စုံမှိတ်ကာ အသက်မရှူမိပဲ ငြိမ်သက်နေမိသည်။ တခဏအတွင်းမှာပင် ပစ်ချလိုက်သော ဒိန်ချဉ်ဗူးနှင့် ကတ္တရာလမ်းမတို့ ပြင်းထန်စွာ ထိရိုက်သွားသော အသံကို ကြားရသည်။ သေးငယ်သော ဒိန်ချဉ်ဗူးကလေးက ထိုမျှလောက် အသံပြင်းပြင်း ထွက်သည်ကို အံ့သြ မှင်သက်နေမိသေးသည်။ ထိုအသံသည် ညတည၏ တိတ်ဆိတ်မှုကို လှလှပပ ဖြိုခွင်း လိုက်သလိုပင်။ တချိန်ထဲမှာ တင်းကြပ်နေသော ခံစားမှုတို့ကို အဆုံးစွန် ဖြေလျော့ချလိုက်သကဲ့သို့ နှာသီးဖျားတွင် ရစ်ဝဲနေသော လေကို လွတ်လပ် ပေါ့ပါးစွာ ရှူထုတ်လိုက်မိ၏။ နှုတ်ခမ်းနှစ်လွှာကို မဖွင့်ဟပဲ ပိပိရိရိ ပြုံးတတ်ရန် အခါများစွာက ကြိုးစား လေ့ကျင့်ခဲ့ဖူးသည့်အတိုင်း ဟန်ပါပါ ပြုံးလိုက်၏။ တစုံတယောက်ကို သတိရခြင်း၊ ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျစွာ ခံပြင်းခြင်း၊ ဒေါသ အနည်းငယ်နှင့် ပူလောင်ခြင်းတချို့ အပြင် သစ်ကိုင်းဖျားတွင် လူးလွန့် ငြိတွယ်ကျန်နေခဲ့သော ပုဝါစကလေးပါ ထိုဒိန်ချဉ်ဗူးထဲတွင် ရီးလေးခို၍ ပါသွားကြသည်ကို မည်သူမျှ မသိနိုင်သော်လည်း ကိုယ်တိုင်ကတော့ သေသေချာချာ သိနေခဲ့သည်။

ဒိန်ချဉ်ဗူးသည် အနက်ရောင်လမ်းမနှင့် အရှိန်ပြင်းပြင်း ထိရိုက်ကာ တစစီ ပေါက်ကွဲ ပွင့်ထွက် လွင့်စင်သွားပုံကို စိတ်မှန်းဖြင့် တွေးမြင်ကြည့်မိ၏။ ဒိန်ချဉ်ဗူးနှင့်အတူပါသွားသော ဒေါသလှိုင်းများ၊ အလွမ်းများနှင့် သောက အပူငွေ့များသည်လည်း အပိုင်းအစများအဖြစ် ပဲ့ကြွေကာ အနက်ရောင်ကတ္တရာလမ်းမပေါ်တွင် အဆောတလျင် ပြေးလွှားသူက ပြေးလွှား၊ ဘီးလှိမ့်ရုံ မောင်းနှင်သွားသော ကားတစင်းမှ လွင့်ကျကျန်ရှိနေခဲ့သော တေးသံတချို့နှင့်အတူ နရီစည်းချက်လိုက်ကာ ကခုန်သူက ကခုန်၊ လမ်းဘေး သစ်ပင်ခြေရင်းတွင် ငြိမ်သက်စွာ လှဲလျောင်းသူက လှဲလျောင်း… ထိုမြင်ကွင်းကို စိတ်ထဲမှာ တွေးထင် မြင်ယောင်ရင်း များစွာ ကျေနပ်မိ၏။ တင်းကြပ်မှုများ ပူလောင်မှုများလည်း အချိန်တိုတိုအတွင်း သက်သာရာ ရသွားသယောင်၊ နေလို့ ပိုကောင်းသွားသယောင်။ ထို့အတူ သတိရနေစရာ မလိုအပ်ဟု ဆင်ခြင်မိသော လူတယောက်ကို ရံဖန်ရံခါ လွမ်းဆွတ် သတိရနေချိန်များဟူသည့် ခေါင်းစဉ်ကိုပါ တခါတည်း လွှတ်ချလိုက်နိုင်ပြီ ဖြစ်သည်။ ထိုအခိုက်အတံ့လေးမှာတော့ လွှတ်ချပစ်လိုက်ရခြင်း၏ အရသာကိုလည်း မက်မောစွာ နားလည်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ပ၀ါစကလေးကို လွှတ်ချခဲ့စဉ်ကလို နှမြောတသစွာ ပြန်လည်ကောက်ယူလိုစိတ်များ စိုးစဉ်းမှ ပေါ်မလာသည်ကိုလည်း အံ့သြစွာ တွေ့ရှိခဲ့ရသည်။

* * * * *

မလိုအပ်သည်များကို လွှတ်ချခြင်း ဟူသောအဖြစ်တွင် နေသားတကျ ပျော်ဝင်လာသောအခါ လူက တစ တစ ပေါ့ပါးလာခဲ့သည်။ နေ့စဉ်နှင့် အမျှ ဘာကို လွှတ်ချရရင် ကောင်းမည်လဲ ဟူသော အတွေးများသာ ကြီးစိုးသည်။ မှတ်မိသမျှပြောပြရလျှင် စာတိုက်ပုံးထဲမှ စာအဟောင်းများကို ရှင်းလင်းပစ်ချခဲ့သည်။ လက်တ၀ါးစာခန့်ရှိသော လက်ကိုင်ဖုန်းကလေး၏ သိုလှောင်နိုင်စွမ်းကို အံ့အားတသင့်ဖြစ်နေရင်းမှပင် စာတိုများကို ကြက်ခြေခတ်ရင်း ပစ်ချခဲ့သည်။ အနှစ်နှစ်အလလက ရေးသားခဲ့သော ဒိုင်ယာရီများ၊ သံယောဇဉ် လက်ကျန်တစွန်းတစကြောင့် သိမ်းဆည်းထားမိသော မင်လက်ကျန်နည်းနေသော ဘောပင်ရောင်စုံများ၊ အသံထွက်မည် မထွက်မည် မသေချာတော့သော သီချင်းစီဒီချပ်များ၊ ဟိုတကွက် ဒီတ၀က် ဆေးသား ပြယ်လွင့်စပြုနေပြီဖြစ်သော ဓါတ်ပုံဟောင်းများ။ သာမန်မျက်စိဖြင့် မြင်နိုင်သော ထိုအရာများအပြင် အလွယ်တကူ မမြင်တွေ့နိုင်သော၊ ဟိုမှ သည်မှ တစစီထွက်နေသော အထူအပါး အတိုအရှည် မတူညီကြသော အရောင်အသွေးစုံလင်လှသော ကြိုးမျှင်များကိုလည်း တမျှင်ခြင်းစီ စိတ်ရှည်လက်ရှည် ရှင်းလင်း ဆွဲထုတ်သည်။ ထိုကြိုးမျှင်များထဲမှ အနည်းငယ်ကိုသာ ပြန်လည်သိမ်းဆည်းကာ အချို့ကို အပိုင်းအစငယ်ကလေးများဖြစ်အောင် ဖြတ်တောက်ကာ လွှတ်ချသည်။ အချို့ကို စုပေါင်း ထွေးလုံးကာ ပစ်ချသည်။ ရှင်သန်နေထိုင်ရသော နေ့ရက်များ တနေ့ထက်တနေ့ ပို၍ ပေါ့ပါးလာခဲ့သည်မှာ သေချာလှသည်။

မလိုအပ်သမျှ အရာအားလုံးကို လွှတ်ချနိုင်ခဲ့သောတနေ့…
ထိုနေ့တွင် ဟိုး မိုးကုတ်စက်ဝိုင်းအဆုံးတွင် လှပစွာ ချိတ်တွယ်လျှက်ရှိသော အဖြူရောင် တိမ်စိုင်ကလေးတစ သို့တည်းမဟုတ် ရောင်စဉ်ခုနှစ်သွယ် စီခြယ်အပ်သော လှပသည့် သက်တန့်ကွေးပေါ်တွင် မှီတွယ် ခိုနားနေသော အဖြူရောင် ငှက်ငယ်ကလေးတကောင် ကိုယ်တိုင် ဖြစ်မလာနိုင်ဟု ဘယ်သူ အတတ်ပြောနိုင်မည်လဲ။ ဒါတွေမှ မဖြစ်ရလျှင်၊ မဖြစ်နိုင်ခဲ့လျှင် အနည်းဆုံးတော့ ကောင်းကင်ပေါ်တွင် လွတ်လပ် ပေါ့ပါးစွာ ၀ဲပျံသန်းသွားသော ငှက်ငယ်ကလေးကိုယ်ပေါ်မှ မတော်တဆ ကျွတ်ကျကျန်နေရစ်ခဲ့သော ငှက်မွှေးလေးတစ၊ မိုးရွာပြီးစ ညနေခင်းတခုတွင် စိမ်းမြသစ်ရွက်ဖျား၌ တွဲခိုကျန်ရစ်သော မိုးရေစက်ကလေး တစက်၊ အဖြူရောင်နှင့် အနက်ရောင် ရောနှောနေသော လိပ်ပြာတကောင် သယ်ယူလာသော ၀တ်မှုန်ကလေး တစ၊ ပွင့်အာစပြုနေပြီဖြစ်သော အနီရောင် နှင်းဆီပွင့်ငယ်လေး၏ ကိုယ်ပေါ်မှ နုညံ့သော ပွင့်ချပ်ကလေးတခု… တခုခုတော့ ဖြစ်နိုင်လိမ့်မည်ဟု သေချာယုံကြည်နေမိသည်လေ။

သက်ဝေ
(၁၂ ဇွန် ၂၀၁၅)

သစ်ထူးလွင် သတင်းစုစည်းမှု (၁၂-၇)

$
0
0

သစ်ထူးလွင်


Posted: 12 Jul 2015 06:48 AM PDT
လှိုင်သာယာ စက်မှုဇုန်မှ အလုပ်သမားများ အနည်းဆုံး လုပ်ခလစာ ကျပ် ၄,၀၀၀ ရရှိရေး ဆန္ဒပြနေစဉ် (ဆင်ဟွာ)     ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)     မြန်မာနိုင်ငံအတွင်းရှိ အခြေခံအလုပ်သမားများ တစ်နေ့လျှင် လုပ်ခလစာ အနည်းဆုံး ကျပ် ၄,၀၀၀ ရရှိရေးအတွက် ယနေ့ အလုပ်သမား ၃၀၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့သည်။ လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ စက်ရုံ ၁၅ ရုံမှ အလုပ်သမား ၃၀၀ ကျော်သည် ယနေ့ နံနက် ၉ နာရီတွင် လှိုင်သာယာ မီးခွက်ဈေး အောက်
Posted: 12 Jul 2015 06:19 AM PDT
အာရှလမ်းမကြီး (ဓာတ်ပုံ- နိုင်မောင်ဇော်)     ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)     မြဝတီ-သင်္ကန်း ညီနောင် - ကော့ကရိတ် လမ်းဟောင်းနှင့် အာရှ လမ်းသစ်များတွင် မြန်မာ့ တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) တို့ တိုက်ပွဲပေါင်း အကြိမ် ၃၉ ကြိမ်ဖြစ်ပွားပြီး နှစ်ဖက် အကျအဆုံး များရှိခဲ့ကြောင်း တပ်မတော်က ယနေ့ သတင်း ထုတ်ပြန်သည်။ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ဗိုလ်ချုပ် ကျော်သက်နှ
Posted: 12 Jul 2015 06:14 AM PDT
ကဘူးလ် ၊ ၁၂-၇-၂၀၁၅ ယမန်နေ့တွင် အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ပိုင်းရှိ ISIS ပစ်မှတ်များကို အမေရိကန် တိုက်လေယာဉ် များက တိုက်ခိုက်ခဲ့ရာ ထိပ်တန်း ISIS ခေါင်းဆောင် တစ်ဦး သေဆုံးခဲ့ပြီး ISIS စစ်သွေးကြွ များကို သစ္စာခံပြီး အရှေ့ အလယ်ပိုင်း ဒေသ၌ လှုပ်ရှားသော  ISIS စစ်သွေးကြွ ထိပ်တန်း ခေါင်းဆောင် များကို တစ်ပတ်အတွင်း လေးဦးမြောက် သုတ်သင် ရှင်းလင်း နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယမန်နေ့က သေဆုံး သွားသော
Posted: 12 Jul 2015 06:05 AM PDT
ဗိုလ်မှူးချုပ်ကျော်သက်။ ဇူလိုင် - ၁၂ - ၂၀၁၅  လက်ရှိအနေအထားများအရ ကိုယ့်အမျိုးသားခြင်း စစ်ခင်းရမည့် အခြေအနေများ မလွဲမရှောင်သာ ဖြစ်ပွားနိုင်သည့်အတွက် လွန်စွာ စိတ်ပျက်မိသည်ဟု (ဒီကေဘီအေ) တပ်မှူးကြီး ဗိုလ်မှူးချုပ်ကျော်သက်က ယနေ့ညနေပိုင်းတွင် ပြောဆိုသည်။ လက်ရှိ၎င်းတို့ တပ်စွဲထားသည့်နေရာကို မြန်မာစစ်တပ်က အလုံအရင်းနှင့် ထိုးစစ်ဆင် ပိတ်ဆို့မှုများ ပြုလုပ်ရာတွင် (ကရင်ပြည်နယ်) နယ်ခြားစောင့်တပ် (BGF) တပ်များ အ
Posted: 12 Jul 2015 06:03 AM PDT
ပုံစာ - ဗိုလ်မှူးချုပ်ကျော်သက်နှင့်တပ်မှူးအချို့  ။ ဇူလိုင် - ၁၁ - ၂၀၁၅ ယနေ့မွန်းလွှဲပိုင်း ၂ နာရီခန့်မှ စတင်ကာ ၎င်းတို့တပ်စွဲထားသည့် ကော့ကရိတ်အပိုင်ရှိ ကောင်းမှုတောင်ကြောသို့ မြန်မာစတပ်က လက်နက်ကြီးများဖြင့် ကြို ကြားပစ်ခတ်မှုကို ညမိုးချုပ်ချိန်ထိ ပစ်ခဲ့တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု (ဒီကေဘီအေ) ကလို့ထူးဝါးဗျူ ဟာမှူး ဗိုလ်မှူးချုပ်ကျော်သက်က ပြောဆိုသည်။ ၎င်းက"ဒီနေ့မွန်းလွှဲ ၂ နာရီလောက်ကနေ ကျနော်တို့နေတဲ့နေရာ
Posted: 11 Jul 2015 05:44 PM PDT
ဒလမြို့နယ်ရဲတပ်ဖွဲ့မှ ယာဉ်စစ်ဆေးရေး ဆောင်ရွက်စဉ် လူသတ်လုယက်မှုကျူးလွန်ပြီး ထွက်ပြေးလာသူများကို ဖမ်းဆီးရမိ ရန်ကုန်၊ ဇူလိုင် ၁၁ ၁၀.၇.၂၀၁၅ ရက်နေ့ ၂၂၄၅ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် ဒလမြို့နယ်၊ ဆာပါချောင်ကျောင်းစုရပ်ကွက်၊ ဒလ-တွံတေးကားလမ်းရှိ မြို့ဝင်/ထွက်ဂိတ်တွင် ယာဉ်စစ်ဆေးရေး ဆောင်ရွက်နေစဉ် လှိုင်သာယာမြို့နယ်ဘက်မှ ဒလြ
Posted: 11 Jul 2015 05:44 PM PDT
တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ်၊ Wenling နားက မုန်တိုင်းကြောင့်တက်လာတဲ့ လှိုင်းလုံးတွေကို တွေ့ရစဉ်။ (ဇူလိုင် ၁၀၊ ၂၀၁၅)   အင်အားပြင်း ချန်ဟွန်း (Chan-hom) ဧရာမတိုင်ဖုန်းမုန်တိုင်းကြီးဟာ တရုတ်နိုင်ငံ အရှေ့ဘက် ကုန်းတွင်းပိုင်းကို ၀င်ရောက်တိုက်ခတ်ခဲ့ပါတယ်။ တစ်နာရီကို ကီလိုမီတာ ၁၆၀ နှုန်းနဲ့ ချန်ဟွန်းတိုင်ဖုန်း မုန်တိုင်းဟာ စနေနေ့ နေ့ခင်းက ဇီဂျန်းပြည်နယ် ဇောင်ရှန်းမြို့ကို ၀င်ရောက် တိုက်ခတ်
Posted: 11 Jul 2015 05:44 PM PDT
အဘူဒါဘီ ဇူလိုင် ၁၁ နိုင်ဂျီးရီးယားနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသတွင် အီတလီအခြေစိုက် ရေနံကုမ္ပဏီတစ်ခုက ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်စဉ် ရေနံပိုက်လိုင်း ပေါက်ကွဲခဲ့ရာ အနည်းဆုံး ၁၂ ဦး သေဆုံးသွားကြောင်း တာဝန်ရှိ သူများ ကပြော သည်။ အဆိုပါဖြစ်စဉ်သည် နိုင်ဂျီးရီးယားတောင်ပိုင်း ဘာရီဆာပြည်နယ် အဇူဇူမားမြို့အနီး ဘီဘိုက်ဒါ့ဘား ကလောက်ချောင်းပေါ်ရှိ ရေနံပိုက်လိုင်းကို အီတလီအခြေစိုက်အီနီကုမ္ပဏီက ဇူလိုင် ၉
Posted: 11 Jul 2015 05:44 PM PDT
ရွာခံ တွေ အစဉ် အဆက် အသုံးပြု ခဲ့တဲ့ စားကျက် မြေ တွေ အပါအဝင် ရွာခံ တွေ မှီခို ရှာဖွေ စားသောက် နိုင်ခဲ့တဲ့ သီဟိုဠ် တောကြီး ကွယ် ပျောက် ခဲ့ ရပြီး ဖြစ်။ တနင်္သာရီတိုင်း ထားဝယ် မြို့နယ် မောင်းမကန် ရွာ နား က ဧက ရာနဲ့ ချီတဲ့ သစ်တော ကြိုးဝိုင်း ကို အာဏာပိုင် တွေ က ပယ်ဖျက် ပြီး ထားဝယ် ဖွံ့ဖြိုး တိုးတက်ရေး အများ ပိုင် ကုမ္ပဏီ လီမိတက် DDPC ဆိုတဲ့ ပုဂ္ဂလိက ကုမ္မဏီ ကို လွှဲ ပေး ခဲ့ တာ နဲ့ ပတ်သက်ပြီး ဒေသခံ ရွာ
Posted: 11 Jul 2015 05:44 PM PDT
 ရခိုင်ပြည်နယ် မောင်တောမြို့မှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့ လူကိုအန္တရာယ်ဖြစ်စေတတ်တဲ့ တုတ်၊ ဓါး၊ လက်နက်တွေကို ၇ ရက်အတွင်း လာရောက်အပ်နှံကြဖို့ ရဲတပ်ဖွဲ့က မြို့ပေါ်ရပ်ကွက်တွေမှာ မနေ့က လိုက်လံကြေညာပါတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာ အသံချဲ့စက်တွေနဲ့ လှည့်လည်ကြေညာခဲ့တာလို့ မောင်တောမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်းက ပြောပါတယ်။ "စီမံချက်အရ ရှင်းရပါတယ်ဗျာ ပေါက်ကွဲတက်မယ့်ပစ္စည်းတွေ၊ ဂျ
Posted: 11 Jul 2015 05:44 PM PDT
 လုံခြုံရေးယူထားသည့် KIA စစ်သားတချို့ကို တွေ့မြင်ရစဉ်။ Photo:RFA/Kyaw Myo Min  မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာ ကေအိုင်အေတပ်မဟာ ၁ လက်အောက်ခံတပ်ရင်း ၇ နဲ့ အစိုးရတပ်တွေအကြား ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားလို့ ကေအိုင်အေ ရဲ့ ရှေ့တန်းစခန်းငယ်တစ်ခု ဆုတ်ခွာပေးလိုက်ရတယ်လို့ သိရှိရပါတယ်။ အစိုးရဘက်က တိုက်လေယာဉ်တစ်စီးအသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ြ
Posted: 11 Jul 2015 05:44 PM PDT
 ပဋိပက္ခဒေသတွေအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တာ စီမံကိန်း လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ အားလုံးရဲ့ သဘောဆန္ဒတွေ ပါဝင်ဖို့ တစ်ဖက်သတ်မဖြစ်ဖို့ အရေးကြီးတယ်ဆိုတာ ကရင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ဒီကေဘီအေအဖွဲ့တွေရဲ့ တိုက်ပွဲတွေက သက်သေသာဓကပြစရာအဖြစ် ရှိနေပါတယ်။ တပ်မတော်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (ဒီကေဘီအေ) တို့ အကြား အာရှလမ်းမသစ်လို့ခေါ်တဲ့ မြ၀တီ-ကော့ကရိတ် အကြားဒေ
Posted: 11 Jul 2015 05:43 PM PDT
ဒီကေဘီအေ နဲ့ အစိုးရကြား တိုက်ပွဲတွေ ဖြစ်ခဲ့ အာရှ အဝေးပြေး လမ်း စီမံကိန်း ကြောင့် ကရင် ပြည်နယ် မှာ ငြိမ်းချမ်းရေး ပျက်ပြား နိုင်တယ် လို့ ကရင် လူမှု အဖွဲ့ အစည်း ၂၅ ဖွဲ့ ပါဝင်တဲ့ KPSN (Karen Peace Support Network) က ကြေညာချက် ထုတ်ပါတယ်။ မကြာခင် ရက်ပိုင်း တွေက ဒီကေဘီအေ နဲ့ အစိုးရကြား တိုက်ပွဲတွေ ဖြစ်ပြီး နောက် အခုလို ကရင် အဖွဲ့တွေက သတိပေး ထုတ်ပြန် လိုက်တာပါ။ ကရင် လက်နက်ကိုင် တွေ လှုပ်ရှားနေတဲ့ ဒီန
Posted: 11 Jul 2015 05:43 PM PDT
 ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီိ SNDP ရဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ရုံးခွဲ ဖွင့်ပွဲကို ၂ဝ၁ဝ ခုနှစ် နှစ်လယ်ပိုင်းက ကျင်းပနေစဉ် Photo: Shan Land  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ခေါ်) ကျားဖြူပါတီရဲ့ ရှမ်းပြည်နယ် သီပေါမြို့နယ် ဥက္ကဌ ဦးစိုင်းသာလိန်ဝမ်းနဲ့ ပါတီဝင်အတော်များများဟာ ကျားဖြူပါတီကနေ ဒီလ ၇ ရက်နေ့က နှုတ်ထွက်လိုက်ကြပါတယ်။ ကျားဖြူပါတီကနေ နှုတ်ထွက်
Posted: 11 Jul 2015 05:43 PM PDT
 မြန်မာနိုင်ငံတွင် အာဏာရ အဖွဲ့အစည်းများဖြစ်သော သမ္မတဦးသိန်းစိန် အစိုးရ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် တပ်မတော်တို့ကြား စည်းလုံးမှုမှာ တဖြည်းဖြည်း လျော့ပါးလာနေသည်။ အကျိုးစီးပွားချင်း ပြိုင်ဆိုင်မှုများကြောင့် USDP မှာ စစ်တပ်နှင့် ဖယ်ခွာလာပြီး ၎င်းတို့ ကိုယ်ကိုယ် သီးခြားနိုင်ငံရေး အင်အားစုတစ်ခုအဖြစ် ပုံဖော်လာသည် ကို တွေ့ရသည်။ စစ်တပ်က အမျိုးသားနိုင်ငံရေးအသွင် ပြန်လည် ပုံေ
Posted: 11 Jul 2015 05:43 PM PDT
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ဇူလိုင်လ ၁၁ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် Photo: Win Naung Toe/RFA အမျိုးသားဒ်ီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် တစ်ထောင့်နှစ်ရာ နီးပါးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ ဒီနေ့ နေပြည်တော် ဒေါ်အောင်ဆန်း
Posted: 11 Jul 2015 05:42 PM PDT
မဲဆန္ဒ နယ် ၆၀ % ကျော် မှာ တဆည ဝင်ပြိုင်မယ်။ ၂၀၁၅ ရွေးကောက်ပွဲ အကြို မဲဆွယ် လှုပ်ရှား မှု တွေ မှာ ပါတီ ရဲ့ မူဝါဒ တွေ ကို ပြည်သူ တွေ ကို တင်ပြ ပြီး ပြည်သူတွေ က အမျက် မပြေ ကြသေးရင် လည်း အမျက် ပြေ ကြရ အောင် ကြိုးစား သွားမယ် ဆိုပြီး တိုင်းရင်းသား စည်လုံး ညီညွတ်ရေး ပါတီ တဆည က ပြောလိုက် ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ ကျရင် တနိုင်ငံ လုံး က မဲဆန္ဒ နယ် ၆၀ % ကျော် မှာ ဝင်ရောက် ယှဉ် ပြိုင် မှာ ဖြစ်တယ် လို့ တဆည
Posted: 11 Jul 2015 05:42 PM PDT
 ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ၂ဝ၁၅ ရွေးကောက်ပွဲ ဝင်ယှဉ်ပြိုင်ဖို့အတွက် လွှတ်တော် ကိုယ်စား လှယ်လောင်း ၆ဝ လောက်ကို ရွေးချယ်ထားတယ်လို့ ပါတီတာဝန်ရှိ သူတွေက ပြောပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး အတွက် ကိုယ်စားလှယ်လောင်း ၃ဝ ကို လျာထားတယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌ ဦးသုဝေက ပြောပါတယ်။ "အခုအချိန်အထိကတော့ ၆ဝ ကျော်ပဲရှိပါတယ်ဗျ၊ သူတို့ရဲ့ကုန်ကျစရိတ်ကို ကိုယ့်ဟာ ကိုယ်ရှာနိုင်ရမယ်ပေါ့နော် ၊ ကျနော်
Posted: 11 Jul 2015 02:51 PM PDT
ဇူလိုင်လ (၁၁)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အတွဲ(၄)၊ အမှတ်(၁၈) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 11 Jul 2015 02:49 PM PDT
ဇူလိုင်လ (၁၀)ရက်နေ့ ထုတ် 8 Days Journal Vol 7 No 13 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 11 Jul 2015 02:48 PM PDT
ဇူလိုင်လ (၁၂)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 11 Jul 2015 02:47 PM PDT
ဇူလိုင်လ (၁၂)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Posted: 11 Jul 2015 02:46 PM PDT
ဇူလိုင်လ (၁၂)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 11 Jul 2015 02:44 PM PDT
ဇူလိုင်လ (၁၁)ရက်နေ့ ထုတ် The Messenger Daily Newspaper သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 

ဆဒ္ဒန်လက်သစ်များ

$
0
0

ငတာကို ရူးသလားလို့မေးရင် မရူးဘူးလို့ ပြောရမယ်။ မရူးဘူးလားလို့ မေးရင်လည်း ရူးတယ်လို့ ပြောရလိမ့် မယ်။ ဘာကြောင့်လဲဆိုတော့ သူ့လုပ်ရပ်တွေကို လူတချို့က ရူးတယ်ပြောပေမယ့် တချို့သော လုပ်ရပ်နဲ့ အပြောတွေက မရူးဘူးလို့ပြောနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သူကအတွေးပြောပြောတတ်တော့ တစ်ခါ တစ်လေ နားထောင်ရတဲ့သူတွေဟာ သူ့အလုံးထဲဝင်သွားတတ်တာများတယ်။ ဥက္ကဋ္ဌလို ဘာမှမသိတာကမှ ကောင်းသေးတော့ ငတာပြောတာကိုလည်း သူက နာရကောင်းမှန်း နားလည်ချင်မှလည်း နားလည်တယ်။ အဲဒါ ကပဲခပ်ကောင်းကောင်းလို့ ပြောရမယ်ထင်တယ်။
တစ်နေ့ ငတာက "ကျောင်းဆရာ ခင်ဗျားတို့ ပြောပြောနေကြတဲ့ အစိတ်သားဆိုတာ ဘာလဲဗျ"လို့ လာမေးတယ်။ ကျွန်တော်ကလည်း လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်းသော စစ်သားတွေအကြောင်း ပြောပြလိုက်တယ်။
ငတာက ထသွားပြီး သောက်ရေအိုးထဲကနေ ဖန်ခွက်နဲ့ ရေခပ်လာတယ်။ ရေက ဖန်ခွက်ထဲမှာ သုံးပုံ တစ်ပုံ လောက်ပဲ ပါလာတယ်။ သူက ကျွန်တော့်ကို ဖန်ခွက်ထောင်ပြလိုက်တော့
"ငတာရယ် ငါ့ကို ပညာလာမစမ်းပါနဲ့။ ခွက်ထဲကရေဟာ တ၀က်တိတိလား၊ တ၀က်ကြီးများတောင်လား ဆိုပြီး မေးမလို့ မဟုတ်လား"လို့ ပြောလိုက်တော့

"မဟုတ်ဘူး ကျောင်းဆရာ အဲဒါ သူငယ်တန်းအဆင့်လောက်ပဲရှိတယ်။ ကျုပ်ခွက်ထဲမှာ ရှိတဲ့ရေဟာ ၂၅ ကျပ်သားလောက်ရှိမှာပေါ့။ အဲဒါဘယ်လောက်လေးသလဲ"တဲ့
"ဟာ .. ငတာရယ် အစိတ်သားထည့်ထားတာ အစိတ်သားပဲရှိမှာပေါ့"လို့ ပြောလိုက်တော့
"မှားတယ် .. ကျောင်းဆရာ။ ခင်ဗျား .. အဲဒီရေတစ်ခွက်ကို လက်ဝါးပေါ်တင်ပြီး လက်ဆန့်တန်းထားရင် ဘယ်လောက်ကြာကြာ ခံနိုင်မယ် ထင်သလဲ"တဲ့။ ကျွန်တော်လည်း ထူးဆန်းတာကြောင့် "ဆိုစမ်းပါဦးကွ"လို့ ပြောလိုက်တယ်။
"ကျောင်းဆရာ ခွက်ထဲကရေဟာ အစိတ်သားလောက်ပဲရှိလို့ ခင်ဗျား လက်ထဲမှာ အကြာကြီး ထားနိုင်လိမ့်မယ် ထင်ရင်မှားသွားလိမ့်မယ်။ ၁၅ မိနစ်လောက်ဆိုရင် လက်ညောင်းသလိုဖြစ်လာမယ်။ နာရီဝက်လောက်ဆိုရင် လက်ကိုက်လာမယ်။ တစ်နာရီလောက်ဆိုရင် လွှတ်ချချင်လောက်အောင်ဖြစ်လာမယ်။ ကြည့်နေပါ ခင်ဗျား လက်ထဲက အစိတ်သားခွက်ဟာ လွတ်ကျလာတဲ့ အချိန်ရှိလာလိမ့်မယ်။ ဒီမှာ ကျောင်းဆရာ ဘယ်လောက် လေးတယ်ဆိုတာ ခံနိုင်မှုအပေါ်တည်တယ်ဗျ။ ခံနိုင်သလောက်လေးတယ်။ မခံနိုင်တော့ရင် လွတ်ကျမှာ ကျိန်းသေတယ်"တဲ့။
"ငတာရယ် … အဲဒီလက်ကို ဒေါက်တွေနဲ့ထောက်၊ တိုင်တွေနဲ့မြှောက်ထားရင်ကောကွာ"လို့ ကျွန်တော်က ပြော လိုက်တော့
"ဟဲ … ဟဲ .. ကျောင်းဆရာကလည်း သိရက်သားနဲ့ ဆဒ္ဒန်ဟူစိန်လက်သစ်တွေ ဖြစ်ကုန်မှာပေါ့။ ဆဒ္ဒန်သန်းရွှေ … ဆဒ္ဒန်ခင်ညွန့် … ဆဒ္ဒန် … ဆဒ္ဒန် …"
"ငတာရယ် မင်းကို ဆရာတင်ပါတယ်ကွာ"
၁၃.၇.၂၀၁၅

အခုရှုပ်မှ နောင်ရှင်း

$
0
0

Zawana Shen's photo.
ကျွန်တော် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထဲသို့ဝင်တော့မည်။ ဘယ်သူတွေဘာထင်ထင် ကျွန်တော်ဝင်မည်။ ဒီခေတ်မှာနိုင်ငံရေးပါတီတစ်ခုတော့ နောက်ခံရှိထားမှဖြစ်မည် ။ သူများတွေဝင်သောပါတီထဲသို့လည်း အုတ်အရောရော ကျောက်အရောရော သူများလုပ်တိုင်းလိုက်လုပ်ကာ ရောတိရောရာ မလုပ်ချင်…။ ကိုယ်ထင်တာကိုယ်လုပ်တာ ကျွန်တော့်ဝါသနာဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကို ကျွန်တော်ကြိုက်သည်။ ယခင်ပါတီဥက္ကဌဦးသိန်းစိန်သည် လာဘ်မစားဘူးဟု နာမည်ကျော်ကြားသော Mr.Clean ဖြစ်သည်။ ယခုပါတီဥက္ကဌဖြစ်သူ၊ သူရဦးရွှေမန်းသည် တိုင်းပြည်ကောင်းအောင်လုပ်နိုင်မည့်သူတစ်ဦးဖြစ်သည် ဟုကျွန်တော်ယုံသည်။ ထို့ကြောင့် ထိုပါတီသို့ ကျွန်တော်ဝင်မည်။ သို့သော် ကျွန်တော်သည် ဥာဏ်ရည်နုံနဲ့သူဖြစ်သည်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှင့်ပါတ်သက်လာလျှင် ကျွန်တော်မရှင်းလင်းသော၊ မည်သို့မျှ မစဉ်းစားတတ်သော ကိစ္စလေးအနည်းငယ်ရှိသည်။ မေးခွန်းအနည်းငယ်ရှိသည်။ ခုရှုပ်မှ နောင်ရှင်း ဆိုသလို ထိုကိစ္စများကို သက်ဆိုင်ရာပါတီခေါင်းဆောင်များမှကျွန်တော် သဘောပေါက်နားလည်လာအောင် ရှင်းပြနိုင်ပါက အလွန်ကျေးဇူးတင်မိပေမည်။ ရှင်းပြမည်ဟုလည်းယုံကြည်မျှော်လင့်ပါသည်။ ထိုအခါကျွန်တော်သည်ပါတီထဲသို့ ၀င်ရန်သာရှိပါတော့သည်။
ပထမအချက်အနေဖြင့်ကျွန်တော်မေးလိုသည်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သည် အတူတူပဲလားဟူသောမေးခွန်းဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းသည် အစိုးရပိုင်အသင်းကြီးဖြစ်ခဲ့သည်။ အစိုးရပိုင်အသင်းဖြစ်စဉ်က အသင်းပိုင်ရုံးခန်းများ၏ မြေနေရာနှင့် အဆောက်အဦ အားလုံးသည် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တည်ဆောက်ထားသော ရုံးခန်းများဖြစ်သည်။ ထိုသို့ နိုင်ငံတော်ပိုင်မြေနှင့်ရုံးများသည် အသင်းကြီးအဖြစ်မှ နိုင်ငံရေးပါတီတစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်သောအခါ နိုင်ငံတော်ပိုင်ပစ္စည်းများကို နိုင်ငံတော်သို့ ပြန်အပ်ရမည်ဖြစ်သည်။ နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံတော်ပိုင်မဟုတ်သဖြင့် ယခင်နိုင်ငံတော်ပိုင်အသင်းကြီး၏မြေနေရာ၊
ဘဏ္ဍာငွေ၊ အဆောက်အဦ၊ လက်ကျန်ငွေ၊ စီးပွားရေးလုပ်ငန်းစသည်များကိုတစ်ခုမကျန် နိုင်ငံတော်သို့ပြန်အပ်ရပေမည်။ ပြည်သူတို့၏ ချွေးနည်းစာဖြစ်သော နိုင်ငံတော်ဘဏ္ဍာငွေသည် ပါတီတစ်ခုအတွက်သုံးလို့ ရ မရ ကျွန်တော်သိချင်သည်။ ထို့ကြောင့်ကြံ့ခိုင်ရေးအသင်းကြီး၏ မြေများ၊ တိုက်များ၊ ရုံးခန်းများ၊ စီးပွားရေးလုပ်ငန်းများ ကို ပြည်ခိုင်ဖြိုးပါတီက မိဘအမွေသားသမီးဆက်ခံသလို ယူလိုက်ခြင်းမှာ
တည်ဆဲဥပဒေနှင့် ညီ မညီ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ပြည်သူပိုင်ပစ္စည်းများကို နိုင်ငံရေးပါတီတစ်ခုသို့ ကိုယ့်သဘောနှင့်ကိုယ် ပေးပိုင်ခွင့် ရှိ မရှိ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံပိုင်ပစ္စည်းကို ပါတီအတွက်လွှဲပြောင်းရယူပိုင်ခွင့်
ရှိ မရှိ ကျွန်တော်သိလိုပါသည်။
ဒုတိယသိလိုသည်မှာ
အသင်းကြီးကိုစတင်တည်ထောင်သူ နာယကကြီးဖြစ်သော အငြိမ်းစားဗိုလ်ချုပ်မှုးကြီးသန်းရွှေ အကြောင်းဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီသည် ပြည်ခိုင်ဖြိုးအသင်းမှ ဆင်းသက်လာသည်ဖြစ်ရာ အသင်းကြီး၏ မူလပထမ စတင်တည်ထောင်သူ တစ်ယောက်အကြောင်းကို ပါတီကရှင်းပြနိုင်လိမ့်မည်ဟု ယူဆ၍ မေးရခြင်းဖြစ်ပါသည်။ ကျွန်တော်သိလိုသည်မှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ(ငြိမ်း) ယခု နေ နေသော အိမ်တော်ဟုခေါ်သည့် နေပြည်တော်မှ မြေနေရာနှင့်အဆောက်အဦသည် သူ၏ချွေးနည်းစာဖြင့် လစာဝင်ငွေထဲမှ စုဆောင်းကာ ဆောက်လုပ်ထားခြင်းလော၊ သို့တည်းမဟုတ် နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများဖြင့် ဆောက်လုပ်ထားခြင်းလော မရှင်းသဖြင့် မေးချင်ပါသည်။ သူ့ငွေဖြင့်သူဆောက်လုပ်ထားပါသည်ဟု တစ်ခွန်းဖြေလျှင် ဘာမှစောဒကတက်၍ ရှေ့ဆက်မမေးတော့ပါ။ သို့သော် နိုင်ငံတော် ဘတ်ဂျက်ငွေဖြင့်ဆောက်ထားပါသည်ဆိုလျှင် မရှင်းတာလေးအနည်းငယ်ရှိပါသည်။ နိုင်ငံတော်ဝန်ထမ်းတစ်ယောက်အား တာဝန်ထမ်းဆောင်စဉ် ပေးထားသောအိမ်သည် သက်ပြည့်ပင်စင်ယူ၍ (အမှန်မှာ သက်ကျော်ပင်စင်ဟုပင် ပြောရမလိုဖြစ်ပေသည်။ စကားချပ် ။) ရာထူးမှအနားယူသွားသောအခါ ထိုအိမ်တွင်ဆက်နေ၍
ရ မရ သိလိုပါသည်။ နိုင်ငံတကာတွင် အမေရိကန်သမ္မတအဆက်ဆက်သည် ရာထူးမှနှစ်စေ့၍ဆင်းသွားသောအခါ အိမ်ပေါ်မှ ဆင်းပေးရပါသည်။ နောက်သမ္မတနေရန် အိမ်အသစ်ထပ်ဆောက်ရရိုးထုံးစံမရှိပါ။ အိမ်ဖြူတော်သည် လေးနှစ်တစ်ခါ (သို့မဟုတ်) ရှစ်နှစ်တစ်ခါ သမ္မတများပြောင်းနေပါသည်။ ဗြိတိန်တွင်လည်း ၀န်ကြီးချုပ်အသစ်တက်လာသောအခါ ၀န်ကြီးချုပ်ဟောင်းသည် လန်ဒန်မြို့ အမှတ်(၁၀) ဒေါင်းနင်းလမ်းနေအိမ်မှ ထွက်ခွာပေးကြရစမြဲဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း တပ်မတော်သားဝန်ထမ်းများသည် အသက် (၆၀) ပြည့်၍ပင်စင်ယူသောအခါ ရရှိထားသော လိုင်းခန်း (သို့မဟုတ်) အရာရှိအိမ်ယာကို စစ်တပ်သို့ပြန်အပ်ရပါသည်။ က.ပ.စ တွင်အလုပ်လုပ်သော ကျွန်တော်၏မိတ်ဆွေ တပ်မတော်သားတစ်ဦးသည် ပင်စင်ယူသောအခါ နေစရာမရှိတော့သဖြင့် သူတို့မိသားစုထဲမှတစ်ယောက်ကို အလုပ်ထဲတွင်ပြန်သွင်းထားပြီးမှ ထိုအိမ်ယာကိုပြန်နေခွင့်ပြုရန်လျှောက်လွှာတစ်ခါပြန်တင်ကာ ဘောင်ဝင်အောင်ဆောင်ရွက်ရပါသည်။
အခြား အရပ်ဘက်ဝန်ထမ်းများလည်း ထိုနည်းနှင်နှင်ဖြစ်ပါသည်။ ၀န်ထမ်းဘ၀ကရခဲ့သောအိမ်သည် ပင်စင်ယူသောအခါ အပြီးအပိုင်ရလိုက်သည်ဟူ၍လည်း မကြားဖူးပါ။ ထို့ကြောင့် တပ်ချုပ်ကြီး(ဟောင်း) ၏ အိမ်သည် ကိုယ်ပိုင်အိမ်လား ၊ နိုင်ငံတော်ပိုင်အိမ်လားသိလိုခြင်းဖြစ်ပါသည် ။
တတိယတစ်ချက်သိလိုသည်မှာ
ပင်စင်လစာကိစ္စဖြစ်ပါသည်။ ၂၀၁၁ ခုနှစ် မတ်လ (၃၁) ရက်နေ့မှစ၍ ပင်စင်ဦးစီးဌာနမှ ခံစားခွင့်ပြုလိုက်သည့် ပင်စင်လစာငွေများမှာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ (ငြိမ်း) ၏ ပင်စင်လစာမှာ တစ်လလျှင် ကျပ် သိန်း(၁၀၀) ၊ ဒုတိယဗိုလ်ချုပ်မှုးကြီးမောင်အေး (ငြိမ်း) မှာ တစ်လလျှင် ကျပ်သိန်း (၈၀) ခံစားခွင့်ရှိသည်ဟုဆို၏ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) ပုဒ်မ (၅၈)တွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင်နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာရရှိသည် ဟုဖော်ပြပါရှိ၏ ။ ထိုသို့ဆိုလျှင် ဖွဲ့စည်းပုံဥပဒေအရ နိုင်ငံတော်၏ အထွတ်အထိပ်ဖြစ်သည်ဟုဆိုသော သမ္မတဦးသိန်းစိန်က လုပ်ခလစာ တစ်လလျှင် သိန်း (၅၀)ပဲရနေပါလျက် အထွတ်အထိပ်မဟုတ်တော့သောပုဂ္ဂိုလ်တစ်ယောက်၏ ပင်စင်လစာငွေမှာ အထွတ်အထိပ်ထက် နှစ်ဆများနေသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာ ရောက် မရောက် သိရှိလိုပါသည်ခင်ဗျား။
တစ်ဖန်နိုင်ငံရေးဆုငွေ (အရပ်အခေါ်ဂရယ်ဂျူတီကြေး) ချီးမြှင့်ရာတွင်လည်း အငြိမ်းစားဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ ခံစားခွင့်မှာ သိန်းပေါင်း ( ၂၃၀၀ ) ဖြစ်သည်ဟုသိရပါသည်။ ထိုကိစ္စသည် ကောလဟလလား တကယ်လား သိလိုပါသည်။ တကယ်ဖြစ်ပါက Gratuity ကြေး
သိန်း (၂၃၀၀) ရအောင်တွက်လိုက်သော တွက်နည်းစနစ်ကို သိလိုပါသည် ။ သာမန်အားဖြင့် ဝန်ထမ်းများအငြိမ်းစားယူသောအခါ Gratuity (ခေါ်) လုပ်သက်ခံစားခွင့် တွက်ချက်သော ပုံသေနည်းမှာ ကျွန်တော်သိသလောက် အောက်ပါအတိုင်း တစ်နိုင်ငံလုံးတွက်ကြပါသည်။
အငြိမ်းစားမယူမီ
နောက်ဆုံးရခဲ့သော လစာ x လုပ်သက် ÷ (၂) ဖြစ်ပါသည်။
ဤနည်းဖြင့် တွက်ချက်ပါက ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏လုပ်သက်ကို (၄၅)နှစ်ဖြင့် စဉ်းစား၍တွက်ချက်လျှင် သူ၏မူရင်းလစာမှာ တစ်လလျင်သိန်း (၁၀၀) ရှိပါမှ ဂရယ်ဂျူတီကြေး
သိန်း (၂၃၀၀) ခန့်ရပေလိမ့်မည်။ ထို့ကြောင့်ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ မူရင်းလစာမှာ တစ်လသိန်းတစ်ရာလား၊ ထိုသို့သိန်းတစ်ရာ လစာရခဲ့လျှင် ပင်စင်ကျတော့ ဘယ်လိုလုပ် တစ်လ သိန်းတစ်ရာဖြစ်သွားသလဲ မရှင်းပေ။ ပင်စင်တွက်နည်းမှာ နောက်ဆုံးရလစာကို လုပ်သက်နှင့် မြှောက်ပြီး တပ်မတော်သားဆိုလျှင် (၅၀)နှင့်စားရပါသည်။ အရပ်ဘက်ဝန်ထမ်းဆိုလျှင် (၇၀) နှင့်စားရပါသည်။ တစ်လလျှင်ယခင်က လစာ သိန်း (၁၀၀) ရခဲ့လျှင်တော့ လုပ်သက် (၄၅)နှစ် နှင့် မြှောက်ကာ (၅၀)နှင့် စားလိုက်သောအခါ သိန်း(၉၀)ရပါသည်။ တွက်နည်းတွင် တပ်မတော်သားများအတွက် မူရင်းလစာနှင့်အတူ အရည်အချင်းလစာ၊ နှစ်တိုး၊ အိမ်ငှားခများပါ ထပ်ထည့်လေ့ရှိရာ ဤသိန်း(၉၀) မှ သိန်း(၁၀၀) ရသွားသည်ဆိုလျှင် ဖြစ်နိုင်ပါသည်။ ဆိုလိုသည်မှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ ပင်စင်မယူမီက လစာမှာ တစ်လလျှင် သိန်း (၁၀၀)ဖြစ်ခဲ့လျှင်တော့ ပင်စင်ကြေး သိန်းတစ်ရာဆိုတာရော၊ လုပ်သက်ခံစားခွင့် (Gratuity) သိန်း (၂၃၀၀) ဆိုတာရော စာရင်းကိုက်ပါသည်။
သို့သော် ပြသနာမှာ ဗိုလ်ချုပ်မှုးကြီးတို့ယခင်က လစာ ဘယ်လောက်ယူခဲ့ပါသည်ဟု နိုင်ငံတော်ပြည်သူများကိုတစ်ခါမှ လူရာသွင်း၍ မကြေငြာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သိလိုသည်မှာ ပြည်ခိုင်ဖြိုးအသင်းကြီး၏ မူလတည်ထောင်သူ နာယကကြီး ဦးသန်းရွှေ၏ ပင်စင်မယူခင်က ခံစားခဲ့သောတရားဝင်လစာသည် တစ်လလျင်သိန်း(၁၀၀)ကျပ် ဟုတ် မဟုတ် သိလိုပါသည်။ မဟုတ်ခဲ့လျှင် ပင်စင်နှင့် ဂရယ်ဂျူတီကြေးကို မည်သည့် တွက်နည်းဖြင့် တွက်လိုက်သလဲဆိုတာသိလိုပါသည်။ ဟုတ်ခဲ့လျှင် လုပ်ခလစာ တစ်လလျှင် ကျပ်သောင်းဂဏန်းဖြင့် တစ်နိုင်ငံလုံးနှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲနေချိန်တွင် ဤမျှများသောလစာကို မည်သည့်အချိုးချလစာစနစ်ဖြင့် ရယူခဲ့သလဲသိလိုပါသည်။
နောက်တစ်ခုသိလိုသည်မှာလည်း
ပြည်ခိုင်ဖြိုးဥက္ကဋ္ဌဟောင်း နှင့်ဥက္ကဋ္ဌသစ်၏ ပင်စင်လစာအကြောင်းဖြစ်သည်။ တပ်မတော်ပင်စင်လစာအဖြစ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဟောင်း လက်ရှိနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်သည် တစ်လ ကျပ်သိန်း(၅၀)ပင်စင်ရသည်ဟုသိရပါသည်။ လက်ရှိပါတီဥက္ကဋ္ဌလည်းဖြစ် ပြည်ထောင်စုလွှတ်တော်နာယကလဲဖြစ်သူ၊ သူရဦးရွှေမန်းသည်လည်း ပင်စင်လစာ တစ်လ သိန်း(၅၀) ဟုသိရပါသည်။ ထိုမှတစ်ဖန် လက်ရှိသမ္မတလစာ အဖြစ် ဦးသိန်းစိန်က တစ်လလျှင် သိန်း(၅၀) ၊ ဦးရွှေမန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူးအတွက်လစာ တစ်လလျှင် (၃၅)သိန်းရနေပြီဖြစ်သည်။ ထိုသို့ဆိုလျှင် ကျွန်တော်သိလိုသည်မှာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဟောင်း နှင့် လက်ရှိဥက္ကဋ္ဌသစ်တို့သည် လက်ရှိရာထူးအတွက်လဲ လစာယူသည်၊ တပ်မတော်ပင်စင်အတွက်လဲ သိန်း(၅၀) ၊
(၃၅)သိန်းစသည်ဖြင့် နှစ်ပြန်နှစ်လဲယူနေကြပါသလား၊ လစာတစ်မျိုးထဲပဲယူပါသလား၊ လစာနှစ်မျိုးကိုတစ်ပြိုင်တည်းရယူခံစားနေကြပါလျှင် တိုင်းပြည်ဘဏ္ဍာကို ထိုသို့ရယူခံစားခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ပါရဲ့လားဟူ၍ဖြစ်ပေသည်။
နောက်ထပ်မေးခွန်းမှာ ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးစဉ်ကာလနှင့်သက်ဆိုင်သည် ။ ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာတွင် ပြည်သူလူထုကို ပြည်ခိုင်ဖြိုးပါတီက လမ်းများခင်းပေးခြင်းလဲပါဝင်ပါသည်။ ကျွန်တော်သိလိုသည်မှာ ထိုသို့မဲဆွယ်စည်းရုံးမှုအဖြစ် ခင်းပေးသောကွန်ကရစ်လမ်းများသည် နိုင်ငံတော်ဘဏ္ဍာငွေဖြင့်ခင်းပေးသည်လား၊ ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်ပိုင်ငွေဖြင့် ခင်းပေးတာလား သိလိုရင်းဖြစ်သည်။ နိုင်ငံတော်ဘဏ္ဍာဖြင့် ခင်းပေးသည်ဆိုပါက နိုင်ငံတော်ဘဏ္ဍာကို နိုင်ငံရေးပါတီတစ်ခု၏ မဲဆွယ်စည်းရုံးမှုအတွက် သုံးခွင့် ရှိ မရှိ သိလိုပါသည်။ ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်ပိုင်ရန်ပုံငွေဖြင့် စေတနာသက်သက် ခင်းပေးခဲ့သည်ဟုဆိုလျှင် ကျေးဇူးတင်ပါသည်။ တစ်ခုထပ်မေးချင်သည်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ဘိလပ်မြေဂိုဒေါင်တစ်ခုကို နှစ်ဖွဲ့အတူမျှသုံးပါသလား၊ နှစ်ဖွဲ့ပူးတွဲ၍ ပိုင်ဆိုင်ပါသလားဟု သိချင်စိတ်လဲဖြစ်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်နေထိုင်သော မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်အတွင်းမှ လမ်းတစ်လမ်းကို ပြည်ခိုင်ဖြိုးပါတီမှ မဲဆွယ်သည့်အနေဖြင့် ကွန်ကရစ်လမ်းခင်းပေးပါသည်။ ပြည်ခိုင်ဖြိုးပါတီမှခင်းပေးသည့်အတွက် ကျေးဇူးတုန့်ပြန်သောအနေဖြင့် လမ်းထဲမှ လူငယ်များ ပြည်ခိုင်ဖြိုးပါတီသို့ဝင်ကြရပါသည်။ ပါတီတံဆိပ်ပါသော တီရှပ်အကျီ င်္များဝတ်ကြရပါသည်။ လမ်းခင်းရန်အတွက် ဘိလပ်မြေထုတ်သောအခါ ကျွန်တော်တို့လမ်းထဲမှ လူ ဆယ်ဦးခန့် သူတို့ခေါ်သောကားဖြင့် လိုက်သွားရပါသည်။ ဘိလပ်မြေသွားထုတ်ရသောဂိုဒေါင်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပိုင်ဆိုင်သော အစိုးရဌာနဆိုင်ရာဂိုဒေါင်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်ယနေ့အထိမရှင်းသည်မှာ ကျွန်တော်တို့လမ်းကို ကွန်ကရစ်ခင်းပေးသူကျေးဇူးရှင်မှာ ရန်ကုန်မြို.တော်စည်ပင်လား ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလား ဆိုသည်ကို သဲသဲကွဲကွဲမဆုံးဖြတ်တတ်ပါ။
နောက်ထပ်မသဲကွဲသောအချက်တစ်ခုကိုလည်း တစ်လက်စထဲ မေးပါရစေ… ကျွန်တော်သည်ဧည့်လမ်းညွှန်အဖြစ် ပုဂံဒေသဘက်သို့သွားသောအခါ အညာဒေသ (အထူးသဖြင့်)ကျောက်ပန်းတောင်းနှင့် ညောင်ဦးကြား ရွာအချို့တွင် ပြည်ခိုင်ဖြိုးရွာ ဟူသော ကျောက်စာတိုင်လိုလို ကမ္ဗည်းမော်ကွန်းလိုလို ဆိုင်းဘုတ်များကိုရွာထိပ် ကားလမ်းနဘေးလူမြင်သာသောနေရာများတွင် မကြာခဏတွေ့ရပါသည်။ ပြည်ခိုင်ဖြိုးသည် နိုင်ငံရေးပါတီအဖြစ်အသွင်မကူးပြောင်းမီ ပြည်ခိုင်ဖြိုးအသင်းကြီးအဖြစ်ရှိစဉ်က နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ရွာကိုကူညီခ့သဖြင့် ပြည်ခိုင်ဖြိုးရွာဟု ဂုဏ်ဖော်ကာ ကျောက်တိုင်စိုက်ထူခဲ့ခြင်းဖြစ်မည်။ သို့သော် ပြည်ခိုင်ဖြိုးသည် နာမည် ၊ တံဆိပ် ၊ ဆောင်ပုဒ် မပြောင်းပဲ ပြည်ခိုင်ဖြိုးအမည်ဖြင့်ပင် နိုင်င်ငံရေးပါတီအဖြစ် ကူးပြောင်းရောက်ရှိသွားပြီဖြစ်ရာ အရင်ခေတ်က နိုင်ငံတော်ပိုင် (ပြည်သူ့ငွေ)ဖြင့် ထောက်ပံ့ကူညီခဲ့သော ကျေးရွာတစ်ရွာ၏အမည်ကို ယခုအခါ နိုင်ငံရေးပါတီဖြစ်နေသော ပါတီအမည်ဖြင့် ပြည်ခိုင်ဖြိုးရွာဟု ကြော်ငြာ ဆိုင်းဘုတ်ရေးထိုးထားခြင်းမှာ နိုင်ငံတော်ငွေဖြင့် ပါတီအတွက်မဲဆွယ်နေခြင်းဖြစ်သောကြောင့် ဤကိစ္စသည် ရွေးကောက်ပွဲဥပဒေဖြင့် ညီညွတ်၏ မညီညွတ်၏ ကို သိလိုပါသည်။
နောက်ဆုံးအနေဖြင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး(ငြိမ်း) အကြောင်းကိုမေးမြန်းလိုပါသည်။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် မူလက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၀င် တစ်ယောက်သာမက ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ပါသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းတံတားဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီကိုကိုယ်စားပြု၍ ၀င်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့သူဖြစ်ပါသည်။ လွှတ်တော်အမတ်ဖြစ်ပြီးကာမှ သမ္မတကြီးတာဝန်ပေးခန့်အပ်၍ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဖြစ်လာသူဖြစ်သည်။ ကျွန်တော်သိလိုသည်မှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ယခုလက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်နေသေးပါသလား၊ ပါတီမှတရားဝင်နှုတ်ထွက်လိုက်ပြီလား သိလိုပါသည်။ ပါတီဝင်ဖြစ်နေသေးလျှင် ရွေးကောက်ပွဲကော်မရှင်ဥက္ကရာထူး ယူထားသူသည် နိုင်ငံရေးပါတီတစ်ခုခု၏ ပါတီဝင် ဖြစ်နေ၍
ရ မရ သိလိုပါသည်။ ပါတီမှနုတ်ထွက်ပြီးဖြစ်သည်ဟုဆိုလျှင် သမ္မတကြီးဦးသိန်းစိန်သည် ပြည်တွင်းပြည်ပ ခရီးစဉ်များတွင် ဦးတင်အေးကိုမကြာခဏ ခေါ်ယူလိုက်ပါစေခြင်းသည် ကြံ့ခိုင်ရေးပါတီဝင်အချင်းချင်းမို့ခေါ်သွားသည်လား၊ တပ်မတော် D.S.A အပါတ်စဉ် (၉) ကျောင်းဆင်းဘက်ချင်းမို့ မျက်နှာသာပေးကာ ခေါ်သွားသည်လားသိလိုပါသည်။
ထိုသို့တစ်ပါတီထဲမှတက်လာသူ သမ္မတနှင့်ရွေးကောက်ပွဲ ဒိုင်လူကြီးလုပ်မည့်သူတို့ ရင်းနှီးလွန်းနေခြင်းသည် နောင်ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီ အသာစီးရစေရန် အားသာချက် ဖြစ် မဖြစ် သိလိုပါသည်။ တစ်ဖန်ဦးတင်အေးက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလများတွင် အတိုက်အခံပါတီကြီးတစ်ခုမှ ပါတီဝင်အချို့သည် ကြယ်ငါးပွင့်အလံများကို ကိုင်ဆောင်ခဲ့ကြသဖြင့် အလံတော်ဥပဒေအရ အရေးယူ၍ ရသည်၊ ကန့်ကွက်သူရှိလျင်အရှုံးပေးပစ်မည်ဟု ပုသိမ်ခရီးစဉ်တွင်မိန့်ကြားခဲ့ပါသည်။
ထိုအခါသတိရ၍ မေးလိုသည်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံကြီးတွင် တည်ဆဲသုံးရောင်ခြယ် နိုင်ငံတော်အလံကို ပြောင်းပြန်ဇေါက်ထိုး လွှင့်ထူခဲ့ခြင်းကို အလံတော် ဥပဒေအရ အရေးယူ၍ ရ မရ၊ ပါတီမှအရေးယူခဲ့ခြင်း ရှိ မရှိ သိလိုပါသည်။
ကျွန်တော်သိလိုသောအကြောင်းအရာ မြောက်များစွာရှိပါသေးသည်…
(ဥပမာ-အစိုးရအဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင်များနှင့် လွှတ်တော်အမတ်များ ၏ ပိုင်ဆိုင်မှုဓနဥစ္စာ ထုတ်ဖော်ကြေငြာရေးအဆိုကို ဘာ့ကြောင့်လွှတ်တော်တွင် ပြည်ခိုင်ဖြိုးအမတ်များကန့်ကွက်ကြသည်၊ White Card ကိုင်ထားသော နိုင်ငံသားမဟုတ်သူဘင်္ဂလီများမဲပေးခွင့်၊ ပါတီထောင်ခွင့်ပြုထားခြင်းကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဘယ်လိုသဘောထားသည်၊ စသည်ဖြင့်…)။
သို့သော် အလုပ်မအားသည့်ကြားထဲမှ လူကြီးများခေါင်းခြောက်မည်စိုးသောကြောင့် ဤမျှသာမေးခွန်းမေးလိုက်ပါသည်။ တကယ်မရှင်း၍ မေးခြင်းဖြစ်၍ ရိုင်းတာပါခဲ့လျှင်ခွင့်လွှတ်စေချင်ပါသည်။ ကျွန်တော်သိလိုသည်များကို တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် သိရသည်နှင့် ကျွန်တော်ကိုယ်တိုင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ၀င်ပါမည်။ မိသားစုကိုလည်းဝင်စေပါမည်။ အခြားသူများကိုလည်း ၀င်ဖို့တိုက်တွန်းပါမည်။ ကျွန်တော့်အတွက် ပါတီဝင်လျှောက်လွှာတစ်စောင်ချန်ထားပေး ပါခင်ဗျား။

သရ၀ဏ်(ပြည်)

“ခွေးကလေးလို ကြိုးနဲ့ဆွဲကာ ခေါ်သွားမလား”

$
0
0
 
           ကျောင်းပြီးကတည်းက ကွဲကွာသွားတဲ့ သူငယ်ချင်းတစ်ယောက်က မြန်မာပြည် ပြန်ရောက်လာပြီး သူငယ်ချင်းများနဲ့ တွေ့ချင်ဆုံချင်တယ်ဆိုလို့ ကိုယ်တို့လည်း မဖြစ်ဖြစ်တဲ့နည်းနဲ့
ဇော်ပိုင်၊ ချောစုခင် ပြေးလုပ်ရပါတယ်။ ပြောမယ့်သာ ပြောရတာ အဲ့ဒီစကားမျိုးတွေ သူနားလည်မှာလည်း မဟုတ်၊ တပြည်တရွာရောက်သွားတာ အဲသည်အဆိုတော် အဲသည်သီချင်းတွေ မပေါ်ခင်ကတည်းကဆိုတော့ သိချင်ယောင်ဆောင်ပြီး ရယ်သာပြနေမယ်။ ဆုံချင်ပြီ လို့ တည့်တည့်မပြောရင် သဘောမပေါက်နိုင်တော့ဘူး။ သူ့သားလေးကို မြန်မာစကား တစ်ခွန်းစနှစ်ခွန်းစ သင်ပေးတဲ့အခါ “ကျွန်တော့်အမေက မြန်မာလေ။” အထိပဲ သင်ပေးလို့ရတယ်။ “မြန်မာဆိုတော့ မြန်မာလက်ဘက်ရည်သောက်တာပေါ့။” လို့ ဆက်ပြောလို့ မရယ်တတ်သေးဘူး။ “အဲ့ဒါ ငါတို့ဆီက ခဏခဏလာတဲ့ ကြော်ငြာလေ” လို့ ပြောမှ တဟားဟား ဖြစ်တာတဲ့။ သနားပါတယ်။ သူ့ခမျာ သည်ကစကားတွေ နားမယဉ်တော့ရုံတင် မကဘူး။ အူတွေလည်းရိုင်းကုန်ပြီ။ ဘာစားစား သွားလို့ကို မဆုံးတော့ဘူး။
ပြန်လာရင် ဘယ်သွားမယ် ဘာစားမယ် စာရင်းစာရွက်ကြီးနဲ့ လာပေမယ့် သည်ရောက်တော့မှ သူ့အချိန်တွေကို အကြာဆုံးယူထားတဲ့နေရာတွေဟာ ကားလမ်းပေါ်မှာ ကမုတ်ပေါ်မှာ ဖြစ်နေလေရဲ့။ လောလောဆယ် ကိုယ်တို့ဆီမှာတော့ “Happiness is when you get into the toilet for emergency offloading in the middle of rush hour trafic.” လို့ ပြောရင် မှန်နေတယ်။ မြန်မာပြည်မှာ ပျော်စရာတွေက ပေါပါဘိသနဲ့။


          မမြင်တာမဆုံတာ အနှစ်နှစ်ဆယ်ကျော် ကြာသွားခဲ့ပြီမို့ လူချင်းတွေ့ရင် အသိချင်ဆုံးမေးခွန်းဟာ “အခု ဘယ်မှာရောက်နေသလဲ။ ဘာတွေလုပ်နေသလဲ။ ဘာကြီးဖြစ်နေပြီလဲ” ပေါ့။ ဒီအသက်ဒီအရွယ်မှာ တစ်ခုခုတော့ ဖြစ်နေတဲ့သူတွေချည့် မဟုတ်လား။ ဘာမှ မဖြစ်ရင်တောင် ရောဂါတော့ ဖြစ်ကြတာပ။ “နင် စာရေးတာ အရမ်းကောင်းမှန်းတော့ သိပါတယ်။ ဖတ်ချင်ပေမယ့် လေးထောင့်အတုံးလေးတွေပဲ မြင်ရတယ်။” တဲ့။ သူ့ဆီမှာ မြန်မာဖွန့် မရှိဘူး။ သည်ရောက်တော့ ထည့်သွားမယ် လုပ်တဲ့အခါ သူတို့ဆီက ဖုန်းထဲကို သည်က ဆင်းမ်ကဒ်ထည့်မရ။ သည်ကဆင်းမ်ကဒ် ဝယ်သွားရင်လည်း ဟိုပြန်ရောက်ရင် သုံးမရဖြစ်မှာမို့ ဘာလုပ်ရမှန်း မသိတာလေ။ မြန်မာပြည်ကလူတွေ တစ်ယောက်ကို ဖုန်းနှစ်လုံး သုံးလုံးနဲ့ ဟိုတစ်လုံးနဲ့ကိုင် သည်တစ်လုံးနဲ့ပြော လုပ်နေတာ သူက အံတွေကိုသြလို့။ အဲ့လိုမှ မလုပ်ရင် မရဘူးလေ။ ဘာနဲ့ခေါ်ခေါ် ကြားချင်မှ ကြားတာ။ ကိုယ်ကြားလည်း သူမကြားဘူး။ တစ်ခုနဲ့မရ နောက်တစ်ခုနဲ့ ပြောင်းခေါ်ဖို့ ဖုန်းထုပ်ကြီး လူနဲ့မကွာ သယ်နေရတာ လို့ ရှင်းပြရတယ်။ ဖုန်းတွေတင်မကဘူး။ ပိုက်ဆံဆိုလည်း အထုပ်လိုက် အုပ်လိုက်ကြီးတွေ သယ်နေရတာမို့လို့ ဒီလာရင် လက်ပွေ့အိတ်ကြီးကြီးတစ်လုံးတော့ ကိုယ်နဲ့မကွာ ပါမှ။ ဖုန်းတွေ အားကုန်သွားရင် အရေးပေါ်သုံးဖို့ Power Bank က ပါရသေးတာ။ တို့ဆီမှာ Accessories တွေလည်း Necessary ဖြစ်နေတုန်းပဲကိုး။
   
          ကျောင်းမှာတုန်းက ကိုယ်ဝန်ကြီးတစ်ဘက်နဲ့ ကျောင်းပြီးအောင် တက်ခဲ့သူမို့ “အခု သမီးလေး ဘယ်အရွယ်ရောက်နေပတုန်း” မေးတဲ့အခါ “ဟိုမှာ ဆေးကျောင်းတောင် တက်နေပြီ” တဲ့။ သူ့သားအငယ်ကလေးတော့ ဟိုတခါ ဖေ့စ်ဘုတ်ပေါ် တွေ့လိုက်မိပါတယ်။ တော်တော်ချောတဲ့ ကလေးလေး။ “အမေလောက်တော့ ဘယ်ချောမလဲ ဟယ်။” လို့ သူ့ဘာသာ ကြော်ငြာဝင်ရင်း သူ့သားအငယ်ဆုံးလေးနဲ့ မိတ်ဆက်ပေးဖို့ ဖုန်းထဲမှာ ဓါတ်ပုံရှာပါတယ်။ “ငါ့မှာ ခြေလေးချောင်း သားလေးတစ်ယောက်ရှိသေးတယ်” တဲ့။ ဘုရားဘုရား။ ဒီမိန်းမ စပိုင်ဒါမန်းနဲ့ရနေလို့ ခြေလေးချောင်း လက်လေးချောင်း သားငယ်လေးတစ်ယောက် မွေးထားတာလား မသိဘူး။ သူတို့ ဥရောပဆိုတာ ထူးဆန်းပါဘိသနဲ့။ ဓါတ်ပုံထဲမှာတော့ ချောလိုက်တာ။ နက်မှောင်ပြောင်လက်နေတာပဲ။ အမျိုးအစားတော့ ကိုယ်လည်း မခေါ်တတ်ဘူး။ တန်ဖိုးကြီးတဲ့အစားမှန်းတော့ သိတယ်။ အားကြီးချစ်ဖို့ကောင်းတာပဲ။ အရမ်းလိမ်မာသတဲ့။ သူတို့သွားလေရာ ပါတယ်ဆိုပဲ။ အခုဆို Continent ထဲမှာ သူမရောက်ဖူးသေးတာ အာဖရိကပဲ ရှိတော့တယ် လို့ ဆိုတယ်။ အားကျလိုက်တာကွယ်။ “ဒါနဲ့ နေစမ်းပါဦး။ သူ့အတွက်ကော နင်တို့ ပတ်စ်ပို့တွေ ဗီဇာတွေလျှောက်ရသေးလား” လို့ စပ်စုတော့ “ရှိတယ်လေ။ သူ့မှာ ပတ်စ်ပို့။ Family tree ရော၊ Immunization History ရော။ နေမကောင်းရင် ဆေးကုထားတဲ့ ကျန်းမာရေး မှတ်တမ်းပါ အကုန်ပါတယ်။” တဲ့။

         သူတို့လိုမျိုး ခြေလေးချောင်း သားတော်မောင် အပါခေါ်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ လေဆိပ်က ခွေးဝင်မှုကြီးကြပ်ရေးတွေက ကိုယ်တို့လဝကတွေထက် စည်းကမ်းတင်းကြပ်သတဲ့။ မလာခင်ကတည်းက ကျန်းမာရေးစစ်ဆေးထားရပြီး လေဆိပ်အဝင်မှာ နှစ်ပတ်လောက် Quarantine လုပ်ဖို့ အပ်ထားရတဲ့နိုင်ငံတွေလည်း ရှိသတဲ့။ အောင်မလေး။ ခွေးထားတဲ့စားရိတ်ဆိုတာ လူတည်းတဲ့ ဟော်တယ်စားရိတ်လောက်ကို ကြီးသတဲ့ကွယ်။ နှစ်ပတ်နေလို့ ဘာရောဂါမှ မပြတော့မှ မိဘလက်ထံ ပြန်အပ်နှံလို့ သူတို့တိုင်းပြည်ထဲ ဝင်ခွင့်ပေးလေတယ် ဆိုပဲ။ သိပ်တင်းကြပ်တဲ့ နိုင်ငံတွေဆို ခြောက်လတောင် အပ်ရတာမို့ သူတို့တော့ အဲ့လိုနိုင်ငံမျိုး မသွားဘူးတဲ့။ မခွဲနိုင်ရှာပဲကိုး။ ကိုယ်ကသာ ထူးဆန်းနေတာပါလေ။ ဒါမျိုးကိစ္စတွေက သူတို့ဆီမှာဆို သမားရိုးကျ ဖြစ်နေပါပြီ။ ဂျက်စပဲရိုးလေးတစ်ယောက် သြဇီမှာ ရုပ်ရင်သွားရိုက်တော့ စင်းလုံးငှားလေယာဉ်နဲ့ လာတာမို့ သူ့သားတော်မောင် ပါလာတာ ဟိုက မသိလိုက်ဘူး။ ကိုယ်တော်ချောက ရှည်ကြောပြီး Spa မှာ ဘော်ဒီရှမ်ပူသွားလုပ်တော့မှ ဟိုက Illegal Immigrant ကြီးပါဆိုပြီး အခုချက်ခြင်း ပြန်ပို့ခိုင်းလို့ ရှုတင်ဖျက်ပြီး ပြန်သွားသတဲ့။ နောက်ဘယ်တော့မှ လာမရိုက်တော့ဘူး ဆိုပါလား။ တော်သေးတာပေါ့။ ငါတို့ဆီ ခေါ်မလာတာ။ နို့မို့ မတော်လို့ သည်က YCDC Beef နဲ့ ညားသွားရင် သင်္ဘောကြီးနဲ့ လာစစ်တိုက်နေဦးမယ်။

          သူတို့ဆီမှာတော့ ခွေးကို အဲသလို လက်စတုံး လုပ်ဖို့မပြောနဲ့ ညှင်းပန်းနှိပ်စက်နေပါတယ်လို့ အိမ်နီးချင်းက ဖုန်းဆက်တိုင်လိုက်ရင်တောင် တရားစွဲခံရသတဲ့။ ခရီးသွားလို့ အိမ်မှာ တစ်ကောင်တည်း ပစ်ထားခဲ့ရင်လည်း ပြုစုကျွေးမွေးမယ့်သူ မကျန်ရကောင်းလားဆို အရေးယူခံရမှာပဲ။ ကိုယ်တို့မြန်မာတွေ ခွေးမွေးပုံမွေးနည်းနဲ့ဆို ခွေးကို အိမ်ပေါ်တင်ပြီး လူတွေ ထောင်ထဲဝင်နေရလိမ့်မယ်။ ခွေးဆိုတာ စားကြွင်းစားကျန် ကျွေးရတဲ့ အစား မဟုတ်ဘူး။ သေရင်တောင် အမွေစားအမွေခံ စာချုပ်စာတမ်းနဲ့ထားခဲ့တာမို့ အိမ်တော်ထိမ်းတွေ၊ ထမင်းချက်တွေ၊ နာနီတွေ၊ မာလီတွေနဲ့ ကိုယ်တော်သခင် ဖြစ်နေတဲ့ ခွေးတွေ အများကြီး။ ဖေ့စ်ဘုတ်ပေါ် နံမည်တပ်ပြီး မဟုတ်တမ်းတရား လျှောက်ရေးလို့ကတော့ နောက်နေ့ သူ့ရှေ့နေဆီက နို့တစ်စာရလိမ့်မယ်သာမှတ်။ (ကိုယ်တို့ဆီက အလဲဗင်းက ဘာဟုတ်သေးလို့တုန်း။ ဟိဟိ) လူ့အခွင့်အရေးဆိုတာ ဘယ်ဆီနေမှန်းမသိတဲ့ တိုင်းပြည်မှာ ခွေးအခွင့်အရေးကြော်ငြာစာတမ်း လာဖတ်ပြသလို ဖြစ်နေပါပြီ။ လောလောဆယ်မှာတော့ ကိုယ်တို့တတွေ သူတို့ဆီက ခွေးတစ်ကောင်လောက် အရေးတယူ ဆက်ဆံခံရလို့ရှိရင် “အာဂဟဲ့ငါ။ လူဖြစ်ကျိုးနပ်ပါပကော” ရယ်လို့ လက်ပန်းပေါက်ခတ်ပလိုက်လို့ ရပါတယ်။

          သူ့ခွေးကလေးကို ပတ်စ်ပို့လုပ်ဖို့ ဘယ်လောက် လွယ်လွယ်ကူကူ ရှိသလဲဆိုတဲ့ကိစ္စကို သူကိုယ်တိုင် မြန်မာပြည်ကထွက်တုန်းက ဆရာဝန်မကြီးတန်မဲ့ ကိုးတန်းအောင် ပတ်စ်ပို့လုပ်ရတဲ့အဖြစ်ကို ပြန်မှတ်မိရင် သဘောပေါက်သွားပါလိမ့်မယ်။ ကိုယ်တို့လို လုပ်သက် အနှစ် ၂၀ ကျော် ဝန်ထမ်းဆရာဝန်ကြီးတွေဆို လေဆိပ်က ပြန်ဝင်လာတာနဲ့ စာအုပ်ကောက်သိမ်းပလိုက်တာ။ လက်ထဲမှာ ကိုင်ဆောင်ထားခွင့် မရှိဘူး။ လျှောက်ချင်ရင် ဝန်ကြီးအဆင့်နဲ့တောင် မဟုတ်ဘူး။ ဝန်ကြီးတွေ အစုံအညီထိုင်တဲ့ ကက်ဘိနက်ထိအောင် တင်ရတယ်။ ပြန်မလာရင် လျော်ပါ့မယ်ဆိုတဲ့ အာမခံပေးမယ့်သူ ငါးယောက်လောက် လိုတယ်။ ဟိုတုန်းကဆို ဘဏ်မှာ ပိုက်ဆံသိန်းငါးဆယ် အရင်သွားသွင်းထားရတယ်။ ပြန်မလာ အဲသည်ငွေ အဆုံး။ ကိုယ့်တုန်းကတော့ အိမ်ကကား အရောင်းအဝယ်စာချုပ်နဲ့ အုံနာဘုတ်ကြီးကို သူတို့လက်ထဲ သွားအပ်ထားရတယ်။ ပြန်လာလို့ စာအုပ်ထဲမှာ သူတို့ဆီ အစီရင်ခံထားပြီး နိုင်ငံတွေမဟုတ်တဲ့ တုံးတွေ ထုထားတာတွေ့လို့ကတော့ ထောက်လှမ်းရေးလက် အပ်တော့မလားပဲ။ ဝန်ထမ်းဆိုတာ ကိုယ့်သဘောနဲ့ကိုယ် ဘယ်ကိုမှ သွားခွင့်မရှိဘူးတဲ့။ လူကြီးတစ်ယောက်ရဲ့ ရုံးခန်းထဲမှာ တစ်နာရီနီးပါး ဆဲဆိုကြိမ်းမောင်းနေတာကို ငုတ်တုတ်ထိုင်စောင့်ခဲ့ရဖူးတယ်။ ဆရာဝန်မတစ်ယောက်က ဆရာတော်ကြီးတစ်ပါးရဲ့ နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ထဲမှာ ဆေးလိုက်ကုပေးတဲ့အတွက် နှစ်ပြားမတန်အောင် အပြောခံနေရတာ။ “ခင်ဗျားပညာ ခင်ဗျားဘွဲ့နဲ့ ကုတယ်ဆိုပေမယ့် ခင်ဗျားကို ဝန်ကြီးဌာနက ပိုင်တယ်။ ဝန်ကြီးဌာနက ခွင့်ပြုချက်မရပဲ ဘယ်ကိုမှ ထွက်မကုရဘူး” တဲ့။ နားနဲ့ဆတ်ဆတ် ကြားရလို့တောင် မယုံနိုင်စရာ စကားတွေပါပဲ။ ဟိုအဖွဲ့ကြီး မဲဆွယ်တုန်းကကျတော့ သူတို့ပဲ မလိုက်မနေရ အတင်းထည့်ပြီး။ ကိုယ်တို့ကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့ အုပ်ချုပ်နေတာမှ မဟုတ်ပဲ။ သြဇာအာဏာသက်သက်နဲ့ အုပ်ချုပ်နေတာ။ မလုပ်ချင်ထွက်သွား။ ငကန်းသေ ငစွေလာလိမ့်မယ်ဆိုတဲ့ အပြောမျိုးနဲ့ အုပ်ချုပ်နေတာ ကိုယ်တို့လစာဘယ်လောက်များ ကောင်းနေလို့လဲလို့ သိရင် အရမ်းအံ့သြသွားမယ်။ အလုပ်ထဲမှာ ဆရာဝန်ဆိုတာ ခွေးလောက်တောင် တလေးတစား ဆက်ဆံကြတာ မဟုတ်။

            ဒါကတော့ ညံ့တဲ့သူတွေ အစိုးရအလုပ် ဝင်လျှောက်တာပဲ။ ထားရာနေ စေရာသွား ပြောသမျှခံပေါ့။ ဒါပေမယ့်လည်း အလုပ်ဝင်ဝင် မဝင်ဝင် MBBS ဘွဲ့ကြီး ယူထားမိရင်တော့ ပတ်စ်ပို့လျှောက်ဖို့ရာ ပညာရေးကင်းရှင်းကြောင်း လက်မှတ်ကြီး ထုတ်မပေးတော့ပါဘူး။ အဲ့ဒါကြောင့်မို့လို့ နိုင်ငံခြားရောက်ဆရာဝန်တွေ အားလုံး ကိုးတန်းအောင် နဲ့ ထွက်ကြရတာ။ အလုပ်ထဲကနေ အကြောင်းအမျိုးမျိုးနဲ့ ထွက်စာတင်ပြီး နိုင်ငံခြားထွက်မယ်ပြင်ရင်လည်း ကောင်းဘွိုင်ကားထဲက Wanted ကြော်ငြာလို လေဆိပ်မှာ Black list ထည့်ထားတဲ့အတွက် “အခုချက်ခြင်း ထောင်ထဲရောက်သွားချင်သလား” လို့ နင်ပဲငဆ အပြောခံရပြီး အမြီးလေးကုပ်လို့ ပြန်လာကြရပါတယ်။ ဘူတန်မှာ အလုပ်လုပ်ပြီး တစ်နှစ်ပြည့်လို့ ခွင့်နဲ့အပြန်မှာ မိသားစု အလည်ခေါ်သွားချင်လို့ ခွင့်ယူထားတဲ့ တစ်လလုံးလုံး အိမ်ကသားအမိ ပတ်စ်ပို့စာအုပ်လုပ်ရင်း အချိန်ကုန်ထားရတာ။ လေကြောင်းကောင်တာမှာ ချက်ကင်ဝင်ပြီး လဝကက ဆရာကြီးများနဲ့တွေ့တော့မှ မိုးကြိုးပစ်တော့တာပါပဲ။ ကိုယ်တို့ဝန်ကြီးဌာနရဲ့ အမိန့်စာဟာ တစ်ခါသာလျှင် အဝင်အထွက် ပြုလို့ရပါမယ်တဲ့။ နောက်တစ်ခါ ထွက်ချင်ရင် နောက်ထပ် အမိန့်စာတစ်စောင် ထပ်ပေးရမတဲ့။ ဘယ်တုန်းက ပြောင်းသွားတဲ့ စည်းကမ်းလဲ မသိပေါင်ကွယ်။ ကိုယ့်ရှေ့ တစ်ပတ်က ပြန်သွားတဲ့သူတောင် အဲသည်စာရွက်နဲ့ပဲ ပြန်သွားတာ ဘူတန်တောင် ရောက်ပေါ့။ လေယာဉ်က ထွက်တော့မယ်။ သူတောင်းတဲ့စာရွက်က ဘယ်က ပြန်ယူရမတုန်း။ အိမ်ကို ဖုန်းဆက်ပြီး နေပြည်တော်ကို အရေးတကြီး ဖုန်းခေါ် အကူအညီတောင်းတဲ့အခါ ကိုယ့်ဌာနက လူကြီးပီပီ အကူအညီပေးပါတယ်။ “စာရွက်လိုချင် လာယူလေ။ လူကိုယ်တိုင်လာယူ။ လူမပါပဲ ဘယ်သူဘယ်ဝါမှန်းမသိ ထောက်ခံမပေးနိုင်ဘူး။” တဲ့။ ကိုယ့်အရှေ့က ချက်ကင်ဝင်သွားတဲ့ကလေးက ဆရာဝန်ပါပဲ။ သူ ကိုးတန်းအောင် နဲ့ ထွက်တာ။ ဘာပြသနာမှမရှိဘူး။ ကိုယ့်မှာ Official Passport ကြီးနဲ့ကျမှ လေယာဉ်ပေါ် ပေးမတက်တော့ပဲ
အောင်ဖျာလိပ်ပြီး နေပြည်တော် တက်ရတယ်။ “ခင်ဗျားတို့ ဆရာဝန်တွေပဲ စာအုပ်အစိမ်းကြီးတွေနဲ့ ထွက်ထွက်ပြီး ပြန်မလာကြတာ။” လို့ လက်ညှိုးငေါက်ငေါက်ထိုးပြီးလည်း အပြောခံရတယ်။ အဲ့ဒါ ကိုယ်နဲ့ဆိုင်လို့လား။ သူနဲ့ကော ဆိုင်သလား။ ကိုယ်ပေးတဲ့စာရွက်စာတမ်းထဲမှာ လိမ်ညာတုပထားတာ ဘာတစ်ခုမှ မပါဘူး။ ဂျက်စပဲရိုးလို “နေပစေလေ။ အာ့ဆို မပြန်တော့ဘူး။ ဟိုဆေးရုံကို အချိန်မီ ပြန်မရောက်လို့ရှိရင် ခညားတို့ဘာသာ ဝန်ကြီးဌာနချင်း ရှင်းကြ။” လို့ ပြန်ရစ်လိုက်ရမှာ။ အခုတော့ ပြောင်းပြန်။ ကိုယ်ကချည့် လိုက်ကန်တော့ရတယ်။ ခွေးထက်မိုက်တဲ့ ကိုယ့်ဘဝပါကွယ်။

          သူတို့ဆီမှာ ခွေးကလေး ကြောင်ကလေးတွေကိုတောင် သူများမနှိပ်စက်အောင် ဥပဒေနဲ့ အကာအကွယ်ပေးထားပေမယ့် ကိုယ်တို့ဆီမှာတော့ လူတွေကိုတောင် အကာအကွယ်မပေးနိုင်ဘူး။ ကားမောင်းရင်း ခွေးတိုက်မိတာနဲ့ လူတိုက်မိတာနဲ့ဟာ ဆင်းမကြည့်ပဲ မောင်းပြေးကြတာချင်းတော့ အတူတူပဲ။ ကိုယ်ပြောမိတာတောင် နှစ်ခါမကဘူး။ အခု ကိုယ့်ဆေးရုံက အလုပ်သင်ဆရာဝန်ကလေးတစ်ယောက် ICU ထဲ ရောက်နေတယ်။ သူ့တိုက်တဲ့ ဒရိုင်ဘာက ကားတန်းလန်းထားပြီး ဆင်းပြေးတာ။ နေရာ၊ အချိန်၊ ကားနံပတ်အတိအကျနဲ့ တိုင်ချက်ဖွင့်ထားတဲ့ အရင်တစ်ခါရေးတဲ့ ကားတိုက်မှုတောင် တစ်လပြည့်တော့မယ်။ အခုထက်ထိ မမိသေးဘူး။ အခုလေးတင် လှည်းတန်းဂုံးပေါ်က ဆင်းလာသခိုက် ပြိုင်ကားခြောက်စီး ဟွန်းအသားကုန်တီးပြီး အိပ်ဇောသံပေးလို့ မိုင်ကုန်မောင်းလာတာ အသာလုပ်ပါဟဆို လမ်းဘေးချရပ်ပေးလိုက်ရတယ်။ ဘယ်မော်တော်ပီကယ်မှ ခရာမတွတ်ရဲဘူး။ တားလိုက်တာနဲ့ ပါးရိုက်ခံရမယ့်ကားတွေဆိုတာ သူတို့က မြင်ရုံနဲ့ သိပြီးသား။ မဟာရန်ကုန် ည ရှစ်နာရီ သတင်းလာနေတဲ့အချိန်မှာပါဗျား။ မြန်မာပြည်မှာ ပိုက်ဆံနဲ့ အာဏာရှိလို့ရှိရင် ဓါးပြတိုက်မလား။ လူသတ်မလား။ လိုချင်တာတွေအားလုံး တစ်နေရာတည်းမှာ အကုန်ရမယ်။ ကိုယ်မသိတာ ကိုယ်လက်လှမ်းမမီတာတွေ အများကြီး။ Conspiracy Theory တွေဆိုတာ အနတဂ္ဂမ။ လူကြီးအိမ်ဗုံးပေါက်တာတောင် လက်သည်ရှာမရဘူး။ ကြည့်မရတဲ့ကောင် နံမည်တပ်ပလိုက်တာ။ ကိုယ်တို့ မြန်မာပြည်ဇောတိကကြီးတောင် CIA က သူ့လိုက်သတ်နေပါတယ်ဆိုပြီး ထောက်ပြုတ်တွေ သူ့အိမ်ခေါ် ဘော်ဒီဂတ်ခန့်ထားရတယ်။ အသက် ဖက်နဲ့ထုပ်ရတဲ့အထဲ သူတို့တောင် ပါတယ်ဆိုရင် အောက်က ကိုယ်တို့တတွေ လူစာရင်းသွင်းစရာ မရှိတော့ဘူး။

           ဒါနဲ့ နေစမ်းပါဦးကွယ်။ နင့်သားတော်မောင်က မျိုးရိုးက အထက်တန်းစား။ သူ့ကိုရဖို့ နှစ်လသုံးလလောက် လျှောက်လွှာတင်ပြီး စောင့်ခဲ့ရတယ်။ ရွှေပေါ်မြတင် သားရတနာကလေးလိုလည်း စောင့်ရှောက်ရတယ်။ ဒင်းကလေး အရွယ်ရောက်လာရင် ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင် ဖခင်မယ်တို့တာ ကော ဆက်ပြီး တာဝန်ယူထားရသေးသလား။ ဂုဏ်ရည်မတူရင် မပေးစားနိုင်ဘူးဆိုပြီး မျိုးစောင့်ဥပဒေတွေ ဘာတွေညာတွေကော ရှိနေပြီလား လို့ ပူပူပင်ပင် မေးရသေးတယ်။ မတော်တရော် ပေါက်လွှတ်ပဲစားတွေနဲ့ တွေ့ရင် မွေးမေမေ ရင်ကျိုးနေမစိုးလို့ပါ။ သူကတော့ ပုံမှန်ပါပဲ။ “သူ့ကို ကလေးမရအောင် လုပ်ထားလိုက်တယ်လေ။” တဲ့။ “နို့မို့ သူမွေးသမျှ ငါအကုန် လိုက်ကြည့်နေရမှာ။ သူကမွေးတာဆို ပစ်လည်း ထားရက်မှာ မဟုတ်ဘူး” တဲ့။ “သနားပါတယ်ဟယ်။ သူ့မှာ enjoy လုပ်စရာ ဒါလေး သုံးခု ရှိတာ။ တစ်ခုကို ဖြတ်ပစ်လိုက်တော့ ဘယ်လိုလုပ်မတုန်း။” ဆိုတော့။ “အေးလေ။ သနားလို့ လုပ်ပလိုက်ရတာပဲ။ နို့မို့ ဒီကလေးက မရဘူး။ မြင်သမျှ အကုန်တက်ချင်တာ။ အထီးအထီးချင်းလည်း တက်တယ်။ ဂေးများလား မသိဘူးလို့တောင် အောင့်မေ့မိတာ” ဆိုပဲ။ “ဒါကတော့ နင်တို့ ယူရိုပီယန်တောမှာ ဂေးတွေ ဆိတ်တွေဆိုတာ မရှိတော့ပါဘူးကွယ်။ ခုနှစ်ရက်သားသမီးအပေါင်းတို့ အားလုံးနှင့်ဆိုင် သုံးစွဲနိုင် Bi တွေ ဖြစ်ကုန်မှပဲဟာ။ သာယာမှုဆိုတာ မျိုးပွားခြင်းနဲ့ မဖြစ်မနေ ဆက်စပ်ထားစရာ မလိုတော့ပါဘူး။ သူပျော်သလိုနေပါစေ။” လို့ ကိုယ်က လျှောက်လဲချက်ပေးပေမယ့်လည်း “အခု သူ့မှာ အဲသည်စိတ်တွေ မရှိတော့ သူလည်း နေလို့ထိုင်လို့ကောင်း၊ ငါတို့လည်း စိတ်ပူစရာ မရှိတော့ နေလို့ထိုင်လို့ကောင်းတယ်လေ။” လို့ ပြန်ဖြေပါတယ်။

          သူ့ဆီက ပြန်လာတဲ့အခါ ကိုယ့်ဘာသာ ဆက်စဉ်းစားမိတာက သူတို့အနောက်တိုင်းယဉ်ကျေးမှုရဲ့ အချစ်နဲ့ သံယောဇဉ်ဟာ ကိုယ်တို့ အရှေ့တိုင်းကလူတွေနဲ့ တော်တော် မတူတာပဲ လို့ သတိထားမိသွားတာပါ။ ဟိုတစ်ခါ ယိမ်းနွဲ့ပါး ရုပ်ရှင်အကြောင်းရေးတုန်းက ဘိုးဘိုးအယ်လန်ကို သတိရသွားတယ်။ သူ့သားသမီးတွေဟာ သူ့ကို မချစ်လို့ ဘိုးဘွားရိပ်သာ ပို့ထားတာ မဟုတ်ဘူး။ သူတို့လည်း အဆင်ပြေ သက်သာလွယ်ကူ၊ ကိုယ်လည်း အဆင်ပြေ သက်သာလွယ်ကူ၊ နှစ်ဦးနှစ်ဘက် မေတ္တာမပျက် အကျိုးမယုတ်တဲ့ လမ်းကို ရွေးထားတာ လို့ ဆိုတယ် မဟုတ်လား။ သူတို့ဆီမှာ လူနှစ်ဦးနှစ်ယောက် သွေးမတော်သားမစပ် အတူနေတာပဲ ဖြစ်ဖြစ်၊ မိဘ နဲ့ သားသမီး ကြားမှာဖြစ်ဖြစ်၊ အချစ်တော် သတ္တဝါကလေးတွေနဲ့ပဲ ဖြစ်ဖြစ်၊ ကိုယ့်စိတ် ကိုယ့်သဘောအတိုင်း တခြားတစ်ယောက်က လိုက်နေပေးရမယ် လို့ ဘယ်တော့မှ တွေးမထားဘူး။ ကိုယ့်အခွင့်အရေးနဲ့ ကိုယ်နေတယ်။ သူများဘက်ကို ကျူးကျော်လေ့မရှိဘူး။ ဆုံးဖြတ်စရာရှိလာရင် နှစ်ဦးစလုံးအတွက် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာမယ့်လမ်းကို ကျေကျေနပ်နပ် လက်ခံကြတယ်။ သူများအတွက် ကိုယ်က အနစ်နာခံရတယ်။ ကိုယ့်အတွက် သူများက အနစ်နာခံရတယ်ဆိုတာ မရှိဘူး။ ချစ်လို့ကြိုက်လို့ ယူထားတဲ့ အိမ်ထောင်ဘက်တောင်မှပဲ အလုပ်ထဲမှာရော အိမ်မှာရော တစ်နေကုန် တပူးတွဲတွဲ အတူနေရလို့ရှိရင် မကြိုက်ဘူးတဲ့။ Privacy မရှိလို့ လို့ ဆိုတယ်။

           ကိုယ်တို့ဆီမှာက ခွာလို့ကို မရဘူး။ သမီးကလေး ငယ်ငယ်က ကိုယ်အိမ်သာတက်နေရင် တံခါးအပြင်က စောင့်နေတယ်။ သူ့အဖေက ဟိုဘက်ခန်း၊ သူက သည်ဘက်ခန်းဆိုရင်တောင် မနေတတ်ဘူးတဲ့။ (ယုံလောက်အောင် သူပြောပြန်လျှင် ယုံကြည်စွာ စိတ်ကထင်။) အခု သည်အရွယ်ရောက်တော့လည်း ကိုယ်က ကွန်ပြူတာတစ်လုံးနဲ့ စာထိုင်ရိုက်နေလို့ ခါးတညောင်းရှိလာရင် ဘာရယ်မဟုတ်၊ ငါ့သမီးလေး ဘာများလုပ်နေပါလိမ့်ဆို သွားကြည့်မိတာပဲ။ မျက်စိအောက်က အပျောက်မခံဆိုတာမျိုး နေမှာပေါ့။ ဟိုက ကလေးတွေကို ဘယ်သည်လိုလုပ်လို့ရမှာလဲ။ သားသမီး အိမ်အပြန်ကို မိဘက တံခါးစောင့်ဖွင့်ပေးရတယ်ဆိုတာ ထုံးစံ မဟုတ်ဘူး။ သူတို့အပြင်ထွက်တဲ့အချိန်ကိုက ဆယ်နာရီလောက်မှ ထွက်တာ။ ၁၈ နှစ် မပြည့်သေးရင် ညသန်းခေါင်ဆို ဆိုင်တွေက ဆက်မရောင်းလို့ ပြန်ရတယ်။ ၁၈ နှစ် ပြည့်ပြီးသားတွေကတော့ အဲသည်အချိန်ဆို ကလေးတွေနဲ့ ရှုပ်လွန်းလို့ မထွက်သေးဘူး။ သန်းခေါင်ကျော်မှ ထွက်ပြီး အာရုဏ်တက်မှ ပြန်တယ်။ မိဘစိတ်ပူတာ တစ်ခုတည်းနဲ့ သားသမီးအခွင့်အရေးကို ပိတ်ပင်လို့မရဘူးလေ။ သူတို့လည်း သူတို့အရွယ် သူတို့ဘာဝ တက်ချင်ရာနဲ့ တက်၊ ကိုယ့်ဘက်က ပြောခွင့်မရှိဘူး။ အသက်ပြည့်နေရင် လက်လွှတ်လိုက်တော့။ အဲ့ဒါကြောင့် အရွယ်ရောက်ပြီး သားသမီးတွေ မိဘနဲ့ အတူမနေကြတော့တာ မချစ်လို့၊ သံယောဇဉ် မရှိလို့တော့ မဟုတ်ပါဘူး။ ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်မို့ နှစ်ဦးနှစ်ဘက် အချင်းမများရတဲ့လမ်းကို ရွေးထားတာ။ တစ်နှစ်တစ်ခါ အီစတာပွဲတို့ ခရစ်စမတ်ပွဲတို့ကျရင် တပြွတ်ပြွတ် မြည်နေအောင် ချစ်ကြလိမ့်မယ်။ သည်ကြားထဲတော့ ကြိုချိန်းမထားပဲ အိမ်လာမရှာနဲ့။ ကိုယ့်အချိန်ဇယားနဲ့ကိုယ် လည်ပတ်နေရတာ။ အရေးကြီးရင်တော့ သွေးနီးပါတယ်။ မစိမ်းပါဘူး။ နေမကောင်းရင် မတ်စိပို့လိုက်။ ပန်းစည်းကလေး ရောက်လာလိမ့်မယ်။ ဘာလို့ဆိုတော့ သည်မှာလို လူမမာမေးတဲ့ဓလေ့ဟာ လူနာကိုရော ဆရာဝန်ဆရာမကိုပါ အနှောက်အယှက်ဖြစ်စေနိုင်တယ်လေ။ တွေ့ချင်ရင် ဧည့်ချိန်လာ။ တိတ်တိတ်နေ၊ ပြုံးပြ၊ အာဘွားပေး၊ ပြန်။ ဒါလည်း မချစ်လို့တော့ မဟုတ်ပါဘူးတဲ့။

           ပြောချင်တာကတော့ကွယ်။ သူတို့ဆီမှာ တစ်ဦးတစ်ယောက် တစ်ကောင်တစ်ခု အတွက် ယဉ်ကျေးမှုအရရော ဥပဒေအလျောက်ပါ ကာကွယ်စောင့်ရှောက်ပေးထားတဲ့ အခွင့်အရေးဆိုတာ သိပ်ကို ကျယ်ပြန့်လွန်းတယ်။ လိုက်မမီဘူး။ ကိုယ်တို့လူ့အခွင့်အရေးဆိုတာ သူတို့ ခွေးအခွင့်အရေးလောက်မှ အစောင့်ရှောက် မခံရဘူး။ ဒါဆိုလည်း ကုသိုလ်ကောင်းမှုလေး ဘာလေးလုပ်ပြီး အမျှအတမ်းဝေ ခွေးဆုပန်ပါလား လို့ အငေါ်တူးဦးမယ်။ ခွေးက ကိုယ့်ထက်သာတိုင်း ကိုယ်က ခွေးဖြစ်ချင်တာ မဟုတ်ဘူးလေ။ ရွှေပင်ပေါ်က ရွှေကျေးလေးအစားတော့ မန်ကျည်းပင်အောက်က နွားကျောင်းသားလေးပဲ ဖြစ်ပါရစီ။ လုပ်ချင်တာတွေမှန်သမျှ လုပ်ချင်တိုင်းလုပ်ပြီး တလောကလုံး အမုန်းကျိန်စာနဲ့မှ သမ္မတကြီးနေရာ ရမယ်ဆိုရင်လည်း မလိုချင်မိဘူး။ အဖြေရလာဘ်တစ်ခုတည်းကို မကြည့်ပဲ အဆင့်ဆင့် တွက်ရတဲ့ ပေးထားချက်တွေ အလယ်မှာ သူတို့လုပ်သလို ကိုယ်မလုပ်နိုင်တဲ့အတွက် အဲသည်နေရာကို ဆုပန်တာဟာ ကိုယ့်အတွက် ဟိုဆုပန်တာနဲ့ ဘာမှ မခြားဘူး။ ဘဝဆိုတာ အခွင့်အရေးသက်သက်အတွက်နဲ့ အသိဥာဏ်တွေကို လုံးပါးအပါးခံလို့ မဖြစ်ဘူး။ ခွေးတောင်မှ အမျိုးကောင်းရင် မစားတဲ့ချေးကို လူစင်စစ်ကြီးတွေ မြိန်ရေယှက်ရေ စားသုံးနေတာ အော့နှလုံးနာလွန်းလို့။ (တကယ်စားလို့ တကယ်အဝှာဖြစ်မယ်ဆိုရင် ဘယ်နှစ်တုံး ကုန်ကုန်ပေါ့အေ။)

         လူမှာ လူကုသိုလ် ရှိသလိုပဲ။ ခွေးမှာလည်း ခွေးကုသိုလ် ရှိမှာပေါ့လေ။ ကိုယ့်ကုသိုလ်နဲ့ ကိုယ် မဟုတ်လား။ သူလည်း အတိတ်ဘဝက ဘုရားတွေ တည်ချင်တည်ခဲ့ဖူးမယ်။ ထမင်းရည်ချောင်းစီး အလှူကြီးပေးချင် ပေးခဲ့ဖူးမယ်။ သူတပါးအခွင့်အရေးကို မထိခိုက် မပိတ်ပင်တဲ့ ကုသိုလ်မျိုး ရှိခဲ့မှာတော့ သေချာတယ်။ ဒါပေမယ့်လည်း သူ့မှာ ကိုယ်တို့လို စဉ်းစား ဆင်ခြင်တတ်သော ဦးနှောက်တော့ မရှိရှာလေဘူး။ ကြည့်ရတာ သူပြုသော ကုသိုလ်ကံတို့မှာ အသိဥာဏ်ဖြင့် ယှဉ်သောကောင်းမှု ကုသိုလ်တော့ မဟုတ်လို့ ဖြစ်မယ်။ ကိုယ်တို့ဆီမှာလည်း အတ္တ မောဟ မာန ဒိဋ္ဌိ အင်မတန်အားကြီးလှစွာသော တကာတော် ရေမြေ့ရှင် အလှူ့ရှင်ကြီးတွေ ရှိနေတယ်လေ။ သူတပါးရဲ့ အသိဥာဏ်ကို အမိုက်အမှောင်တွေနဲ့ ဖုံးကွယ်လှည့်စားလို့ ကိုယ်လိုချင်တဲ့ ရလာဘ်တစ်ခုထွက်အောင် ဘာသာ သာသနာပါ မချန် ရေဗူးမပေါက်အောင် သယ်နေကြတဲ့သူတွေလည်း ရှိတယ်။ ကုသိုလ်ဟာ ကုသိုလ်ဟာ ကုသိုလ်ကံနဲ့ အကျိုးပေးသလိုပဲ အကုသိုလ်ဟာလည်း အကုသိုလ်ကံနဲ့ အကျိုးပေးဦးမှာ မလွဲပါဘူး။ ကိန်ရာသီ တော်သလင်းကျမှ ဖော်တသင်းဆုံရစ်ကြပေတော့။ အဲသည်အချိန်ကျမှ နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် သားကြောရော မယားကြောပါ အဖြတ်ခံရတော့လည်း ခများတို့ ကုသိုလ်ပေါ့နော။

မျှော်လင့်ခြင်းနောက်ဆုံးထွက်သက်

$
0
0

ကျေးဇူးအရှင်
မွေးမိခင်အား ဖုတ်ကင်ချက်ပြုတ်
အမြစ်နှုတ်၍ ရေဆုပ်ခွာလှန်
ဆီပြန်ကြော်ချက် မိန်ယှက်ပွဲတော်
လူသူတော်တို့ ရွှင်ပျော်အားရ
စိတ်တိုင်းကျမို့ ငါ တို့နိုင်ငံ ရှင်သန်ယဲ့ယဲ့ကျန်တော့၏။ ။



သားမြေးတီတွတ်
အခွန်လွတ်တို့ ဒရွတ်တိုက်ဆွဲ
အမှောင်ထဲဝယ် ကွဲပြဲစုတ်ပြတ်
အစာငတ်၍ မြေလပ်မြေရိုင်း
ထင်တိုင်းသိမ်းပိုက် လူမိုက်ဓားပြ
သွေးဆာကြမို့ လမ်းစမမြင်
အားအင်နဲ့ချည့် အမိကယ်ပါ
ဖကယ်ပါဟု တစာစာငြီး
သွေးစီးမီးလောင် ဘလောင်ဆူပွက်
နေ့ရက်ဆက်လည်း ကျောက်ထက်ကဗ္ဗည်းတင်ခဲ့၏။ ။


ရွက်သစ်နုဝေ
ကျောင်းတော်မြေလည်း မှိုင်းဝေစွယ်ယှက်
ခြုံနွယ်တက်မိုး ဖုတ်မွေဆိုးနှင့်
ရိုးတန်ပြိုင်းပြိုင်း မီးမုန်တိုင်းဒဏ်
ကြိမ်ကြိမ်ခံ၍ နလန်မထ
ရုန်းမရခဲ့ မွမွကွဲကျေ
အဆိုးမွေအား တို့တွေပေးရန်
အားမသန်လည်း လက်ကျန်နည်းနေ
အဆိပ်ရေအား မျှဝေရန်သာရှိတော့၏။ ။


သမိုင်းဆက်ဆက်
သွေးလက်နက်ဖြင့်ပေးဆက်ခါခါ ကာလကြာပေါ့
သဲနာရင်ကွဲ သည်တပွဲကို မလွဲရုန်းကန်
စိတ်ရင်းသန်ဖြင့် စစ်မှန်အခွင့် ဘေးမသင့်ဘိုံ့
ဆချင့်မိမြေ နောင်အရှည်ရေး ချင့်တွေးရမ်းရော်
ရောင်နီမျှော်ရင်း အပျော်ရှားပါး ဘဝများမို့ မျက်ဝါးထင်ထင့်
ပျော်စမ်းချင်သည် ပန်းဝင်ခရီးနီးပြီမို့။ ။


ပေါ်ထွန်းမြိုင်

ဂရမ်ချီ သိမ်းသွင်းထိန်းချုပ်မှု ကိုအနုစိတ်ရှင်းလင်းပြခြင်း

$
0
0

နိဒါန်း
ဂ၇မ်ချီရဲ့သိမ်းသွင်းထိန်းချုပ်မှု အယူအဆနဲ့ မာ့က်စ်ဗီဘာရဲ့ တရားဝင်ပါဝါ အပေါ်အမြင်တွေမှာတစ်ချို့သော အရာတွေတူညီနေတယ်လို့ မကြာဏဆိုသလို ပြောဆိုကြတာတွေရှိတယ်။ ဒီလိုပဲ မီရှယ်ဖူးကိုးရဲ့ ပါဝါအယူအဆနဲ့ လည်း ဆင်တဲ့ အပိုင်းတွေရှိနေတယ်။ ဖူးကိုးအတွက်က ပါဝါဆိုတာ အဖျက်သဘောဆောင်တဲ့ အရာသက်သက်ရပ်တည်နေတာ ၊ ဖိနှိပ်မှုလုပ်ဖို့ရာ လည်ပတ်နေတာသက်သက်မဟုတ်ဘူး။ လူမှုရေးဆိုင်ရာတရားကိုယ်အားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ အောင် ထုပ်လုပ်ပေးမယ့်ထုတ်လုပ်မှုဆိုင်ရာ ကွန်ရက်ကြီးတစ်အဖြစ်နဲ့ အပြုသဘောဆောင်လည်ပတ်အလုပ်လုပ်နေတာ ဖြစ်တယ်။ ဖူးကိုးရဲ့ ပါဝါအပေါ်အမြင်က အစဉ်အလာမာ့က်စ်သီအိုရီတွေမှာတွေ့ရ သလို အဆင့်မြင့်မားတဲ့ အရင်းရှင် နိုင်ငံတွေမှာ လူတန်းစားဆိုင်ရာ အုပ်စိုးမှု ယန္တရားကြီးတစ်ခုရဲ့ ပါဝါကို ရှုမြင်သုံးသပ်ပြနေတာမျိုးမဟုတ်ဘူး ။ အစဉ်အလာ မာ့က်စ်ဝါဒအမြင်က ပါဝါရဲ့အလုပ်လုပ်ပုံ ယန္တရားအတွင်းမှာ ရှုပ်ထွေးတဲ့ အတွင်းပိုင်းဆိုင်ရာ စိစစ်ပုံမျိုး ချို့တဲ့နေတာ ကိုတွေ့ရမယ်။ ဖူးကိုးသာလျင်မကဘူး ၊ အက်ဒွပ်ဆာယိကလည်း ဂရမ်ချိရဲ့ သိမ်းသွင်းထိန်းချုပ်မှု အယူအဆနဲ့ အတော်ကလေး ဆင်တူတဲ့ အနက်တွေကို ပေးအပ်ချဲ့တယ်။ အာယိက အာဏာရှိသူတွေ ကိုင်စဲါထားတဲ့ ပါဝါ ဆိုတာကိုစိတ် မ၀င်စားဘူး ။ အဖျက်သဘောဆောင်တာ ဒါမှမဟုတ် ဖိနှိပ်မှုတွေလုပ်နေတဲ့ ပါဝါကို စိတ်မ၀င်စားဘူး။
ဒါပေမယ့် အာဏာရှိသူတွေကိုင်စွဲထားတဲ့ ပါဝါရဲ့ ဗဟိုချက်သဘောဆောင်တဲ့ အရှိတရားဟာ နိုင်ငံတောရဲ့ လက်ရှိအခြေအနေကို ထင်ဟပ်တယ်ဆိုတာမျိုးကိုတော့ အသိအမှတ်ပြုတယ်။ ဒါကြောင့်သူက ယဉ်ကျေးမှု ၊ ယဉ်ကျေးမှု ဆိုင်ရာ ပုံသဏ္ဌာန်များ နဲ့ အသိပညာတွေ တည်ရှိမှု ၊ အဲဒီအ၇ာတွေကို နိုင်ငံတော်ရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ဆက်စပ်နေတဲ့ ကွန်ရက်တွေကနေ ပြုလုပ်ဖန်တီလိုက်တာတွေ အလေးအနက်ထားပြောတယ်။ ဒီလို အဆက်အစပ်အတွင်းမှာပဲ ဆာယိက ဂရမ်ချီရဲ့ သိပ်သွင်းထိန်းချုပ်မှုကို တန်ဖိုးဖြတ်ပြရာမှာ အသုံးပြုတဲ့ “ အနုစိတ်ရှင်းလင်းပြခြင်း ” ဆိုတဲ့ အသုံး အရေး ပါပုံကိုလည်း အသိအမှတ်ပြုတယ်။ ဂရမ်ချီရဲ့ အမြင်တွေထဲမှာ လက်အောက်ခံဖြစ်နေရခြင်း ၊ အုပ်စုကွဲနေခြင်း ၊ ပြန့်ကျဲနေခြင်း ၊ မျိုးပွားထုတ်လုပ်ခြင်း လိုအရာမျိုးတွေ ၊ ထုတ်ုလပ်ခြင်း ၊ဖန်တီးခြင်း ၊ ဖိအားပြေးခြင်း ၊ လမ်းညွန်ခြင်း စတဲ့ အရာအားလုံးဟာ သိမ်းသွင်းထိန်းချုပ်ခြင်းကို အနုစိတ်သိမြင်လာဖို့ရာ လိုအပ်တဲ့ ရှုထောင့်တွေဖြစ်တယ်။ ဒီအခန်းမှာ သိမ်းသွင်းထိန်းချုပ်ခြင်းကို အနုစိတ်သိမြင်လာနိုင်စေမယ့် အဲဒီလို ရှုထောင့်တွေကို ကိုင်တွယ်ကြည့်မှာဖြစ်တယ်။ သိမ်းသွင်းထိန်းချုပ်ခြင်းကို အနုစိတ်ထားတဲ့အရာတွေဟာ ပါဝါအပေါ် ရှုထွေးတဲ့ စိစစ်လေ့ လာချက်တွေနဲ့ ဆက်စပ်နေသလဲ ၊ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ ၊ နိုင်ငံတော် ၊ အရပ်ဘက်လူ့အဖွဲ့အစည်း ၊ စီးပွားရေး ၊ အသိပညာတတ်တွေ၊ အောက်ခြေလူတန်းစား( subaltern) တွေနဲ့ ဘယ်လိုဆက်စပ်နေတသလဲ ဆိုတာတွေကို ရှင်း လင်းကြည့်မှာဖြစ်တယ်။ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ ၊ နိုင်ငံတော်၊ အရပ်ဘက်လူ့အဖွဲ့အစည်း ၊ စီးပွားရေး ၊ အသိပညာတတ် ၊ အောက်ခြေလူတန်းစားတွေနဲ့ ဆက်စပ်နေပြီးဖြစ်ပေါ်နေတဲ့ ပါဝါတွေဟာ တကယ်တော့ ဂရမ်ချီရဲ့ သိမ်းသွင်းထိန်းချုပ်မှု ပါ ရှုပ်ထွေးမှုကိုပါ ဖွင့်ဟပြနိုင်တယ်။
သိမ်းသွင်းထိန်းချုပ်မှု အယူအဆကို အနုစိတ်ကြည့်ခြင်း
ပထမဆုံး ဂရမ်ချီက နိုင်ငံတော်ဆိုတာ အတင်းအဓမ္မခိုင်းစေမှုတွေရဲ့ ဒိုင်းလှံလက်နက်တွေနဲ့ အကာအကွယ် ပေးခံရတဲ့ သိမ်းသွင်းထိန်းချုပ်မှုလို့ဆိုတယ်။ တပြိုင်နက်တည်းမှာပဲ နိုင်ငံတော်ဆိုတာ အုပ်စိုးမသူလူတန်းတန်းစားက သူတို့ရဲ့ လွမ်းမိုးမှု ထိန်းသိမ်းထားရုံ ၊ တရားမျှတကြောင်းပြုရုံသမာ ၊ သူတို့အုပ်စိုးတဲ့သူတွေကနေ သူတို့အပေါ် အုပ်ချုပ်တာကို လိုလိုလားလား သဘောတူခွင့်ပြုမှုကို ရရှိနိုင်ဖို့ရာ စီမံခန့်ခွဲ နိုင်တယ်။ ဒါ့အပြင် အရက်ဘက်လူ့အဖွဲ့ အစည်းတွေစာ ပုဂ္ဂလိက ကိရိယာတွေ ( private apparatuses) ရဲ့ရှုပ်ထွေးတဲ့ ကွန်ယက်တွေကို ကိုယ်စားပြုတယ်။ အဲဒီ ပုဂ္ဂလိကကိရိယာတွေရဲ့ ပါဝါလည်ပတ်နိုင်စွမ်းဆိုတာကို လျော့တွတက်လို့မရဘူး ။ ပုဂ္ဂလိက ကိရိယာတွေက ကျင့်ဝတ်- နိုင်ငံရေးဆိုင်ရာ ခေါင်းဆောင်မှုတွေ ၀ါ သိမ်းသွင်းထိန်းချုပ်မှုကို လည်ပတ်ကျင့်သုံးပေး နိုင်တယ်။ သူတို့တွေကနေ တစ်ဆင့် အအုပ်ချုပ်ခံတွေရဲ့တတ်ကြွတဲ့ သဘောတူညီညွတ်မှုကို ထုတ်ပေးနိုင်တယ်။ ဂရမ်ချီက နိုင်ငံတော်နဲ့ပတ်သတ် တဲ့ယခင်သီအိုရီအဟောင်းတွေကို ဝေဖန်စစ်ကြောတာ ဖြစ်တယ်။ သီအိုရီအဟောင်းတွေရဲ့ နိုင်ငံတော်ဆိုတာ အုပ်စိုးဖို့ရာ ကိရိယာသက်သက်ဖြစ်ပြီး ဖိနှိပ်မှုကိုသာလျင်လုပ်တယ်။ နောက် ဂရမ်ချီက သိမ်းသွင်းထိန်းချုပ်မှု အယူအဆကို ချဲ့ထွင်တာ ၊အသစ်တီထွင်ဆန်းသစ်တာတွေ လုပ်တယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ အုပ်စိုးမှု နဲ့ အတင်အဓမ္မခိုင်းစေမှု နှစ်ခုကြား ၊ ခေါင်းဆောင်မှုနဲ့သဘောတူခွင့်ပြုမှု နှစ်ခုကြားထဲ့ အရာတွေရဲ့သဘောသဘာဝကို ချိတ်ဆက်ပြရင်းရှင်းလင်းပြတယ်။ အဲဒီအရာတွေဟာ သြဇာအာဏာ အတွင်းက ပါဝါ လည်ပည်အလုပ်လုပ်ပုံနဲ့ ဆက်စပ်ပတ်သတ်နေတယ်ဆိုတာကို ထုတ်ဖော်ပြတယ်။ ဆန့်ကျင်ဘက် အရာနှစ်ခုဟာ အောက်ခြေလူတန်းစားအုပ်စုရဲ့ သိစိတ်ထဲကို သိမ်းသွင်းထိန်းချုပ်မှု အဖြစ် ပုံသဏ္ဌာန်ပြောင်းလဲသွားတဲ့ ဖြစ်စဉ်ကို ဂရမ်ချီ က အာရုံစိုက်လေ့လာတယ် ။ သူ့ရဲ့ အကျဉ်းထောင်မှတ်စု ၁၃မှာ ဂရမ်ချီက မာကီယာဗဲလီရဲ့ မင်းသား စာအုပ်ပါ နိုင်ငံရေး အိုင်ဒီယိုလိုရျီတွေဟာ ခေတ်သစ်မှာ ဘယ်လို ကိုယ်စားပြုအလုပ်လုပ်သွားသလဲ ၊ စိတ်ကူးကွန့်မြူမှုပုံစံတစ်မျိုးနဲ့ ပိတ်လှောင်ခံထားရပြီးပြန့်ကျဲနေတဲ့ လူတွေကို သိမ်းသွင်းထိန်းချုပ်သွားပြီး စုပေါင်းသိစိတ်ပုံစံတစ်ရပ်အနေနဲ့ ဘယ်လို ဖွဲ့စည်း တည်ဆောက်ပေးလိုက်သလဲ ဆိုတာကို လေ့လာကြတယ်။ ခေတ်သစ် မင်းသား ( Modern Prince ) ဆိုတဲ့ စာတမ်းနဲ့ ပါပဲ ။ ခေတ်သစ် မင်းသား စာတမ်းက ကိုယ်ကျင့်တရားနဲ့ အသိပညာဆိုင်ရာဆက်သွယ်ချက်တွေရဲ့ စနစ် တစ်ခုလုံးကို တော်လှန်ပြောင်းလဲ ပြစ်လိုက်တယ် ။ လူသားရဲ့သိစိတ်မှာ မရှိမဖြစ်အင်အားတွေရဲ့ သိမ်းသွင်းထိန်းချုပ်ခံ လိုက်ရပုံကို ပြနေတာဖြစ်တယ်။ ဆာယိက သူ့ရဲ့ Orientalism ကျမ်းမှာ ဒီလို ဂရမ်ချီရဲ့ အတွေးအခေါ်ကို ပြန်လည်ဆွဲယူပြီး သိမ်းသွင်းထိန်းချုပ်မှု ၊ သီအိုရီ ၊ လက်တွေ့ အလေ့အကျင့်တွေကြားထဲက ဆက်သွယ်ချက်တွေကို ပိုပြီး ဖွံ့ဖြိုးလာ အောင်လုပ်ပြခဲ့တာကိုလည်းတွေ့ရမယ် ။ ဂရမ်ချီက လူသားရဲ့အတ္တသဘာဝဟာ သမိုင်းဆိုင်ရာဖြစ်စဉ်တွေကြား မဆုံး နိုင်တဲ့ တီထွင်ထုတ်လုပ်မှုတွေကနေ ထုတ်လုပ်ပေးခံလိုက်ရတယ် ။ တီထွင်ထုတ်လုပ်မှု ဟာ အတ္တသဘာဝ အတွက် အရေးပါတဲ့ ဖြစ်စဉ်တစ်ရပ်ပဲ ။ အော်ဂင်းနစ် အသိပညာရှင် ဆိုတာဟာလည်း အဲဒီလို ကိုယ်ကျင့်တရားနဲ့ အသိပညာဆိုင် ရာ ပုံသဏ္ဌာန် ပြန်လည်ဖွဲ့စည်းမှုရဲ့ ရှည်းလျားပြီး ရှုပ်ထွေးတဲ့ သမိုင်းဆိုင်ရာဖြစ်စဉ် ပြောင်းလဲမှု အဆင့်တိုင်းမှာ ပါဝင် ပတ်သတ်နေရလိမ့်မယ် ။ ဒါကြောင့် အသိပညာရှင်နဲ့ လူထုကြားထဲ အပြန်အလှန် ဒိုင်ယာလက်တစ်ပုံစံ နဲ့ ဆက်စပ်နေတ ယ်။ ပြီးရင်း အသိပညာရှင်တွေရော ၊ အောက်ခြေလူတန်းစားတွေပါနှစ်ခုစလုံးဟာ ကိုယ့်ကိုယ်ကိုယ် အကြွင်းမဲ့ ပိုင်စိုးမှု ရလာမယ်။ တခြားသော စကားလုံးတွေနဲ့ ပြောရရင်တော့ ဒိုင်ယာလက်တစ်ဖြစ်စဉ်ကနေတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးမှု ရှိတဲ့ သမိုင်းဆိုင်ရာ သိစိတ် ဖွံ့ဖြိုးလာပြီး အဲဒီစိတ်ကနေပြီး အသိပညာရှင်နဲ့ အောက်ခြေလူတန်းစားအပေါ် လွှမ်းမိုး ထားတဲ့ သိမ်းသွင်းထိန်းချုပ်မှု စည်းမျဉ်းနိယာမတွေကနေ ပြန်လွတ်မြောက်အောင် ၊ စိန်ခေါ်လာအောင် လုပ်ပေးလိမ့်မယ်။ အဲဒီ ဒိုင်ယာလက်တစ်ဖြစ်စဉ်ဆိုတာနဲ့ ဂရမ်ချီ မြော်မှန်းခဲ့တဲ့ လူမှုရေးဆိုင်ရာ ပြောင်းလဲမှု ၀ါ ပုံသဏ္ဌာန်ပြောင်းလဲမှု ဆိုတာ တွေကို ခွဲခြားမရဘူး ။ နိုင်ငံလုံးဆိုင်ရာ- အများပြည်သူဆိုင်ရာ စုပေါင်း စိတ်ဆန္ဒ ( national- popular collective will ) ဖွံ့ဖြိုးလာမှု နဲ့ ကိုယ်ကျင့်တရား နဲ့ အသိပညာဆိုင်ရာ ပုံသဏ္ဌာန်ပြောင်းလဲမှုတွေ ဖွံ့ဖြိုးလာမှုနဲ့ ခွဲခြားမရဘူး ။ ဒီအရာ နှစ်ခုက လူမှုရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း ၀ါ စည်းမျဉ်းစည်းကမ်းနဲ့ လည်ပတ်နေတဲ့ လူအဖွဲ့အစည်းကိုပြန်လည် တည်ဆောက်ဖို့ ဆက်ပြီး ဦးတည်သွားလိမ့်မယ် ။ ဂရမ်ချီရဲ့ သိမ်းသွင်းထိန်းချုပ်မှု အယူအဆဟာ သူ့ခေတ်သူ့အခါအတွက်တင်မကဘူး ၊ ပစ္စုပ္ပာန်ကမ္ဘာကြီးထဲက နယ်ပယ်အမျိုးမျိုးထဲမှာ ဖွံ့ဖြိုးနေတဲ့ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးဘ၀ ၊ ယဉ်ကျေးမှု ၊ အစဉ်အလာထုံးတမ်းဓလေ့ ၊ နဲ့မီဒီယာတို့လို အတွင်းပိုင်း ဆက်ဆံရေးတွေ ၊ဆက်သွယ်ချက်တွေကို အနက်ပြန်ရာမှာ သီအိုရီ တစ်ခုလို အလုပ်လုပ်နိုင်စွမ်းရှိတယ်။ ဂရမ်ချီရဲ့ သိမ်းသွင်းထိန်းချုပ်မှု ယူဆချက်အပေါ် ဘာသာဗေဒဆိုင်ရာလေ့လာမှုက လည်း သူ့ရဲ့ အကျဉ်းထောင်မှတ်စုရဲ့ သီအိုရီဆိုင်ရာ အမြင်တွေအတွက် အရေးကြီးတယ် ။ သူ့ရဲ့ အကျဉ်ထောင်အတွင်းကနေ ဝေဖန်ထင်ဟပ်ချက်တွေမှာ အဓိကကျတဲ့ အတွေးအခေါ်နှစ်ရပ်ရှိတယ် ။တစ်ခုကတော့ ယန္တရားဆန်တဲ့ ရုပ်ဝါဒရဲ့ ကိုယ်စား ပြုခံရပြီး စီးပွားရေးဆိုင်ရာ ပြဌာန်းမှုဝါဒဆီကို တိမ်းညွတ်သွားခဲ့တယ် ။ လူတန်းစားအပေါ်အထူးပြုတဲ့ ရပ်တည်ချက် အမြင်တွေကို လျော့ချလိုက်တယ် ။ မာ့က်စ် -လီနင်ရယ်လို့ခေါ်ဝေါ်နေကြတဲ့ လီနင်မာ့က်စ်အမြင်အယူအဆတွေမှာ လူတန်းစားကို အဓိကကျတဲ့ နေရာက ယူသလောက်မယူတော့ဘူး ။ ဒုတိယအချက်ကတော့ အလုပ်အခြေပြုဝါဒ ၀ါ ပေါ့့ဇစ်တင်ဗစ်ဇင် နဲ့ ပဋီပေါ့ဇစ်တစ်ဗစ်ဇင် ( antipositivism ) တွေက ပထမအချက်ဖြစ်တဲ့ ယန္တရားဆန်တဲ့ ရုပ်ဝါဒ နဲ့ စီးပွားရေးပြဌာန်းမှုဝါဒကိုလွှမ်းမိုးထားတာကိုတွေ့ရမယ် ။ ဘယ်လိုပဲဖြစ်ဖြစ် သိမ်းသွင်းထိန်းချုပ်မှု အယူအဆကို အသေးစိတ် ရှင်းလင်ဖို့ဆိုတာ သူ့ရဲ့ ရှုပ်ထွေးတဲ့ ဖြစ်စဉ်ကို ထုတ်ပြပြီး အကျဉ်းထောင်အတွင်းအရေးအသားတွေနဲ့ တိုက်ဆိုင်ပြမှသာ အသေးစိတ်ရှင်းလင်းရာ ရောက်ဖြစ်တယ် ။
အကျဉ်းထောင်မှတ်စု
အကျဉ်းထောင် မှတ်စုများကို ဝေဖန်စစ်ကြောပြီး ထုတ်ဝေလိုက်တဲ့တည်းဖြတ်မှုက ၁၉၇၅ခုမှာ ထွက်လာ တယ်။ သိမ်းသွင်းထိန်းချုပ်မှု အယူအဆကို နားလည်ဖို့ဆိုတာ အဓိကအားဖြင့် သူအကျဉ်းထောင်ကာလအတွင်း ထိန်းသိမ်းခံရစဉ် ကာလတွေကို အပိုင်းသုံးပိုင်းခွဲမြင်ကြည့်ရင် ဒုတိယပိုင်းကာလ မှာ ရေးခဲ့တဲ့ အကျဉ်းထောင်မှတ်စု ဖြစ်တဲ့ Turi Special Notebooks ကနေ အဓိက ဆွဲယူထားတာကိုတွေ့ရမယ်။ အထူးသဖြင့် မှတ်စုစာအုပ် ၁၃ ( Brief Notes on Machiacelli’s Politic ) ကနေဖြစ်တယ်။ အကျိုးဆက်ကတော့ တတိယ ကာလအတွင်း ရေးထားတဲ့ သိမ်းသွင်းထိန်းချုပ်အကြောင်း ရှုပ်ထွေးတဲ့ ဖော်ပြချက် ပါဝင်တဲ့ Formia Special Notebooks ( မှတ်စုစာအုပ် ၁၆ကနေ ၂၉ ) ကတော့ ဘေးဖယ်ထုတ်ခံလိုက်ရတယ် ။ ဥပမာ အမေရိကန်ဝါဒ အယူဆကို သိမ်းသွင်းထိန်းချုပ်မှု အဖြစ် ဖော်ပြ ထားတာ ( မှတ်စုစာအုပ် ၂၂ ) နဲ့ အောက်ခြေလူတန်းစားအုပ်စုတွေအပေါ် ဝေဖန်ဆွေးနွေးထားမှုမှာ တွေ့နိုင်တဲ့ သိမ်းသွင်းထိန်းချုပ်မှု ( မှတ်စုစာအုပ် ၂၅ ) တို့ကတော့ သိမ်သွင်းထိန်းချုပ်မှုကို နားလည်အောင် ရှင်းပြကြတဲ့ နေရာ မှာ လွှမ်းမိုးနိုင်စွမ်း အတောက်ကလေးနည်းပါးနေတာကိုတွေ့ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်ဝါဒ ( Americanism ) အယူအဆနဲ့ ပတ်သတ် ဂရမ်ချီကျွမ်းကျင်သူ ပညာရှင်တွေက ၁၉၈၀ ခုနှစ် အစောပိုင်းမှာ ချဲ့ထွင်အသုံးချလိုက်ကြတဲ့ အခါ ဖို့ဒ်ဝါဒ ရဲ့ သိမ်းသွင်းထိန်းချု့်မှု ပုံစံအဖြစ်ဖော်ပြခဲ့ကြတယ်။ နောက်ပြီး ၁၉၈၀ခုနှစ်ကာလများမှာပေါ်ထွက်လာတဲ့ အမျိုးမျိုးသော အောက်ခြေလူတန်းစား အုပ်စု လေ့လာမှုပညာကလည်း သိမ်းသွင်းထိန်းချုပ်မှုနဲ့ ဘေးဖယ် ထုတ်ခံ လူမှုရေးအုပ်စုတွေရဲ့ ဆက်သွယ်ချက်တွေကို ဆက်စပ်ပြမယ့် အောက်ခြေလူတန်းစား လူမှုရေးအုပ်စု အယူအဆတွေကို ထုတ်ဖော်ပြလာကြတယ်။ ဒီအုပ်စုတွေအပေါ်လေ့လာချက်တွေ ၊ နောက် ဂရမ်ချီ ကျွမ်းကျင်သူ ပညာရှင်တွေ ကနေ သိမ်းသွင်းထိန်းချုပ်မှု နဲ့ ပတ်သတ်တဲ့ မေးခွန်းတွေကို ထုတ်ကြတယ်။ သုတေသနတွေပြုကြတယ်။ ဒါကြောင်း ဂရမ်ချီရဲ့ သိမ်းသွင်းထိန်းချုပ်မှုကို ဆက်လက်ချဲ့ထွင်ရင်း အသေးစိတ် ရှင်းလင်းပြတာမျိုးတွေလုပ်လာကြတယ်။ ဂရမ်ချီ ထောင်မကျချင်က သိမ်းသွင်းထိန်းချုပ်မှုအယူအဆကို အလုပ်သမားလူတန်းစားရဲ့ နိုင်ငံရေးခေါင်း ဆောင်မှု ဖွဲ့စည်းဖို့ရာ တာဝန် နဲ့ ဆက်စပ်ပြီး အသုံးချပြတာတွေရှိတယ်။ ရှေ့ပိုင်းအခန်းမှာဖော်ပြထားသလိုပဲ လူတန်းစား မဟာမိတ်ဖွဲ့စည်းထားတဲ့ စနစ်တစ်ခုကို ဖန်တီးအသုံးချနိုင်ဖို့ ပြောခဲ့တယ်။ သူက အလုပ်သမားလူတန်းစား ဟာ လူတန်းစား မဟာမိတ်စနစ်တစ်ခုကို ဖန်တီးတီးတည်ဆောက်ပြီး လူဦးရေအများစုဖြစ်တဲ့ အလုပ်သမား တွေကို စည်းရုံးလှုံ့ဆောကနိုင်မယ် ၊ အရင်းရှင်ဝါဒနဲ့ ဘူးဇွာနိုင်ငံတော်ကိုဆန့်ကျင်နိုင်မယ်ဆိုရင် အလုပ်သမားလူတန်းစားဟာ ခေါင်းဆောင်ပြီးလွမ်းမိုးကြီးစိုးနိုင်တဲ့ လူတန်းစားတစ်ရပ် ဖြစ်လာလိမ့်မယ်ဆိုတာကို ထောက်ပြတယ်။ အဲဒီကာလတုန်းက ဂရမ်ချီဟာ သိမ်းသွင်းထိန်းချုပ်မှုဆိုတာကို ပစ္စည်းမဲ့တွေ ရရှိအောင်မြင်လိုက်တဲ့ ခေါင်းဆောင်မှု အဆင့်ဆိုတာလောက်နဲ့ သာလျင် ထပ်တူပြုထားတာကိုတွေ့ရမယ်။ သိမ်းသွင်းထိန်းချုပ်မှု ကို ဒီလို အဆက်အစပ်နဲ့ ဖော်ပြခဲ့ရတဲ့ အကြောင်းတွေ ဂရမ်ချီ ထံမှာ အများကြီးရှိတယ်။ အဲဒီကာလတုန်းက အလုပ်ရုံကောင်စီ တော်လှန်ရေးပြိုကွဲမှု၊ ဖက်ဆစ်ဝါဒီ တွေပေါ်ထွန်းလာမှု ၊ အီတလီမှာ ဖက်ဆစ်တွေအခြေတည်လာမှုတွေနဲ့ ပတ်သတ်ပြီး ဂရမ်ချီမှာ အလွန်ခါးသီးတဲ့ တွေ့ကြုံခံစားမှုတွေဖြစ်နေတယ်။ တခြားသော စကားလုံးနဲ့ ပြောမယ်ဆိုရင်တော့ အဲဒီကာလက ထုတ်ဖော်ပြောခဲ့တဲ့ ဂရမ်ချီရဲ့သိမ်းသွင်းထိန်းချုပ်မှုဆိုတာ လီနင်ရဲ့ အတွေအခေါ်အပေါ်ကို အခြေခံထားတယ်၊ လီနင် ကွယ်လွန်ပြီး ဖြစ်ပေါ်လာတဲ့ နိုင်ငံတကာကွန်မြူနစ်အတွင်းဖြစ်ပေါ်နေတဲ့ စုစည်းညီညွတ်ရေးတပ်ဦးပေါ်လစီရဲ့ တစ်ဖက်စွန်း အမြင်တွေ ယှက်ဖြာနေတာကိုတွေ့ရမယ်။ သူတို့တွေက အီတလီအပါအ၀င် ဥရောပကို ဖြတ်ပြီး စုစည်းညီညွတ်မှုရှိတဲ့ တော်လှန်ရေးတစ်ရပ် တည်ဆောက် ဆင်နွဲဖို့ရာ မဟာဗျူဟာချမှတ်ထားခဲ့တာ။ ဒါပေမယ့် အကျဉ်းထောင်မှတ်စုများကိုတကယ်တမ်း အသေးစိတ်လေ့လာကြည့်မယ်ဆိုရင် သိမ်းသွင်းထိန်းချုပ်မှု ယူဆချက်တွေဟာ ပထဆုံး မှတ်စုစာအုပ်ကနေ စပြီးတဖြည်းဖြည်းနဲ့ ပုံသဏ္ဌာန်ပြောင်းလဲလာခဲ့တယ်ဆိုတာကို အထင်အရှားတွေ့ရမယ်။ မှတ်စုစာအုပ် ၁ မှာ သိမ်းသွင်းထိန်းချုပ်မှု ဆိုတာကို လူတန်းစားအခြေခံထားတဲ့ မဟာဗျူဟာ အယူအဆကနေ ပိုပြီး အကြွင်းမဲ့ယူနီဗာဆယ်သဘောဆန်လာတဲ့ ၊ လူအားလုံးနဲ့ ဆိုင်လာတဲ့ သမိုင်းဆိုင်ရာ ခွဲခြမ်းစိတ် ဖြာမှု အယူအဆဆီကို ရွေ့လျားသွားစေမယ့် စရိုက်လက္ခဏာတွေကို ဖော်ထုတ်ခဲ့တာတွေရမယ်။ ဂရမ်ချိက ပြင်သစ် တ်ေလှန်ရေးပြီးတဲ့ ဖြစ်ပေါ်လာတဲ့ သိမ်သွင်းထိန်းချုပ်မှု ရဲ့သမိုင်းဆိုင်ရာ ဖွဲ့စည်းဖြစ်ပေါ်လာတဲ့ ဖြစ်စဉ် ကို ခွဲခြမ်းစိတ်ဖြာ ခဲ့တယ် ၊ အီတလီ ရီအော်ဂျီမန်တိုကာလမှာ စုစည်းညီညွတ်တဲ့ အီတလီအဖြစ်ဖွဲ့စည်းဖြစ်ပေါ်လာတဲ့ သိမ်းသွင်းထိန်းချုပ် မှုတွေကို ခွဲခြမ်းစိတ်ဖြာတယ်။ သူက ဒီဖြစ်စဉ်တွေနဲ့ ဆက်စပ်နေတဲ့ သိမ်းသွင်းထိန်းချုပ်မှုရဲ့ ပြဿနာက ကို လေ့လာ စူးစမ်းပြပြီး နိုင်ငံတော် ၊ နိုင်ငံရေး အင်အားစု ၊ လူမှုရေးအုပ်စုတွေ ကြထားက ဆက်ဆံရေးကို ဒိုင်နမစ်ဆန်ဆန်ဆုပ်ကိုင် ပြနိုင်မယ့် သူတို့ရဲ့ ခွဲခြားစိတ်ဖြာပုံ ဖွံ့ဖြိုးလာအောင်လုပ်နိုင်ခဲ့တယ်။ သူ့ရဲ့ ခွဲခြားစိတ်ဖြာပုံမှာ ပြဌာန်းမှုဝါဒ နဲ့ လူတန်းစား အပေါ် လျော့ချလိုက်တဲ့ ခွဲခြားစိတ်ဖြာပုံကနေ ကင်းလွတ်အောင်လည်း ရှောင်ရှားနိုင်ခဲ့တယ်။ ပြီးတော့ ဂရမ်ချီစာ ခေါင်းဆောင်မှု နဲ့သဘောတူညီညွတ်မှု တို့ရဲ့ အရေးပါပုံနဲ့လွမ်းမိုးနိုင်စွမ်းကိုပါ အလေးအနက်ထား ပြောခဲ့တယ်။ သိမ်းသွင်းထိန်းချုပ်မှုကို အသေးစိတ်ရှင်းလင်းတဲ့ အခမှာ ဂရမ်ချီက ကားလ်မာ့က်စ်ရဲ့ Prefac to a Contribution to the Critique of Political Economy ကို သူ့ဘာသာသူ ဖန်တီးတီထွင်မှု ရှိရှိနဲ့ ကိုယ်ပိုင်အတွေးအခေါ် ရှိရှိအနက်ပြန်ဖွင့်ဆိုထားပုံတွေနဲ့ နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်ဖော်ဆောင်ဖို့ကြိုးစားခဲ့တာကိုတွေ့ရမယ်။ ဂရမ်ချီက သူ့အခေါ် သမိုင်းဆိုင်ရာ အုပ်စု ( historical bloc) ၀ါ လူမှုရေးအစီအစဉ်တစ်ဆိုဆီကိုသွားမယ့် လမ်းကြောင်း တစ်ခုကနေ နောက်ထပ် လူမှုရေးအစီအစဉ် တစ်ခုဆီကို သွားဖို့ဆိုတာမှာ အင်အားသုံးပြီး အဓမ္မဖိအားပေး ပေါက်ကွဲ ထွက်ဖို့ မဖ်ြစနိုင်ဘူး ။ လျှပ်တစ်ပြက် ဖြစ်စဉ် အရာလည်းသွားဖို့ မဖြစ်နိုင်ဘူး ။ ကိုယ်လိုချင်တဲ့ လူ့အဖွဲ့အစည်းပုံစံအတွက် အရည်အသွေးရှိရှိ စုစည်းတည်ဆောက်ထားတဲ့ ဖြစ်စဉ် နဲ့သာလျင်သွားလို့ရမယ်။ နေရာ စစ်ပွဲ( war of position ) ကြောင့် ရေရှည်ခံတဲ့ လူမှုရေးဆိုင်ရာ ပုံသဏ္တာန်ပြောင်းလဲမှုဖြစ်စဉ် တစ်ခုပေါ်ပေါက်လာဖို့ သာလျင် ဂရမ်ချီက မြော်လင့်တယ် ၊ ဦးတည်ထားတယ် ။ အဲဒီ ဖြစ်စဉ်မှာလဲ နိုင်ငံရေးဆိုင်ရာလူ့အဖွဲ့အစည်း ( နိုင်ငံတော် ) ၊ နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း နှစ်ခုကြား ဆက်တိုက် ဒိုင်ယာလက်တစ်လုပ်ပြီး ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ကနေ ရေရှည် ဖြစ်စဉ်နဲ့ ဖွဲ့စည်းထားတဲ့ စည်းမျဉ်းစည်းကမ်း အခြေခံ လူ့အဖွဲ့အစည်းတစ်ရပ် ဆီကို ဦးတည်သွားရမယ် ဆိုတဲ့ သဘောလဲ ဂရမ်ချီအမြင်မှာတွေ့ရမယ်။ ဂရမ်ချီရဲ့ သိမ်းသွင်းထိန်းချုပ်မှု အကြောင်းရှင်းလင်းချက်တွေမှာ အလွန်အရေးတကြီးတွဲကပ်ထားတာက အရပ်ဘက်လူ့အဖွဲ့အစည်းရဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေပဲ။ သမဂ္ဂ အသင်းအပင်းတွေလဲ ပါဝင်တယ် ။ အသင်းအပင်းထဲ မှာ ပါဝင်ဆက်စပ်နေရတဲ့ ဘ၀တွေက ဂရမ်ချိအဆို နေရာစစ်ပွဲတွေကို ဖန်တီးပေးမယ့် ရှေ့တော်ပြေးအချင်းအရာတွေပဲ။ ဂရမ်ချီရဲ့ထောင်မကျခင်အတွေးအခေါ်မှာ သူက အနာဂတ်လူ့အဖွဲ့အစည်း အဓိမ္မဖိအားပေးမှု အနည်းအဆုံးနဲ့ လွတ်လပ်မှု အများဆုံး အပေါ်အခြေခံထားသင့်တယ်လို့ အကြံပြုတယ် ။ နောက်ပိုင်းမှာ ဒီအမြင်က သီအိုရီ ဆိုင်ရာ ထုတ်ဖော်ရှင်းလင်ပြမှု အသစ်အဖြစ်ထွက်ပေါ်လာတယ် ။ပြန်လည်စုပ်ယူခြင်း ( reabsorption ) နဲ့ စည်းမျဉ်းအခြေခံ လူ့အဖွဲ့အစည်း ဆိုတာကိုနားလည်းဖို့ ဖြစ်လာတယ် ။ ကားလ်မာ့စ်ရဲ့ P CCPE အပေါ် သူ့ရဲ့ ပြန်လည် အနက်ပြန်ဖွင်ပ ဆိုမှု တွေကိုလည်း ဆက်လက်ဖွံ့ဖြိုးလာစေတယ် ။ ဒုတိယကမ္ဘာ စစ်အတွင်းမှာ ရုပ်ကြမ်းမာ့က်စ်ဝါဒီ ( Vulgar Marxist ) တွေက နိုင်ငံတော် အမြစ်သုတ်သင်ရေး ဒါမှမဟုတ် လူတန်းစားမဲ့ လူ့အဖွဲ့အစည်း လို လူတန်းပြဌာန်းမှု ၀ါဒီတွေရဲ့ထင်ယောင်ထင်မှာဖြစ်မှုတွေ ၊ ယူတိုးပီးယား အမြင်တွေကို အတော်ကလေး ကြွေးကြော်ထောက်ကူခဲ့ကြတယ်။ သူတို့တွေ ဟာ မူရင်း မာ့က်စ်ရဲ့ အတွေးအခေါ်တွေကို သီအိုရီအားဖြင့်ဖွံ့ဖြိုးအောင် လုပ်တဲ့နေရာမှာ ဘယ်တုန်းကမှ မအောင်မြင်ခဲ့ကြဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ၇နှစ် လောက်အကြာမှာ ဂရမ်ချီက မာ့က်စ်ရဲ့ အတွေးအခေါ်တွေကို သူ့ရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ အနက်ပြန်ဖွင့်ဆိုရင်း ဆက်လက် ဖွံ့ဖြိုးအောင် လုပ်ခဲ့တယ်။ သူ့ရဲ့ကိုယ်ပိုင် အတွေးအခေါ် ၊ မူလအရင်းအမြစ် အတွင်းအခေါ်တစ်ရပ်ကို တောင်မှ ထုတ်နိုင်တဲ့ အဆင့်တစ်ရပ်ကို ရောက်လာတယ် ။ လူမှုရေးအစီအစဉ် ပုံသဏ္ဌာန်ပြောင်းလဲမှု နဲ့ သိမ်းသွင်းထိန်းချုပ်မှု နှစ်ခုကြားက ဆက်သွယ်ချက်ကို ဖော်ပြတဲ့ ကိုယ်ပိုင်အတွေးအခေါ်ပုံစံတစ်ရပ် ကို ထုတ်လုပ်နိုင်ခဲ့တယ် ။ ခေတ်ပြိုင်သီအိုရီဆိုင်ရာ အဆက်အစပ်ထဲမှာတော့ အလုပ်သမားသမဂ္ဂ နဲ့ ကော်ပိုရေးတစ် လှုပ်ရှားမှု ၊ အဖွဲ့အစည်းအခြေခံလှုပ်ရှားမှုတွေဖြစ်တဲ့ အကျိုးအမြစ်မယူတဲ့ အဖွဲ့အစည်းတွေ ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှု ၊ တခြားသော လူမှုရေးလှုပ်ရှားမှုအသစ်တွေဖြစ်တဲ့ လူမှုအသိုင်းအ၀ိုင်းအခြေပြုလှုပ်ရှားမှုတွေ လိုလူမှုရေးဆိုင်ရာ လှုပ်ရှားမှုပေါင်း များစွာ ဟာ ခေတ်ပြိုင်ကမ္ဘာလောကကြီးထဲကမှာ သိမ်းသွင်းထိန်းချုပ်မှု တဖြည်းဖြည်းတိုးပြီး စိန်ခေါ်လာ တဲ့ အခန်ကဏ္ဍတွေပဲ ။ ဒီလှုပ်ရှားမှုတွေဟာ အောက်ခြေလူတန်းစားတွေရဲ့ နိုင်ငံရေးအသံ ကို ဆက်လက်ဖွံ့ဖြိုးလာဖို့ သာမကဘူး သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် အုပ်ချုပ်နိုင်တဲ့ စွမ်းရည် အတွက်ပါ မရှိမဖြစ်အရာ တွေပဲ ။ ဒီလို လမ်းကြောင်းထဲမှာ ဂရမ်ချီရဲ့ သိမ်းသွင်းထိန်းချုပမှုအပေါ် ရှင်းပြချက်ဟာ သီအိုရီတစ်ရပ်လို အလုပ်လုပ်နိုင်စွမ်းရှိတယ် ။ အရပ်ဘက်လူ့အဖွဲ့ အစည်းအတွင်းကနေ သိမ်းသွင်းထိန်းချုပ်မှုအပေါ် စိန်ခေါ်နေတဲ့ အောက်ခြေလူတန်းစားအုပ်စုတွေဟာ နိုင်ငံရေးလူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပေါင်းစပ် ပါဝင်နေတယ် ။ သူတို့ ကိုယ်တိုင်က လည်း သိမ်းသွင်း ထိန်းချုပ်မှုပုံစံတစ်ရပ်အနေနဲ့ သူ့ဘာသာသူပြန်လည်ရည်ညွန်းနိုင်တယ်။ အကြောင်းက အရပ်ဘက်လူ့အဖွဲ့အစည်းအတွင်း အောက်ခြေလူတန်းစားတွေရဲ့လူမှုရေးလှုပ်ရှားမှုမျိုးစုံက အော်ဂင်းနစ်ပညာတတ်တွေရဲ့လည်ပတ်အလုပ်အလုပ်နိုင်ဖို့ အတွက် လည်း ဖွင့်ပေးထားပြီး နိုင်ငံရေး နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းရဲ့ အတွင်းသဏ္ဍာန်မှာ အရေးပါတဲ့ သိမ်းသွင်း ထိန်းချုပ်တဲ့ ယန္တာရားတွေကို ချည်းကပ် နိုင်စွမ်းရှိတယ်။ ၁၉၈၉ အရှေ့ဥရောပနိုင်ငံတွေ တဖြည်းဖြည်းပြိုကွဲသွားပုံနဲ့ ၁၉၉၁ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပုံ တွေကနေ သာဓက ပြနေတာက ဘယ်လို အုပ်ချုပ်ရေးပုံစံမဆို လွတ်လပ်မှု နဲနဲ ၊ အတင်းအဓမ္မဖိအားပေးမှုများများ အပေါ် အခြေခံထားတဲ့ အုပ်ချုပ်ပုံစံမှန်မျှသမျှ ၊ ခေါင်းဆောင်မှုနဲ့ သိမ်းသွင်းထိန်းချုပ်မှုကို အခြေခံတဲ့ ဂရမ်ချီရဲ့ သိမ်းသွင်း ထိန်းချုပ်မှု ဆန့်ကျင်ဘက်ပဲ လို့ဆိုရမယ် ။ အရပ်ဘက်လူ့အဖွဲ့အစည်းကို ဖိနှိပ်ထားတဲ့ နိုင်ငံတော် တစ်ရပ် အဖြစ်လည်း အဲဒီလို နိုင်ငံတော်မျိုးကို မြင်ကြည့်လို့ရတယ် ။ ဒီလို နိုင်ငံတော်မျိုးဟာ ကိုယ်ဘာသာကိုယ် ရပ်တည်နိုင်စွမ်းရှိတဲ့ သိမ်းသွင်း ထိန်းချုပ်မှုတွေ ချို့တဲ့နေတာမျိုးသာလျင်ဖြစ်တယ်။
အမြဲမပြတ်တော်လှန်ရေး ( permenant revolution )
ဂရမ်ချီရဲ့ သိမ်းသွင်းထိန်းချုပ်မှု ယူဆချက်ကို သူရဲ့ ဝေဖန်စမ်းစစ်မှုအယူအဆတစ်ခုဖြစ်တဲ့ အမြဲ မပြတ် တော်လှန်ရေး ကနေ လည်း စမ်းစစ်ကြည့်နိုင်တယ်။ အမြဲမပြတ်တော်လှန်ရေးအယူဆက သူ့ရဲ့ စီးပွားရေးပြဌာန်းမှု ၀ါဒ ( economism 0r economic determinism ) အပေါ် ဝေဖန်ချက်တွေနဲ့လည်း နီးနီးကပ်ကပ် ဆက်နွယ်နေတယ်။ သိမ်းသွင်းထိန်းချုပ်မှု သီအိုရီကနေ ကြည့်လိုက်ရင် စီးပွားရေး ပြဌာန်းမှုဝါဒက သိပ္ပံနည်းကျမရှိတဲ့ ကြိုတင်အခြေအနေတွေကို ယူဆပြီး မှားယွင်းတဲ့ ယူဆချက်တွေကို ချမှတ် တယ်။ ဥပမာ အရင်းရှင်းစနစ်အကြပ်အတည်း ကို မျဉ်းဖြောင်အတိုင်းအမြင်နဲ့ ရိုးရိုးရှင်းရှင်းကြီး ရှုမြင်လိုကတာ ၊ အရင်းရှင်စနစ်ဟာ အလိုလို ပြိုကျသွားလိမ့်မယ်လို့ မြင်တာ ၊ ကပ်ဆိုးတွေ အလိုလိုရောက်လာပြီး ဖြေရှင်းနိုင်ခြင်းလည်း မရှိလို့ မြင်တာ တွေကို လုပ်ကြတယ်။ ဒီလို ရုပ်ကြမ်းမာ့က်စ် ၀ါဒီတွေမြင်တဲ့ စီးပွားရေးပြဌာန်းမှုအမြင်တွေက အဆောက်အအုံနဲ့ အပေါ် ထပ်ဆောက်အအုံတုံကြားက အရေးပါတဲ့ ဆက်စပ်မှုတွေကို အသိအမှတ်မပြုပေးနိုင်တော့ဘူး ။ လူမှုရေးဆိုင်ရာ အစီအစဉ်တွေကို သမိုင်းဆိုင်ရာအုပ်စုတွေအဖြစ် နားလည်ဖို့ရာ မတတ်နိုင်တော့ဘူး ဖြစ်သွားတယ် ။ စီးပွားရေးပြဌာန်းမှုဝါဒီတွေစာ နိုင်ငံရေးဆိုင်ရာဖြစ်စဉ်နဲ့ အသင်းအပင်းအဖွဲ့အစည်းအခြေခံဘ၀တွေရဲ့ ရှုပ်ထွေးနဲ့ ဒိုင်းနမတ်ဆန်ဆန် အမြင်တွေကို ဆုပ်ကိုင်နိုင်ဖို့ ပျက်ကွက်တယ် ။ ဒိလိုပဲ အပေါ်ထပ်အဆောက်အအုံ အထင်ကရ အလုပ်လုပ်နိုင်စွမ်း ၀ါ အထူးသဖြင့် နိုင်ငံရေးမှာ အိုင်ဒီယိုလိုဂျီတွေရဲ့တတ်ကြွ အလုပ်လုပ်ပုံတွေကို လည်း မဆုပ်ကိုင်မိ တော့ဘူး ။ နိုင်ငံတော်ရဲ့အရေးပါမှုကိုလည်း ထည့်မတွက်တော့ဘူး။ နိုင်ငံတော် ဆိုတာ အတင်းအဓမ္မဖိအားပေးမှုတွေ ကို ဒိုင်းသဖွယ်အကာအကွယ်ပေးထားတဲ့သိမ်းသွင်းထိန်းချုပ်မှု တစ်ခု သာလျင်ဖြစ်တယ် ဆိုတာကို ထည့်မတွက်နိုင် တော့တာ ။ ဂရမ်ချီရဲ့ အမြင်တွေက စီးပွားရေးပြဌာန်းမှုဝါဒရဲ့ အဖျက်သဘောဆောင်တဲ့ လွှမ်းမိုးမှုတွေကို ကောင်းကောင်း ဝေဖန်စမ်းစစ်ပြနိုင်တယ် ။ ရုပ်ကြမ်းမာ့က်စ်ဝါဒမှာ အိုင်ဒီယိုလိုဂျီရဲ့ အရှိတရား နဲ့ သီအိုရီအခြေခံအမြင်တွေ ကင်းမဲ့မှု ကြောင့် အသိပညာဆိုင်ရာနဲ့ ယဉ်ကျေးမှုဆိုင်ရာ စွမ်းရည်တွေ ဆုံးရှုံးသွားရတယ်လို့ ဂရမ်ချီက ရှုမြင်တယ်။ ဒါကြောင့် စီးပွားရေးပြဌာန်းမှု ၀ါဒကို သီအိုရီအရတိုက်ထုတ်ပြစ်ရမှာ ဖြစ်သလို ၊ လက်တွေနိုင်ငံရေးထဲကနေ လည်းမောင်းထုတ် ပြစ် ရမယ် ။ အဲဒီလို တိုက်ထုတ်ဖို့ တိုက်ပွဲ အတွက် အဓိကလုပ်ရမှာက သိမ်းသွင်းထိန်းချုပ်မှု အယူအဆဖွံ့ဖြိုးလာအောင် လုပ်ဖို့ပဲ လို့ ဂရမ်ချီက ခံယူခဲ့တာ ။ ဒါကြောင့် သိမ်းသွင်းထိန်းချုပ်မှုကို အသေးစိတ် ရှုမြင်ရရင် သိမ်းသွင်းထိန်းချုပ် မှု ဟာ စီးပွားရေး ပြဌာန်းမှု ကိုတိုက်ထုတ်ဖို့ရာ အယူအဆတစ်ခုဖြစ်တဲ့အတွက် အဲဒီ စီးပွားရေးပြဌာန်းမှု ၀ါဒနဲ့ ဆက်စပ် နေတယ် ။ နိုင်ငံတော် အယူအဆနဲ့ လည်း ဆက်စပ်နေတယ် ။ ဒါ့အမြင် စီးပွားရေပြဌာန်းမှုဝါဒကို အခြေခံ တည်ဆောက် ထားတဲ့ အမြဲမပြတ်တော်လှန်ရေး အယူအဆအပေါ် ဝေဖန်မှု ပုံစံတစ်မျိုးလည်း ဖြစ်တယ်။ ဂရမ်ချီက သိမ်းသွင်းထိန်းချုပ်မှု အယူအဆကနေ အမြဲမပြတ်တော်လှန်ရေကို ဝေဖန်စစ်ကြောခဲ့တယ်။ ဒီ ဝေဖန်ဟာ သိမ်းသွင်းထိန်းချုပ်မှု အယူအဆကို လက်တွေ့ အသုံးချတာ ၊ ပိုမိုဆန်းသစ်အောင်ပြုလုပ်တာမျိုးပဲ ။ သူ့ရဲ့ ဝေဖန်ချက်တွေက အမြဲမပြတ်တော်လှန်ရေးဆင်နွဲမယ့် လူမှုရေးနဲ့သမိုင်းဆိုင်ရာ အချက်အလက်တွေကို စိစစ်ပြခြင်းပဲ ၊ အမြဲမပြတ်တော်လှန်ရေးကို နိုင်ငံရေးအစွန်အဖျားနေရာတွေကတန တစ်ဖြည်းဖြည်းစတင်ပြီး အာဏာကို အဓိကျကတဲ့ မြို့ကြီးတွေကနေ လုံးဝ ထိန်းချုပ် ထားတာ နောက်ပြန်သွားစေတယ် လို့ ဂရမ်ချီက မြင်တယ် ။ ဂရမ်ချီက နိုင်ငံတော် ရဲ့ လက်နက်ကိရိယာမှန်သမျှဟာ နှိုင်းရသဘောရှိရပြီး ပြုလွယ်ပြင်လွယ်ဖြစ်နေရမယ် လို့မြင်တယ်။ တစ်ဖက်မှာလည်း ယူဆချက်တော်တော်များများဟာ အသေဖြစ်မနေဘဲ မမြဲရွေ့လျားပြောင်းလဲနေတာ။ ဥပမာ အရပ်ဘက်လူ့ အဖွဲ့အစည်းဟာ နိုင်ငံတော်ရဲ့ လှုပ်ရှားဆောင်ရွက် မှုတွေကနေ ကင်းဝေးပြီး ပိုမိုကြီးမားတဲ့ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးမှု ရှိရမယ် ၊ စစ်တပ် အင်အားစုဟာ သီးသန့် စနစ်ပုံတစ်ရာ ဖြစ်ရမယ် ၊ ကမ္ဘာဈေးကွက်ရဲ့ စီးပွားရေးဆိုင်ရာ ဆက်သွယ်ချက်တွေကနေ ကင်းလွတ်ပြီး အမျိုးသား စီးပွားရေးဟာ ကိုယ့်ကိုယ်ကိုယ်ပိုင်စိုးမှု ဖြစ်လာ ရေးလို့မာ့က်စ်ဝါဒီတွေ ခံယူထားချက်တွေဟာ ၁၈၇၀ နောက်ပိုင်းမှာ မဖြစ်နိုင်တော့ဘူးလို့ ဂရမ်ချီက သုံးသပ်ပြလာတယ် ။ ဒီအချင်းအရာတွေဟာ သမိုင်းကာလတစ်ခုမှာ မျှော်လင့်တောင့်တလို့ရနိုင်ပေမယ့် သမိုင်းဆိုင်ရာ ပြောင်းလဲမှုအတွင်းမှာ လိုက်ပါ ပြောင်းလဲ ပြစ်ရမယ့် အရာတွေဖြစ်လာခဲ့တယ်။ ၁၈၇၀နောက်ပိုင်းမှာ ဒီအချင်းအရာတွေ အားလုံးပြောင်းလဲ သွားတယ်။ နိုင်ငံတော်ရဲ့ အတွင်းပိုင်းက အဖွဲ့အစည်းတွေ နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဆက်သွယ်ချက်ဟာ ပိုပြီး ရှုပ်ထွေးကြီးမားလာတယ် ။ ယခင်မာ့က်စ်ဝါဒီတွေ ဖော်မြူလာချထားခဲ့တဲ့ အမြဲ မပြတ်တော်လှန်ရေးဆိုတာလောက်နဲ့ မဖြစ် တော့ပဲ ၊ ပိုချဲ့ထွင်ဖို့ လိုအပ်လာတယ်။ ဒါကို ဂရမ်ချီက နိုင်ငံသားအခြေခံသိမ်းသွင်းထိန်းချုပ်မှု အဖြစ်ထည့်ဝင် ခဲ့တာ။ ခေတ်သစ် ဒီမိုကရေစီရဲ့ ကြီးမားတဲ့ အဆောက်အအုံတွေထဲမှာ နိုင်ငံတော်ရဲ့ အဖွဲ့အစည်းတွေ ၊ အရပ်ဘက် အဖွဲပအစည်းအတွင်းက ရှုပ်ထွေးများပြားတဲ့ အသင်းအပင်းအဖွဲ့အစည်းတွေ ပါပပါ ၀င်တယ် ။ ဒီလို အဆက်အစပ်အတွင်းမှာ ဂရမ်ချီက နိုင်ငံတော် အယူအဆကို ရှင်းပြသင့်တယ် လို့ မြင်တယ်။ သူ့ရဲ့ ထောင် အတွင်းက ပေးစာတစ်စောင်မှာ နိုင်ငံတော် ဆိုတာ ကိုများသောအားဖြင့် နိင်ငံရေးလူ့အဖွဲ့အစည်း ၀ါ အာဏာရှင် ဒါမှမဟုတ် လူထုကို သူ့ရဲ့ ထုတ်လုပ်မှုပုံစံ ၊ စီးပွားရေးပုံစံတွေနဲ့ အညီ ပုံသွင်းဖို့ရာ အတင်းအဓမ္မဖိအားပေးတဲ့ လက်နက် ကိရိယာတစ်ခု အဖြစ်မြင်ကြလေ့ရှိတယ်။ ဒီအမြင်နဲ့ ဖြစ်တည်မှုဟာ နိုင်ငံရေးလူအဖွဲ့အစည်းနဲ့ အရပ်ဘက်လူ့အဖွဲ့ စည်း ကြားထဲမှာ ဟန်ချက်ညီမဖြစ်စေဘူး ။ အရပ်ဘက် လူ့အဖွဲ့အစည်းဆိုတာ သူတို့ရဲ့ ပုဂ္ဂလိကအဖွဲ့အစည်းဖြစ်တဲ့ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းတွေ ၊ သမဂ္ဂတွေ ၊ ကျောင်းတွေ ကနေ တစ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာ အထိ လူမှုရေးဆိုင်ရာ အုပ်စုတွေအပေါ်ကို သိမ်းသွင်းထိန်းချုပ်မှု လုပ်ထားတာ ။ သူက နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဟန်ချက် ညီ အလုပ်လုပ်နိုင်တဲ့ အရာမျိုးပဲ ။ ဂရမ်ချီက အကျဉ်းထောင်မှတ်စုများနဲ့ စပ်လျဉ်းတဲ့ ပေးစာတစ်စောင်မှာ ဒီလို အရပ်ဘက် လူ့အဖွဲ့အစည်းနဲ့ အသိကို ပြန်ညွန်းသလို ၊ အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ နိုင်ငံရေးလူ့အဖွဲ့အစည်း ဟန်ချက်ညီ ရှိရမယ်လို့ လည်း ဆိုတယ် ။ ဒါမှသာလျင် အတင်းအဓမ္မဖိအားပေးခြင်းဆိုတာကို သိမ်းသွင်းထိန်းချုပ်မှုနဲ့ အစားထိုး အကာအကွယ် ပေးနိုင်မှာ ဖြစ်တယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းဆိုတာကို ဟန်ချက်ညီထားရှိခြင်းအားဖြင့် ဂရမ်ချီက နိုင်ငံတော်နဲ့ ပတ်သတ်တဲ့ အသိကို ချဲ့ထွင်ဖို့ကြိုးစားပေးတာလို့လည်း မြင်နိုင်တယ်။ ဂရမ်ချီက နိုင်ငံတော်အယူဆကို ချဲ့ထွင်ဆန်းသစ်တီထွင်လိုက်တာ ။ ပထမဆုံး နိုင်ငံတော်ကို အတင်းအဓမ္မဖိ အားပေးတတ်တဲ့ ကိရိယာတစ်ခု မဖြစ်သင့်ဘူး ၊ နိုင်ငံတော်ဆိုတာ လူမှုရေးအုပ်စုတွေရဲ့ နိုင်ငံရေး ၊ ကိုယ်ကျင့်တရား ၊ အသိပညာဆိုင်ရာ အရှုပ်အထွေးရဲ့ ခေါင်းဆောင်မှု တစ်ရပ်အနေနဲ့ မြင်ကြည့်တယ် ။ နိုင်ငံရေးလူ့အဖွဲ့အစည်းဆိုတာကို အစိုးရတစ်ရပ်အနေနဲ့ ရှုမြင်နားလည်ထားခြင်းဟာ ကျဉ်းမြောင်းတဲ့ အမြင်တစ်ရပ်ဖြစ်တယ်။ နိုင်ငံတော်ဆိုတာကိုလည်း ဖိအားပေးလုပ်ဆောင်တတ်တဲ့ ရှုထောင့်ကနေသာလျင်ဖွင့်ဆိုထားရာရောက်တယ်။ တစ်ဖက်မှာ အရပ်ဘက်လူ့အဖွဲ့အစည်း က နိုင်ငံတော်ကိုချဲ့ထွင်ပြီး နိုင်ငံတော်ရဲ့သဘာဝကို ခေါင်းဆောင်မှုနဲ့သဘောတူညီမှုနှစ်ခုအဖြစ်ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ပေးနေတာကို မြင်ကြည့်ဖို့လိုတယ် ။ ဂရမ်ချီက နိုင်ငံတော်ဆိုတာ သီအိုရီအရရော လက်တွေ့အရပါ ရှုပ်ထွေး များပြားတဲ့ အချင်းအရာတွေကို လုပ်ဆောင်ပေးတယ် ၊ အုပ်စိုးသူလူထန်းစားဟာ သူတို့ရဲ့လွမ်းမိုးနိုင်မှုကို တရားမျှတ ကြောင်းရှာဖွေပေးရပြီး ထိန်းသိမ်းထားရုံသာမကဘူး ၊ သူတိုအုပ်စိုးမှုပေါ်မှာ သဘောတူညီမှုတွေ တတ်တတ်ကြွကြွ ထွက်ပေါ်လာအောင် လပ်ဆောင်ပေးရတဲ့ အရာ ဖြစ်တယ် ဆိုတဲ့ အမြင်ကို ထုတ်ဖော်တယ်။ နိုင်ငံတော်နဲ့ အရပ်ဘက် လူ့အဖွဲပအစည်းတို့ ပေါင်းဖက်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ ဖိအားပေးဆောင်ရွက်မှု သဘော နောက်ဆုတ်သွားရုံသာမက၊ စည်းမျဉ်းစည်းကမ်းအခြေခံအတွင်းကလည်းပတ် တဲ့ လူ့အဖွဲ့အစည်းဖြစ်လာတယ်။ ဂရမ်ချီအတွက် နိုင်ငံတော်ကို အထက်ပါ အတိုင်းဖွင့်ဆိုပြဖို့ဆိုတာ သိမ်းသွင်းထိန်းချုပ်မှု မရှိဘဲနဲ့ မရဘူး။ ဒါဟာ သိမ်းသွင်းထိန်းချုပ်မှုဆိုတာကို နိုင်ငံတော်ဘက်ကနေ ပြန်လည် ရှင်းပြနေရာလည်း ရောက်တယ်။ ဂရမ်ချီရဲ့ အထက်ပါလုပ်ဆောင်းချက်က တကယ်တော့ မာ့က်စ်ရဲ့ အသိပညာဆိုင်ရာ မူလအရင်းအမြစ်ကို ပြန်လည် ထိန်းသိမ်းပေးရုံသာမကဘူး ၊ ဖက်ဆက်ဝါဒ ထွက်ပေါ်စေလောက်အောင် စွမ်းအင်တစ်ရပ်ရှိနေတဲ့ နိုင်ငံတော် အပေါ်ကို လစ်ဘရယ်တွေရဲ့ ရှုမြင်ပုံ အပေါ်ကို ပါ ဝေဖန်တယ် ။ နောက် တတိယကြိမ် နိုင်ငံတကာကွန်မြူနစ်တွေ ထောက်ခံ အဆိုပြုလိုက်တဲ့ နိုင်ငံတော်ယူဆချက်ရဲ့ မြုံနေ တဲ့သဘောကို ပါ ထောက်ပြဝေဖန်ရာလည်း ရောက်တယ် ။ ဂရမ်ချီရဲ့သိမ်းသွင်းထိန်းချုပ်မှုကို အသေးစိတ် ရှင်း ပြပုံ တွေကို ကြည့်လိုက်ရင်
၁။ မာ့က်စ်ရဲ့ Preface to Contribution to the Critique of Political Economy ကိုဆန်းသစ်တီထွင်အနက်ပြန် ဖွင့် ဆို ပြတယ် ။
၂။ လူမှုရေးအစီအစဉ် ၊ သမိုင်းဆိုင်ရာ အုပ်စု တွေမှာ သိမ်းသွင်းထိန်းချုပ်မှု အရေးပါပုံကို ချိတ်ဆက်ပြတယ်။
၃။ ဒါတင်မကဘူး အောက်ခြေလူတန်းစားနဲ့ သူတို့ရဲ့ ဆက်သွယ်ချက်တွေဟာ သိမ်းသါင်းထိန်းချုပ်မှုကို စိန်ခေါ်ဖို့ ၊ ရုန်းကန် တိုက်ပွဲဝင်ဖို့ ဆိုတဲ့အတွေးအခေါ်ကိုလည်းတွေ့ရမယ် ။
အရပ်ဖက်လူ့အဖွဲ့အစည်း
ဂရမ်ချီရဲ့ အရပ်လူ့အဖွဲ့အစည်း အပေါ်အမြင်ဟာ သူ့ရဲ့သိမ်းသွင်းထိန်းချုပ်မှု အယူအဆကိုနားလည်း အောင် ရှင်းပြနိုင်တဲ့ အမြင်တစ်ရပ်ပဲ ။ အရပ်ဘက်လူ့အဖွဲ့အစည်းဆိုတာ ဘုရားကျောင်း ၊ ကျောင်း ၊ သမဂ္ဂ ၊ အသင်းအပင်းတွေ ပါဝင်ပြီး လည်ပတ်လုပ်လုပ်နေတဲ့ နယ်ပယ်တစ်ခုပဲ ။ အဲဒီနယ်ပယ်မှာ သိမ်းသွင်းထိန်းချုပ်မှုက ၀င်ရောက် အလုပ်လုပ်တယ် ။ ဆိုလိုတာ လွှမ်းမိုးထိန်းချုပ်မှု နဲ့ခေါင်းဆောင်မှု ၊ လက်အောက်ခံဖြစ်ခြင်း နဲ့သဘောတူညီမှုတွေ ကြားထဲမှာ သိမ်းသွင်းထိန်းချုပ်မှု ထွက်ပေါ်လည်ပတ်လာတယ် ။ နိုင်ငံရေးဆိုင်ရာလူ့အဖွဲ့အစည်းကို ဟန်ချက်ညီ စုပ်ယူ ပြောင်းလဲပေးတယ်။ တပြိုင်နက်တည်းမှာပဲ အနာဂတ် စည်းမျဉ်းစည်းကမ်း အခြေခံလူ့အဖွဲ့အစည်း အတွက် အချင်းအရာ တွေထုတ်လုပ်ပေးတဲ့ နေရာတစ်ခုလည်း ဖြစ်လာတယ် ။ စီးပွားရေးညီမျှမှုကို အခြေခံတဲ့ နိုင်ငံရေးညီမျှမှု ဖြစ်ပေါ်လာ အောင် စည်းမျဉ်းစည်းကမ်းအခြေခံလူ့အဖွဲ့အစည်း က အလုပ်လုပ်ပေးတာ ။ အဲဒီလို သိမ်းသွင်းထိန်းချုပ်မှုတွေ လုပ်ပေးတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းအတွင်းမှာ တစ်သီးပုဂ္ဂလလူသာဟာ နိုင်ငံရေးလူ့အဖွဲ့အစည်းထဲကို ၀င်ရောက် ပဋီပက္ခဖြစ်စရာ မလိုဘဲနဲ့ သူ့ကိုယ်သူ စိုးမိုးနိုင်တယ် ။ တစ်သီးပုဂ္ဂလလူသားနဲ့ အုပ်စုတွေစာ သိမ်းသွင်းထိန်းချုပ်မှုကို သာမန်အခြေအနေအတွင်းဆက်လက်ရှင်းသန်နေစေတယ်။ ဂရမ်ချီကသိမ်းသွင်းထိန်းချုပ်မှုနဲ့ နိုင်ငံတော် အယူဆကို ဆန်းသစ်ရင်း အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ ပတ်သတ်တဲ့ အမြင်တစ်ရပ်ကိုပါ တွဲဖက်လိုက်တာမျိုး ဖြစ်တယ် ။
မင်းခက်ရဲ

ဟာသပေါင်းချုပ် (၁၂-၇)

$
0
0
အမျိုးသမီးတစ်ဦးဟာ တကိုယ်လုံး အညိုအမဲစွဲပြီး ဆရာဝန်ဆီရောက်လာပါတယ် ။
ဆရာဝန် ။ ဘာဖြစ်တာလဲ
အမျိုးသမီး ။ကျမကို ကယ်ပါအုန်း ဆရာရယ် ။ ကျမယောက်ျား ခုတလော အလုပ်ကအိမ်ပြန်လာတိုင်း သောက်သောက်လာပါတယ် ။ အိမ်ရောက်ရင်လဲ ကျမကို ရိုက်ပါတယ် ။
ဆရာဝန် ။ အဲ့အတွက်မပူနဲ့ ဆေးရှိတယ် ။ ခများယောက်ျား အိမ်ကိုမူးပြီးပြန်လာတဲ့ အချိန်ဆို လက်ဖက်ရည်တစ်ခွက်ဖျော်ပြီး ပါးစပ်ထဲငုံထားပါ ။ မမျိုချရဘူးနော် ငုံပဲငုံထားရမှာ ။

၂ ပတ်ကြာပြီးနောက် ထိုအမျိုးသမီးသည် ပျော်ရွှင်စွာဖြင့် ဆရာဝန်ဆီပြန်လာသည် ။
အမျိုးသမီး ။ ဆရာပေးတဲ့အတိုင်းလုပ်တာအတော်ကောင်းတာပဲ ။ ဆရာပြောသလို သူမူးပြီးပြန်လာတဲ့အချိန် လက်ဖက်ရည်ကိုငုံ ငုံထားတာ ကျမကို လုံးဝမရိုက်ရဲတော့တဲ့အပြင် ခုဆို အရက်ပါပြတ်ပြီး အရင်လို ပုံမှန်ပြန်ဖြစ်သွားပြီ ကျေးဇူးပဲဆရာ
ဆရာဝန် ။ ရပါတယ်ဗျာ ခုတွေ့ပြီမလား ခများ ပါးစပ်ကိုပိတ်ထားတာ ဘယ်လောက် အကျိုးကျေးဇူးများသလဲဆိုတာ

credit:FB

"ကျွန်တော့ကို လစာတိုးပေးသင့်နေပြီဘော့စ်၊ကျွန်တော့ကို နောက်ထပ် ကုမ္ပဏီသုံးခုကတောင် လိုက်ချဉ်းကပ်နေပြီ"လို့ဝန်ထမ်းတစ်ယောက်က သူ့ရဲ့ အလုပ်ရှင်ကိုသူ့ကိုလစာတိုးပေးဖို့လာပြောပါတယ်။
သူ့အလုပ်သမားကို တခြားကုမ္ပဏီကနေ ပိုက်ဆံပိုပေးပြီး ခေါ်ဖို့ပြင်နေ တယ်လို့ ထင်သွားတဲ့ အလုပ်ရှင်က "ဒီလိုဆိုတော့ မင်းနောက်ကို ဘယ် ကုမ္ပဏီတွေကများ လိုက်ချဉ်းကပ်နေတာလဲ"လို့မေးတော့ သူပြန် ဖြေ တာက
"လျှပ်စစ်မီး၊ တယ်လီဖုန်း ပြောခတွေ ဆောင်ပေးတဲ့ ကုမ္ပဏီနဲ့ ဂက်စ်
ကုမ္ပဏီတွေပါ။ သူတို့ကို ကျွန်တော်ပိုက်ဆံ မရှင်းရသေးဘူး"တဲ့။

Credit-ရတနာထွန်း

မြန်မာနိုင်ငံမှာပြုလုပ်တဲ့ Miss Universe Final round ဖြစ်ပါတယ်၊
နောက်ဆုံးဇကာတင်ရွေးထားတဲ့(၃)ယောက်ဖြစ်တဲ့
Miss USA, Miss Malaysia and Miss Myanmar တို့ကို မေးခွန်း(၃)ခု စီမေးမယ့်အစီအစဉ် ပဲဖြစ်ပါတယ်
တင်ဆက်သူ ။ ။ ပထမမေးခွန်းကတော့ အင်္ဂလိပ်အက္ခရာ "L"နဲ့စတဲ့ လျှပ်စစ်ပစ္စည်းတစ်မျိုးရဲ့အမည်ကိုပြောရမှာဖြစ်ပါတယ်
Miss USA။ ။ Lamp
Miss Malaysia။ ။ Light bulb
Miss Myanmar။ ။ LAY DIO
ဒိုင်လူကြီး ။ ။ အိုး..နိုး.. Radio က letter "L"နဲ့မစဘူးလေ
တင်ဆက်သူ။ ။ ဒုတိယမေးခွန်းကတော့ letter "L"နဲ့စတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့အမည်ကိုပြောရမှာဖြစ်ပါတယ်
Miss USA ။ ။ Lion
Miss Malaysia ။ ။ Leopard
Miss Myanmar ။ ။ LABBIT
ဒိုင်လူကြီး ။ ။ အိုး..နိုး.. Rabbit က letter "L"နဲ့မစဘူးလေကွယ်
တင်ဆက်သူ ။ ။ အခုမေးမဲ့ နောက်ဆုံးမေးခွန်းကတော့ letter "L"နဲ့စတဲ့ အသီးတစ်မျိုးရဲ့ အမည်ကိုပြောရမှာဖြစ်ပါတယ်
Miss USA ။ ။ Lemon
Miss Malaysia။ ။ Lychee
Miss Myanmar, (ယုံကြည်မှုအပြည်နှင့်ပြောလိုက်သည်) : LAIN MAW
ဒိုင်လူကြီး ။ ။ ( အိုး.မိုင်ဂေါ့ )
ဒိုင်လူကြီးတွေနဲ့အကဲဖြတ်အဖွဲတွေဟာ Miss Myanmar ကို
အရည်အချင်းမပြည့်မှီဘူးလို့ သတ်မှတ်သင့်သလားဆိုတဲ့မေးခွန်းကို
အပြန်အလှန်တိုင်ပင်နေကြပြီး၊မြန်မာနိုင်ငံမှာကျင်းပခြင်းဖြစ်နေတာကတစ်ကြောင်း၊
Miss Myanmar လေးအားလည်း အရှက်တကွဲ အကျိုးနည်းမဖြစ်စေချင်သည်ကတစ်ကြောင်း ၊
Miss Myanmar လေးမှာ letter "L"နှင့်ပတ်သက်ပြီး ပြသနာများစွာရင်ဆိုင်နေရသည်ကတစကြောင်းတို့ကြောင့် ၊
နောက်ထပ်အခွင့်အရေးတစ်ခုပေးရန် ဆုံးဖြတ်လိုက်ကြသည်။
တင်ဆက်သူ ။ ။ OK, အခုနောက်ဆုံးမေးခွန်းကတော့ လူမှာ letter "L"နဲ့စတဲ့ လူခန္ဒာကိုယ်အစိတ်အပိုင်းတစ်ခုရဲ့အမည်ကိုပြောပြပါ။
Miss USA ။ ။ Lung (လက်ခုပ်သံများ)
Miss Malaysia ။ ။ Liver (ပိုများသောလက်ခုပ်သံများ)
Miss Myanmar ။ ။ xxxxx (ဆင်ဆာဖြတ်ခံလိုက်ရလေသတည်း…)
Credit- Mg zero


"အာဒံနဲ့ ဧ၀သာ တရုတ်ဖြစ်ခဲ့ရင် ငါတို့တွေ ကောင်းကင်ဘုံ ရောက်နေကြမယ် ထင်တယ်နော်"
"ဘာဖြစ်လို့လဲ"
"သူတို့သာ တရုတ်ဖြစ်ခဲ့ရင် ပန်းသီးကို မစားဘဲ မြွေကိုပဲ စားလိုက်မှာလေ"
Credit-အီဒီယက်

တစ်ခါက ခင်ပွန်းသည် ခရီးသွားတာကြာလို့ ( ယောက္ခမနဲ့ဇနီး)သားအမိနှစ်ယောက် ဗေဒင်သွားမေးကြပါတယ်။ဗေဒင်ဆရာက တွက်ချက်ကြည့်ပြီးနောက်မှာ ယနေ့ကစလို့ တစ်လတိတိကြာတဲ့နေ့မှာ နင့်ယောက်ျားပြန်လာလိမ့်မယ် ဆိုပြီး ဟောလိုက်ပါတယ်။ဥာဏ်ပူဇော်ခပေးပြီး သားအမိနှစ်ယောက်ပြန်လာကြတော့ လမ်းမှာ သမီးဖြစ်သူက မအေကိုပြောလိုက်ပါတယ်။
''အမေရယ်၊ သမီးတင်ပါးတွေ လှုပ်လိုက်တာ၊ယောက်ျားများ ဒီနေ့ပြန်ရောက်မလား မသိဘူး''
''ဗေဒင်ဆရာ ဟောလိုက်တာတော့ တစ်လပြည့်မှ ပြန်ရောက်မယ်တဲ့။ ညည်းဘာသာ သွေးသားကြောင့် လှုပ်တာနေမှာပေါ့''
နေအိမ်ပြန်ရောက်တော့ အိမ်ဝမှာ သူမရဲ့ယောက်ျားကို ဘွားဘွားကြီးတွေ့လိုက်ရပါလေရော။
''ကဲ အမေ၊ လမ်းမှာ ကျွန်မ မပြောဘူးလား။ တင်ပါးတွေ လှုပ်ပါတယ်လို့''
''အေးဟယ်၊ ဗေဒင်ဆရာဟောတဲ့ပါးစပ်က ငါ့သမီးတင်ပါးလောက်တောင် မမှန်ပါလားတော်''
Credit -itmintar
Viewing all 1608 articles
Browse latest View live